ရခိုင်ပြည် တောင်ကုတ်မြို့ စကခ(၅)တပ်ဝန်းထဲမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AA တို့ မျက်နှာချင်းဆိုင် တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။
AA ရဲ့ထိုးစစ်ဟာ တောင်ကုတ်မြို့အဝင်က စကခ(၅) တပ်ဝန်းဧရိယာကို ထိုးဖောက်ဝင်ရောက်ပြီး မျက်နှာချင်းဆိုင်အနေအထားနဲ့ အနီးကပ်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
“မနေ့ညကတည်းက ဒီကနေ့မနက်ထိ အနီးကပ်တိုက်ပွဲဖြစ်နေတယ်၊ AA က အထဲထိထိုးဖောက်သွားပြီး အလုံးအရင်းနဲ့ တိုက်နေတယ်။ စစ်ကောင်စီဘက်က လေယာဉ်လေးစီးကို တစ်ပြိုင် တည်း သုံးပြီး နေရာ အနှံ့ အကုန်ကြဲနေတယ်၊ အမ်းနဲ့ တောင်ကုတ် အသွားအပြန်လာကြဲနေတာပဲ” လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တောင်ကုတ် စကခ(၅) ဝန်းထဲမှာ ခြေလျင်တပ်တွေ ဖြစ်တဲ့ ခမရ (၃၄၆) နဲ့ ခမရ (၅၄၄) နဲ့ အတူ စစ်ကောင်စီစစ်ကူပို့ထားတဲ့ မွတ်ဆလင်စစ်မှုထမ်းလူငယ်တချို့ကိုလည်း အင်အားဖြည့်ထားတာဖြစ်ပါတယ်။
စကခ(၅) ဝန်းဟာ စစ်တွေ-သံတွဲကားလမ်းပိုင်းပေါ်မှာရှိပြီး တောင်ကုတ်မြို့ အနီး သုံးမိုင်ခန့်က စပြီး လမ်းတစ်ဖက်တချက်စီ မှာ အုတ်တံတိုင်းတွေနဲ့ ကာရံပြီး တောင်ကုတ်မြို့ ရဲ့ ထက်ဝက်ကျော်အထိ ဧရိယာ ယူထားပါတယ်။
“တပ်ဧရိယာက ဧက ဆယ်နဲ့ ချီကျယ်တယ်။ လေယာဉ်ကွင်းလည်းရှိတယ် ၊ အနောက်ဘက်မှာ တောအုပ်နဲ့ ဆက်နေတယ် တောင်ကုတ်မြို့ထက် တောင်ကျယ်ပါတယ် “ လို့ စကခ(၅) တပ်ဝန်းရဲ့ အခြေအနေကို ဒေသခံက ရှင်းပြပါတယ်။
စစ်ကောင်စီဟာ စကခ (၅) တပ်ဝန်းထဲက လေယဉ်ကွင်းကို အသုံးပြုပြီး စကခ(၅) မကျရေးအတွက် ရိက္ခာနဲ့ လက်နက်တွေလည်း ထောက်ပံ့ထားပါတယ်။ တောင်ကုတ်စကခ(၅) ကို အနီးကပ်ကွက်ကဲနေသူဟာ ဗိုလ်မှူးချုပ် ကောင်းမြတ်ဖြစ်ပြီး ခြေမြန်တပ်ရင်းနှစ်ရင်းနဲ့ ခုခံနေတာဖြစ်ပါတယ်။
အမ်းချောင်းသူ (လေးဝတီ FM )ရေးသည်။
Olá, post simples e eficaz sobre como funcionam as odds. tenho uma pergunta sobre autoexclusãoalguém sabe?
Hi there, serious question here about casino games? Stake
Falaaa. Testei por uns meses na baccarat online e e recomendo.