ရခိုင်ပြည် အနောက်ဖက် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဘူးသီးတောင်တိုက်ပွဲအတွင်းဖမ်းစီးရမိတဲ့ အထဲ က စစ်သုံ့ပန်း ၃၀၀ ကျော်ကို AA က ထပ်မံလွှတ်ပေးလိုက်ပါတယ်။
အခုလွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေဟာ ရခိုင်အနွယ် ဝင်တွေဖြစ်ကြတဲ့ ခမီလူမျိုး၊ မြိုလူမျိုး၊ သက်လူမျိုး နဲ့ ဒိုင်းနက်(သက္ကမလူမျိုး )တို့ ပါဝင်တယ်လို့ သိရပါတယ်။
” ၃၁၄ ထဲမှာ အဓိက ကတော့ ရခိုင်အနွယ်ဝင်တွေ ပါပဲ ၊ ရခိုင်ဒေသခံတွေ ပါပဲ ၊ သူတို့ရဲ့ နေအိမ်တွေက ရခိုင်မြောက်ပိုင်းမှာပဲ ရှိကြပါတယ်၊ သူတို့ မိသားစု တွေကို ခေါ်ပြီး အခန်းအနားနဲ့ လွှတ်ပေးတာပါ၊ ” လို့ AA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က လေး၀တီFM ကို ပြောပါတယ်။
အခုလွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေဟာ ၂၀၂၄ ခုနှစ် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲမှာ အလင်းဝင်လာသူများ ၊ လက်ရဖမ်းဆီးသူများ နဲ့ အတူ မိသားစုဝင်တွေ ပါဝင်ပါတယ်။
ဘူးသီးတောင်မြို့ စကခ ၁၅ နဲ့ ခမရ ၅၅၁ တို့မှာ ကာလကြာရှည်စွာ တာဝန်ကျခဲ့သူများနဲ့ ဒေသတွင်းက ရခိုင်မျိုးနွယ်စုတွေနဲ့ အိမ်ထောင်ကျ နေသူများ ဖြစ်တယ်လို့ သိရပါတယ်။ရခိုင်ပြည် သိမ်းတိုက်ပွဲ အတွင်းက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲမိသားစုဝင်တွေကို ၂၀၂၅ ခုနှစ် တစ်နှစ်ထဲမှာ လွှတ်ပေးခဲ့တာဟာ သုံးကြိမ်ရှိပြီဖြစ်ပြီး လူဦးရေ ၇၀၉ ယောက်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။
အဉ္စနလီညှင်း ၊ လေး၀တီFM
References:
Cherokee casino siloam springs youralareno.com
References:
Casino share tomb-riches-casino.online-spielhallen.de
References:
Online casino deutschland neue online casinos 2026
References:
L’auberge du lac baton rouge http://adhe.com.br/