အာရက္ခလွတ်မြောက်နယ်မြေ မှာ နိုင်ငံရေးသိပ္ပံကျောင်းဖွင့်လှစ်ထားပြီး အဲ့ဒီသင်တန်းကျောင်းကနေ အရာရှိ နှစ်ထောင်ကျော် သင်တန်းဆင်းပြီးဖြစ်တယ်လို့ ULA/AA နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။
Arakan School of Public Policy and Administration (ASPPA) အမည်ရတဲ့ အဲ့ဒီကျောင်းမှာ ရခိုင်ခေါင်းဆောင်တွေ ၊ တော်လှန်ရေးဘက်တော်သားတတ်သိပညာရှင်တွေ ၊ နိုင်ငံတကာ ပညာရှင်တွေ က ရခိုင်လူငယ်တွေကို သင်ကြားနေ
တာဖြစ်တယ်လို့ ဆိုပါတယ်။
သင်တန်းကျောင်းမှာ ဖက်ဒရယ်ရေးရာ၊ Academic Foundations၊ အင်္ဂလိပ်စာ ၊ ကွန်ပျူတာ၊ ပြည်သူ့ရေးရာ မူဝါဒ၊ စီမံအုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဉပဒေ၊ ခေါင်းဆောင်မှုနဲ့ စီမံခန့် ခွဲမှု ၊ နဲ့ အခြေခံစစ်ပညာ စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးထားတာလို့ ULA/AA ရဲ့ နိုင်ငံရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အခြေခံ စစ်ပညာသင်ကြားရပါတယ်။ ဒါပေမယ့် စစ်ဘက်ရေးရာနဲ့ မဆိုင်ပါဘူး ၊ ခေါင်းဆောင်မှုစွမ်းရည်ရှိတဲ့လူတွေပြီးတော့ ဌာနဆိုင်ရာမှာ အရာရှိဖြစ်လာမယ့်သူတွေ ကို မွေးထုတ်ပေးတာဖြစ်ပါတယ် အပတ်စဉ် တစ်ခု ကို နှစ်နှစ်ကြာပါတယ်” လို့ သူက ပြောပါတယ်။
အဲ့ဒီနိုင်ငံရေး သိပ္ပံကျောင်း က ဒီပလိုမာရရှိဖို့ နှစ်နှစ်ခန့်ကြာမြင့် တယ်လို့ဆိုပါတယ်။
အာရက္ခပြည်တည်ဆောက်ရေးလုပ်ငန်းတွေ အတွက် မဟာဗျူဟာ၊ နည်းဗျူ ဟာတွေနဲ့ ရေတို၊ ရေရှည်စီမံကိန်းတွေ စနစ်တကျ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။
“ကျောင်းက လူတိုင်းကို တက်ခွင့်တော့မပေးပါဘူး၊ လူ ပေါင်း ၄၀၀ လောက်လျှောက်ရင်တောင် ၂၀ လောက်ပဲတက်ခွင့်ရပါတယ်။ ကိုယ့်ဒေသက သွားတဲ့ လူငယ်တွေ က ကိုယ့်ဒေသမှာ အရာရှိအဖြစ်တာဝန်ယူနိုင်ဖို့ ဒီကျောင်း က သင်ကြားပေးပါတယ်၊ အခုဆိုရင် ပြည်သူ့ဆက်ဆံရေးနဲ့ အုပ်ချုပ်ရေးပိုင်း ကို ထပ်တိုးလိုက်ပါတယ်” လို့ သင်တန်း နဲ့ ဆက်စပ်သူတစ်ဦး က ပြောပါတယ်။
လက်ရှိအာရက္ခပြည်မှာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ် ပြဋ္ဌာန်းချက် (NDEP) ကို ကြေညာပြီး လူငယ်တွေကို အာရက္ခပြည်တည်ဆောက်ရေးမှာ ပါဝင်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
စစ်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးနောက်မှာ ဒေသတွင်းက လူငယ်တွေဟာ နောက်ဆက်တွဲ ပဋိပက္ခဒဏ်ကို ခံနေရပြီး ပညာသင်ကြားရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် အခွင့်အလမ်းတွေ သတင်းအချက်အလက်တွေ လိုအပ်နေပါတယ်။
ဒါအပြင် မဖြစ်မနေ စစ်ထဲဝင်ရမယ့် စစ်မှုထမ်းဉပဒေနဲ့ ဖွံ့ဖြိုးရေးကျောင်းတွေရဲ့ ခြားနားချက် ကိုလည်း ကွဲပြားစွာ ပြည်သူ ကို သတင်းအချက်အလက်ပေးဖို့ လိုအပ်ပါတယ်။
လေးဝတီFM
st louis casinos
References:
hedgedoc.eclair.ec-lyon.fr
References:
Marvel slots https://casino-of-monte-carlo.online-spielhallen.de/
References:
Sunmaker Erfahrungen online casino deutschland
References:
Shelbyville casino https://novo.neomera.com.br/employer/best-payid-online-pokies-australia-2025-top-pokie-games-and-casinos-for-payid-payments-2