Laywaddy FM

အဖေပြောပြတဲ့‌ ဒေါ်ရခိုင်

အဖေပြောပြတဲ့‌ ဒေါ်ရခိုင်

ဇန်နဝါရီလ အစမှာ ရာသီဥတုက တော်တော်လေး အေးပါတယ်။ရိပ်သာက အပြန် အကျင့်ပါနေတဲ့
မျက်လုံးက မနက် ၅ နာရီမထိုးခင် နိုးနှင့်နေပြီးပါပြီ။နှစ်သစ်ကို အကျင့်သစ်နဲ့ နေထိုင်မယ်ဆိုတဲ့ စိတ်ကူးနဲ့
စောစောထ တဲ့ အလေ့အကျင့်ကို တစ်ပါတည်း လုပ်‌ဆောင်လိုက်တာပါပဲ။

တစ်ရက် ရာသီဥတုအတော်လေးအေးတယ် ။
မနက် ၅ကျော် လောက် မှာ ထ ပြီး ဘုရားရှိခိုး တရားထိုင်။
လမ်းလျှောက်ပြီး ပြန်လာတဲ့ အဖေက မနက်စာ မုန့်ဟင်းခါး ၂ ပွဲ ဝယ်လာပြီး သားအဖ နှစ်ယောက်
မနက်စာစားဖို့ ပြင်လိုက်တယ်။ မုန့်ဟင်းခါး စားနေရင်း အဖေက မုန့်ဟင်းခါးဆိုင်ရဲ့ မျက်စောင်းထိုး
လေးမှာ ရခိုင်မုန့်တီဆိုင် တစ်ဆိုင် ဖွင့်ထားတယ်တဲ့။

ရခိုင်မုန့်တီဆိုင်က မနက် ၈ နာရီကတည်းက ဖွင့်တာ ညနေ ထိတဲ့။ မုန့်တီဆိုင်က အစောကြီးဖွင့်ရင်
ရောင်းရရဲ့လား လို့ တွေးမိလိုက်သေးတယ်။အဖေကလည်း မုန့်ဟင်းခါးစားနေရင်းဆိုတော့ စကားစက
ပြန်ပြတ်သွားတယ်။ ခဏတော့ အဖေက
” သူတို့က အခု ဖြစ်နေတဲ့ ဒေသတွေ ကနေ ပြောင်းလာတာတဲ့ စစ်ဖြစ်လို့ “တဲ့…။

“ဟုတ်လား “ ဆိုတဲ့ စကားသံက လွဲပြီး ထွေထွေထူးထူး ကျမ ပြန် မပြောဖြစ်ခဲ့ပါ။
အဖေက တအောင့်
ကြာတော့ အဖေက အဆက်အစပ်မရှိ
” သူတို့သမီးလေးက အသက် ၁၄ နှစ်ပဲ ရှိသေးတယ်
သားအိမ်ခေါင်းရောဂါဆိုလား ဖြစ်တာ ကုတာ သိန်း ၁၀၀ နီးပါးရှိနေပြီ တဲ့.”.

၁၀ မိနစ် နီးပါးကြာတော့ အဖေကထပ်ပြီး
“ကောင်မလေးရဲ့ အဖေက အရင် ‌‌ေဆာက်လုပ်ရေး သမား တဲ့
..ဒါပေမယ့် ဒီဝင်းထဲ က ဆောက်လုပ်ရေးတွေ မှာ အလုပ်လိုက်ရှာတာ ရခိုင်မှတ်ပုံတင်နဲ့မို့ အလုပ်
မပေးလို့ တဲ့..အဲ့ဒါကြောင့် ဈေးရောင်းရတာလို့ ပြောတယ် ”
ဆိုပြီး ရှင်းပြနေပြန်တယ်။

အဖေ့ စကား ဆုံး တဲ့အချိန် ကျမ မှာ ပြောစရာ ရေရေရာရာ မရှိခဲ့ပါ။ “မုန့်တီဆိုင်ကို သွားပြီး
သွားအားပေးပေးဦးမှ ပဲ “ ဆိုတဲ့ ခတ်မှန်မှန် စကားသံ ကလွဲပြီး ကျမ မှာ ပြောစရာ မထွက်လာခဲ့ပါ။

လွန်ခဲ့တဲ့ တစ်နှစ် လောက်ကနေစပြီး ရန်ကုန်မြို့ကြီး မှာ စစ်ကြောင့် ရှောင်ပြေးလာရတဲ့ တိုင်းရင်းသား
တွေ၊ အညာဒေသမှ စသဖြင့် ရွှေ့ပြောင်းနေထိုင်သူ ဦး‌ရေ အများစု နေထိုင်လာကြပါ
တယ်။

အများစုကတော့ အညာဒေသ ၊ ရခိုင်ဒေသ ဘက်က စစ်ရှောင်တွေ အများစု နေထိုင်ကြပါတယ်။
အဖက် ဖက်ကနေ ကုန်ဈေးနှုန်းအရ ဈေးကြီးတဲ့ ရန်ကုန်မြို့လို နေရာမှာ အညာဒေသ နဲ့
တိုင်းရင်းသားဒေသတွေက လူအများ စု ချောင်လည်စွာ နေထိုင်ရန် ခက်ခဲကြပါတယ်။

နယ်မှာ ကိုယ်ပိုင်နေထိုင်ခဲ့တဲ့ စစ်ရှောင်တွေဟာ ရန်ကုန်မြို့လို နေရာမှာ အိမ်ငှားခ အပါအဝင် တစ်လ
အနည်းဆုံး ချွေတာစားနိုင်တဲ့အခြေအနေ (မိသားစု ၃) ဦးစာ ငွေကျပ် ၅ သိန်းမှ ၆ သိန်းကြား ရှိမှ
နေထိုင်ရ လွယ်ကူမယ့်အခြေအနေဖြစ်ကြပါတယ်။
ဒါ မြို့စွန်လို နေရာမှာ ငှားရမ်းမှ နေထိုင်နိုင်တဲ့ ငွေ ပမာဏသာ ဖြစ်ပါတယ်။

“နယ်မှာက ဝယ်စားရတာ သိပ်မရှိဘူး ..အသားဘာလေးကျမှ ဝယ်စားရတာ…
အခုဒီမှာက ငရုတ်သီးကအစ ဝယ်စားနေရတာ…ဘာလေးကိုင်ကိုင် .၅၀၀ အောက်ကို မရှိ…ပါလာတာတွေလည်း
ကုန်လို့ပေါ့..”
လို့ ရခိုင်မုန့်တီဆိုင်က အသက် ၅၅ နှစ်အရွယ် ဒေါ်ရခိုင်က ပြောပါတယ်။

အဖေ ပြောပြီး ညနေ ပဲ ကျွန်မ ရခိုင်မုန့်တီသွားစားခဲ့ပါတယ်။ တောင်ကုတ်ဒေသက ဖြစ်လို့ တောင်ကုတ်
ဒေသ လက်ရာလို့ ပဲ ကျွန်မကတော့ ခေါ်တယ်။ ဗမာပါးစပ် နဲ့ ကိုက်ညီအောင် သုတ်ထားတဲ့
မုန့်ဖတ်သုတ်ထဲ မှာ ပဲမှုန့်အစား ပဲ နဲ့ အာလူးကို ကြေညှပ်နေအောင် ပြုတ်ထားတဲ့ ဟင်းအနှစ်ကို
ထည့်ပေးတယ်။ ငရုတ်သီးကို ဆီလောင်ထားတဲ့အနှစ်ပျစ်ပျစ် ကို ထည့်ပေးတယ်။

ရခိုင်စတိုင် ငရုတ်သီးစိမ်း နှစ်ရည်ကို ဆမ်းပြီး ခပ်ရွှဲရွှဲသုတ်ထားတဲ့ မုန့်ဖတ်သုတ်ကို ကမ်းပေးရင်း…

“လိုတာပြောဝေး..င တို့ ဆီက မုန့်တီနဲ့တော့ ကွာတယ်..ဒီက လူတွေက ဒီလို စားကြတယ်”လို့
ဒေါ်ရခိုင်က ဆိုတယ်။

“လွန်ခဲ့တဲ့ ၆ လ ပိုင်းက က ထွက်လာတာ..သမီးလေးက ရောဂါက သည်းနေပြီ..မြို့မှာ
ဆရာဝန်တွေက မရှိတော့ဘူး..မဖြစ်မနေ ဒီဘက်ကို လာရတော့မှာ ..အဲ့ဒါနဲ့ လေယာဥ် နဲ့
ထွက်လာတာပဲ..ငါတို့ ကံကောင်းတယ်..ငါတို့ စီးတဲ့ လေယာဥ်က နောက်ဆုံးလို့
ပြောတယ်။ လေယာဥ်ဆင်းတော့ မိုးတွေက မတရားရွာတာ။ပေးမဝင်ဘူး မြို့ထဲကို ငါတို့သားအမိနှစ်ယောက် မိုးရွာထဲ မှာ ဆေးစာရွက်လေး ကိုင်ပြီး ဖုန်းတွေ ဆက် မြို့ထဲက ရှိနေတဲ့ သူတွေက
ဟုတ်ပါတယ်လို့ ထောက်ခံပေးမှ မြို့ထဲ ဝင်ခွင့်ရတာ..၃ နာရီလောက် စောင့်လိုက်ရတယ် ”
လို့
ဒေါ်ရခိုင်က မုန့်တီအိုးကို ယက်ခပ်ရင်း သူ့ အကြောင်းကို စီကာပတ်ကုံး ပြောပြနေတယ်။

ပြီးရင် ခေါင်းလေး မော့ကာ ကျွန်မကို ဘာလို သေးလဲ ခဏခဏ မေးသေးတယ်။

“တစ်ထောက်နားတဲ့ မြို့မှာ လည်း ကုလို့ မရဘူး။ အဲ့ဒါနဲ့ ရန်ကုန် ကို ရောက်လာတာပဲ။ ပထမကတော့
ဘုန်းကြီး ကျောင်းနေတာပေ့ါ..နောက်တော့ ဟိုဘက်ကို လည်း ပြန်လို့ မရတော့…အိမ်ငှားနေရဖို့
ဖြစ်လာတာပဲ”
လို့ ဒေါ်ရခိုင်က ဆိုပြန်တယ်။

ခပ်ထူထူ ငါးဖယ်ပြားလေးတွေကို ပန်းကန်ထဲ ညှပ်ထည့်ပေးရင်း..”ဒီမှာ မုန့်တီကို မနက်ပိုင်း
မစားကြဘူးနော်..ရခိုင်မှာဆို မနက်စာလည်း မုန့်တီစားကြတာ”လို့ ပြောပြန်တယ်။

ရန်ကုန် ရဲ့ မနက်စာသည် မုန့်ဟင်းခါး၊ အသုတ်၊ ထမင်းကြော်၊ ရှမ်းခေါက်ဆွဲ၊ လက်ဖက်ရည်အီကြာကွေး
ဖြစ် ကြောင်း ပြောပြတော့ ခေါင်းလေး ငြိမ့်ပြီး…
“မနက်ဆိုရင် ထမင်းကြော် ရောင်းရင် ကောင်းမလား
မသိဘူး နော်”
လို့…တစ်ကိုယ်တည်း ရေရွတ်ပြောဆိုပြန်ပါတယ်။

“အန်တီက နယ်မှာ ကုန်စုံဆိုင် ဖွင့်တာလေ။ အခုကတော့ ပိတ်ထားတာပေါ့။ သူခိုးတွေ ခိုးလို့လည်း ကုန်ပြီ
လို့ ပြောတာ ပဲ..မိဘတွေတော့ ရှိသေးတယ်..ဒါပေမယ့် ဖုန်းအဆက်အသွယ်ကလည်း သူတို့ ဆက်မှ
ဒီဘက် က ရတာ ဆိုတော့ သူတို့ အဆက်ကိုပဲ စောင့်ရတာပေါ့လို့”
ဒေါ်ရခိုင်က ပန်းကန်ဆေးနေရင်း
ကျွန်မ ဘက်ကို လှည့်ကာ ပြောပြပါတယ်။

“အဆင်မပြေဘူး..အစစ အရာရာ အဆင်မပြေဘူး…အိမ်ငှားခ အတွက် ပူရ၊ဆေးဖိုးအတွက် ပူရ
၊ပြီးရင် ဟိုဟာ ကြေး ဒီဟာ ကြေး အတွက် ပူရနဲ့..”
လို့ ဒေါ်ရခိုင်က ခုံပုလေးပေါ်မှာ ထိုင်ကာ မုန့်တီအိုး
ယက်တောင်ခပ်နေရင်း ဆိုတယ်။

ဒေါ်ရခိုင်ရဲ့ အသံ အဆုံးမှာ
ဒေါ်ရခိုင်က ဟင်းရည်အိုးအောက်က မီးတွေကို တွေတွေကြီးကြည့် လို့ ၊ ကျွန်မက ဒေါ်ရခိုင်ကို ကြည့် လို့ …ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်သွားပါတယ်။

ထင်းမီးခိုးတွေ ကြောင့်လားပင် မသိ..ဒေါ်ရခိုင်ရော ကျွန်မ ပါ မျက်စိများ ကျိန်းစက်လာကာ
မျက်ရည်များ ဝဲ တက်လာပါတယ်။

“ဟယ်..မွှန်ကုန်ပြီ..အားနာလိုက်တာ..”လို့ သူက မျက်ရည်များကို သုတ်ပြီး အာနာ ဟန်နဲ့ စကားဝိုင်းကို
အဆုံးသတ်လိုက် ကြပါတယ်။
ထင်းမီးခိုးတွေဟာ မျက်ဝန်းတွေထဲ မွှန်နေဆဲ …….

#ဒေါ်ရခိုင်

ဏငယ် (ခံစားမှုဆောင်းပါး)
လေးဝတီ FM

Kay Zue

Related Posts

7 thoughts on “အဖေပြောပြတဲ့‌ ဒေါ်ရခိုင်”

  1. Нужны скины? lis skins официальный по выгодным ценам — большой выбор популярных предметов для Counter-Strike 2. Найдите редкие ножи, перчатки, оружие и другие скины для игры. Быстрая покупка, удобный каталог и актуальные цены на скины CS2.

  2. Нужны скины? обмен скинов раст обменивайте скины CS2, Rust, Dota 2 и TF2 быстро и выгодно! Удобный обмен игровыми предметами, широкий выбор скинов, выгодные предложения и безопасные сделки. Покупайте, продавайте и обменивайте скины на одной платформе.

  3. Используйте проверенное услуги складского помещения при необходимости временного размещения товара. Подобная услуга позволяет решить задачу временного размещения продукции. В складском комплексе размещают коммерческие грузы. При необходимости могут выполняться маркировка продукции. Для интернет-магазина такой вариант позволяет эффективнее использовать ресурсы.

Leave a Reply

Your email address will not be published. Required fields are marked *