ကျောက်ဖြူက ရွှေသဘာဝဓာတ်ငွေ့ သိုက်နဲ့ ၊ ကမ်းလွန်ရေနံလုပ်ကွက်တွေ တူးဖော်နေတဲ့ ရေပြင်မှာ အင်အား ၅.၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု မနေ့ညက လှုပ်ခတ်သွားခဲ့ပါတယ်။
မေလ ၁၉ ရက် မနက် ၁း၄၅ အချိန်က စစ်တွေငလျင်စခန်းနဲ့ အရှေ့တောင်ဘက်မိုင် ၉၀ ခန့်အကွာ ၊ ကျောက်ဖြူမြို့ တောင်ဘက် ၂၉ မိုင်ခန့် အကွာ
စစ်တွေနဲ့ ကျောက်ဖြူကြားက ပင်လယ် ရေပြင် က နေ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
ဒီငလျင်လှုပ်ခတ်ခဲ့တဲ့ရေပြင်ဧရိယာ ထဲ မှာ ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက် တွေ နဲ့ အတူ ကမ်းလွန်ရေနံလုပ်ကွက် A-3 ကို တူးဖော်ရောင်းချနေတာဖြစ်ပါတယ်။
“သဘာဝ သယံဇာတ တူးဖော်မှုတွေဟာ ငလျင်ဖြစ်စေနိုင်တဲ့ ဖိအားအဖြစ် အချိန်ကာလကြာမြင့်လာတဲ့ အခါပြောင်းလဲ လာတတ်ပါတယ်” လို့ ငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က လေးဝတီ FM နဲ့ မေးမြန်းခန်းမှာ ပြောကြားထားပါတယ်။
1762 ခုနှစ်မှာ စစ်ကိုင်းပြတ်ရွေ့ငလျင်တွေထက်အင်အားကြီးတဲ့ အင်အား ၈.၈ စကေးရှိတဲ့ Arakan Earthquake ငလျင်ကြီးလှုပ်ခတ်ဖူးပါတယ်။
အဲ့ဒီငလျင်ကြောင့် ရခိုင်ကမ်းလွန်ဟာ သတိထားရမယ့် အခြေအနေ မှာ ရှိနေပါတယ်။
ရခိုင်ကမ်းရိုးတန်း ပင်လယ်ကြမ်းပြင်ဟာ ဖိအားဖြစ်စေတဲ့ တုန်ခါမှုတွေ ထိခိုက်မှုတွေကို နေ့စဉ် ရင်ဆိုင်နေရတာဖြစ်ပါတယ်။
လေးဝတီ FM
References:
George thorogood bad to the bone https://pestana-casino-park-hotel-casino.online-spielhallen.de
References:
Slotum Casino Echtgeld Echtgeld Casino
References:
Valley view casino seating chart https://kluge-koepfe-krefeld.de/employer/payid-casinos-2026-fastest-withdrawals-tested-0-2h-payouts