Laywaddy FM

နတ်ရေကန်တောင်စခန်းကို စစ်ကူလာတဲ့ စကမ စစ်ကြောင်းကို အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်တွေသိမ်းယူ လိုက်တယ်လို့ သတင်းရရှိပါတယ်။

အာရက္ခတပ်တော် ဝိုင်းရံပိတ်ဆို့ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်တောင်စခန်းကို ဒီဇင်ဘာ ၅ ရက် နေ့ နေ့လည်ပိုင်းက အင်အား ၇၀ ပါတဲ့ စစ်ကြောင်းတစ်ခုကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

“မနေ့ည နေ့လည် ၂ နာရီလောက်မှာ ဗဇီရွာနား က စကမ စခန်းကို တက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်တာပါ။ စစ်ကြောင်းကတော့ အကျအဆုံးတွေနဲ့ နောက်ပြန်ဆုတ်သွားပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီစစစ်ကြောင်းက လက်နက်ခဲယမ်းတွေကို အာရက္ခတပ်တော်AA ဘက်က သိမ်းဆည်းလိုက်ပြီးတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ ခြေလျှင်စစ်ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက်မှာ အဲ့ဒီနေရာကို ညနေ ၄ နာရီနဲ့ ည ၈ နာရီတို့မှာ လေကြောင်းက လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

နတ်ရေကန်ဗျူဟာ ကို အာရက္ခတပ်တော်နဲ့တော်လှန်‌ရေးအဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားပြီး ကားလမ်း နဲ့ ခြေလျှင်လမ်းပိုင်းတွေကိုလည်း ဖြတ်တောက်ထားပါတယ်။

စစ်ကော်မရှင်ဟာ နတ်ရေကန်တောင်ပေါ်မှာ ပိတ်မိနေတဲ့ အကြွင်းအကျန်တပ်တွေကို လေကြောင်းကနေ ရိက္ခာထောက်ပို့ နေပြီး အတော်များများကိုလည်း တော်လှန်ရေးအဖွဲ့တွေက သိမ်းယူထားပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

16 thoughts on “

Leave a Reply

Your email address will not be published. Required fields are marked *