အခြေခံလူတန်းစားတွေ အတွက်တော့ ဈေးသက်သက်သာသာနဲ့ သုခစည်းစိမ်းခံစားဖို့ “အာဆီယံ” ဟာ တွက်ချေအကိုက်ဆုံးဖြစ်ပါတယ်။
သုံးစွဲတဲ့သူနဲ့ သူ့ပတ်ဝန်းကျင်ကို ဆေးဖက်ဝင် အရွက် (သို့မဟုတ်) ဆေးဖြစ်ဝါးဖြစ် ဆိုတဲ့အကြောင်းပြချက်တွေနဲ့ လူတွေရဲ့ အသိကို ဆွဲဆောင်ထားပါတယ်။
စိမ်းလဲ့လဲ့ အရွက်နုလေးတွေထဲမှာ အိပ်မက်တွေ မြုပ်နှံရင်း လမ်းမှားခဲ့ကြတဲ့ ဘဝတွေအကြောင်းကို
ပြန်ကြည့်ရင် “ဘိန်းစာရွက်” ဆိုတာဟာ ဆေးဖက်ဝင် အပင်တစ်မျိုးထက် ပိုတဲ့ လူမှုရေး အနာရောဂါတစ်ခုလို ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
လူတန်းစားအလိုက် သုံးစွဲတဲ့ မူးယစ်ဆေးအမျိုးမျိုးတွေ ထဲမှာ ဆေးဘက်ဝင်သလိုလို ၊ အမောအပန်းပြေသလိုလို နဲ့ လူ့သက်ကို ခြွေယူနိုင်တဲ့ အထိ အဆိပ်ပြင်းထန်တာတွေ များလှပါတယ်။
မိရိုးဖလာ တိုင်းရင်းဆေးအဖြစ် ဝမ်းပျက်ဝမ်းလျှော ကုသဖို့ ဒါမှမဟုတ် နေပူကျဲကျဲအောက်မှာ
အလုပ်ပင်ပန်းခံနိုင်ဖို့ ၊ အလုပ်လုပ်နေရင်း အာရုံတွေ လန်းဆန်းဖို့ ၊ အပင်ပန်းခံနိုင်ဖို့ ဝါးစားခဲ့ကြတဲ့ ဒီအရွက်လေးတွေဟာ ဒီနေ့ခေတ်မှာတော့ လူငယ်တွေရဲ့ အနာဂတ်ကို ဝါးမျိုနေတဲ့ အဆိပ်ခွက်တစ်ခုအဖြစ်ပြောင်းလဲလာပါတယ်။
ရုက္ခဗေဒအမည်အရ Mitragyna speciosa ဟုခေါ်တဲ့ ဒီအပင်ဟာ ကျွန်ုပ်တို့ နေ့စဉ်သောက်သုံးနေတဲ့ ကော်ဖီနဲ့ မျိုးရင်းတူပေမယ့် ပေးစွမ်းနိုင်တဲ့ နောက်ဆက်တွဲရလဒ်ကတော့ ကွာခြားလှပါတယ်။
ဘိန်းစာရွက်ဟာ ၁၉ ရာစုကတည်းက အရှေ့တောင်အာရှတခွင်မှာ ရိုးရာဆေးအဖြစ်လည်းကောင်း
အလုပ်ပင်ပန်းခံနိုင် ဖို့လည်းကောင်း အသုံးပြုခဲ့ကြတဲ့ သမိုင်းကြောင်းများစွာ ရှိခဲ့ပါတယ်။
ထိုင်းမှာ”ကရထုန့်”မလေးရှား မှာ “ကီတွမ်”လို့ လူသိများတဲ့ ဒီအပင်ဟာ မြန်မာ့မြေပေါ်မှာတော့
“ဘိန်းစာရွက်” ဆိုတဲ့ အမည်နဲ့ လူတွေ ရဲ့ ဘဝပေါင်းများစွာကို စိုးမိုးထားပါတယ်။
မြန်မာပြည်တွင်းမှာ ဒေသခံတွေ ဒီအရွက်ကို အဖော်ပြုလာကြတာဟာ အရွက် မှာ ထူးခြားတဲ့ အာနိသင်
ရှိတာ ကြောင့် ဖြစ်ပါတယ်။ ပမာဏအနည်းငယ်က လူကို တက်ကြွလန်းဆန်းစေတာမို့
ကာယလုပ်သားတွေဟာ အလုပ်ပိုလုပ်နိုင်ဖို့ ဝါးစားခဲ့ကြသလို၊ တချို့ကလည်း နာတာရှည်ဝေဒနာတွေ
သက်သာဖို့ ဒါမှမဟုတ် ဘိန်းဖြူလို ပြင်းထန်တဲ့ မူးယစ်ဆေးဖြတ်ချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို
အစားထိုးကုသဖို့ အားကိုးခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီ ရီဝေဝေ ခဏတာနောက်ကွယ်မှာ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကတော့
ကြီးမားလွန်းလှပါတယ်။ နောက်ပိုင်းမှာ လူငယ်တွေဟာ ဈေးနှုန်းသက်သာမှုကို အခွင့်ကောင်းယူပြီး
ချောင်းဆိုးပျောက်ဆေးတွေနဲ့ ရောစပ်ကာ “အာစီယံ” လို့ခေါ်တဲ့ ဖျော်ရည်အဖြစ် ပျော်ပါးလာကြတာဟာ
စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်လာခဲ့ပါပြီ။
ဒါအပြင် အားဖြည့်အချိုရည်တွေနဲ့ တွဲပြီးသောက်သုံးတာတွေ ကြောင့် လည်း အသက်အန္တာရာယ်ကို ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေကို နောက်ဆက်တွဲ ကြုံတွေ့နေရပါတယ်။
မြန်မာ့မြေပုံပေါ်မှာ ဘိန်းစာရွက်ရဲ့ အရိပ်ဟာ တောင်ပိုင်း တနင်္သာရီကနေ သျှမ်းပြည်အရှေ့ပိုင်းက
တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ ဒေသတွေအထိ၊ တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်က ကျောက်တော်၊
မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါတယ်။
အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာဆိုရင် အရည်ကျိုရောင်းတဲ့ ဆိုင်ပေါင်း ၂၀၀
ကျော်အထိ ရှိနေပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေတွေကြားမှာ
အလှူအတန်းနဲ့ ပွဲလမ်းသဘင်တွေမှာပါ အချိုရည်လို ပေါ်ပေါ်ထင်ထင် သောက်သုံးလာကြတာဟာ
စိုးရိမ်စရာ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ ဒီအပင်နဲ့ ပတ်သက်ပြီး ဥပဒေတွေက အမျိုးမျိုး ကွဲပြားနေပါတယ်။ ထိုင်းနိုင်ငံက
၂၀၂၁ မှာ တရားဝင် စိုက်ပျိုးခွင့်ပြုခဲ့ပြီး အင်ဒိုနီးရှားက ၂၀၂၄ မှာ ပြည်ပတင်ပို့ခွင့် ပေးခဲ့ပေမယ့်
မြန်မာနိုင်ငံမှာတော့ ၂၀၁၅ ခုနှစ်ကတည်းက တရားမဝင် မူးယစ်ဆေးဝါးအဖြစ် တင်းတင်းကျပ်ကျပ်
တားမြစ်ထားပါတယ်။
အမေရိကန် FDA လို အဖွဲ့အစည်းတွေကလည်း ဘိန်းစာပင်ဟာ ကုသရေးအတွက်
အန္တရာယ်ကင်းတယ်ဆိုတဲ့ သက်သေမရှိကြောင်း ပြတ်ပြတ်သားသား သတိပေးထားသလို ဂျပန်၊
ဩစတြေးလျနဲ့ ဥရောပနိုင်ငံအတော်များများမှာလည်း တရားမဝင်ပစ္စည်း အဖြစ်သာ
သတ်မှတ်ထားပါတယ်။
ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ ရေရှည်သုံးစွဲသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ အတွင်းကနေ
တဖြည်းဖြည်း လောင်ကျွမ်းသွားသလိုပါပဲ။ အစာစားချင်စိတ်မရှိတာ၊ ဝမ်းချုပ်တာကနေ စတင်ပြီး
နှလုံးခုန်မြန်တာ၊ သွေးပေါင်တက်တာ၊ ဆံပင်ကျွတ်တာနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်
ကျဆင်းတာတွေဟာ လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ဖျက်ဆီးပစ်ပါတယ်။
အဆိုးဆုံးကတော့ ဘိန်းစာရွက်ထဲက alkaloids ဓာတ်တွေနဲ့ သေချာမစစ်ထုတ်ထားတဲ့
အမှုန်အမွှားတွေကြောင့် အသည်းနဲ့ ကျောက်ကပ်တွေ အဆိပ်သင့် ပျက်စီးသွားတာပါပဲ။
အခြားဆေးဝါးတွေနဲ့ ရောစပ်သောက်သုံးမိတဲ့အခါ ဆေးအလွန်အကျွံဖြစ်တက်ပါသေးတယ်။
ဘိန်းစာရွက်ဆိုတာဟာ ဆေးဘက်ဝင် အပင်တစ်ပင် က အရွက်သက်သက် မဟုတ်တော့ပါဘူး။
ဘိန်းစာရွက် ဆိုတာ အခြေခံ လူတန်းစားတွေထဲကို စိမ့်ဝင် ဝါးမြိုနေတဲ့ အန္တာရာယ် တစ်ခုသာဖြစ်ပါတယ်။
လေးဝတီ FM
အထွီးဘုံ
I definitely wanted to send a quick word to be able to express gratitude to you for all the great suggestions you are giving out at this website. My particularly long internet investigation has finally been recognized with brilliant tips to write about with my close friends. I ‘d tell you that many of us visitors actually are really fortunate to be in a great community with many special people with good secrets. I feel rather grateful to have encountered your website page and look forward to plenty of more thrilling moments reading here. Thanks a lot once again for everything.
Tanks for ylur marveloous posting! I serikusly enjoyd reading it, yyou could bee
a grewat author. I will ensure thbat I bookmark yoour blog andd wipl eeventually comme bback latwr iin life.
I wnt tto ecourage yyou tto ultimately contonue yopur great job, haqve a nice morning!
my webb site … roloxxx.com
I truly appreciate this post. I have been looking all over for this! Thank goodness I found it on Bing. You have made my day! Thanks again
References:
Montreal metropolis janiceltxz584574.loginblogin.com
References:
Joe pesci casino verde-casino-freispiele.online-spielhallen.de
References:
Casino singapore talentlagoon.com
Some genuinely nice and utilitarian info on this site, as well I conceive the layout has got good features.
Super easy registration process and the graphics are top notch. It feels very professional and secure. I am loving my time at phj8ph9.
Finally found a place where the payouts are actually fair and fast. The games are super addictive and the graphics are top notch. Love krwin35
I love the local vibe of this site. It feels tailor-made for us and the bonuses are actually generous. jilione1 is definitely a winner in my book.
I had a great run today and won a decent amount. The withdrawal process was surprisingly quick and hassle free. Cheers to pk9999win