Laywaddy FM

စစ်တွေတွင် ရဲတစ်ဦး ဓားထိုးခံရပြီးနောက် စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားဖမ်းဆီးနေ

စစ်တွေတွင် ရဲတစ်ဦး ဓားထိုးခံရပြီးနောက် စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားဖမ်းဆီးနေ

လူဇော်

ရခိုင်ပြည် စစ်တွေမြို့မှာ ရဲတစ်ဦး ဓားထိုးခံရပြီး ဒဏ်ရာရရှိသွားပြီးတဲ့နောက်မှာ စစ်တွေမြို့ပေါ်က အရပ်သားတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓားထိုးခံရတဲ့ရဲဟာ အစိုးရအဖွဲ့ရုံးအနီးမှာ အထိုးခံရတာဖြစ်ပြီးတော့ ထိုးတဲ့သူက စိတ်မနှံတဲ့သူလို့သိရပါတယ်။ ဓားနဲ့ထိုးသူကို ဖမ်းဆီးပြီးတော့ ရိုက်နှက်စစ်ဆေးတဲ့အခါ သူ့ရဲ့ထွက်ဆိုချက်အတိုင်း ရပ်ကွက်တချို့က သက်လတ်ပိုင်းလူတွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

မကျည်းမြိုင်တစ်ခုတည်းက လူ ၄၀ လောက်ပါသွားတယ်၊ မကျည်းမြိုင်၊ မီးလောင်းကွင်း (စက်ရုံစု)၊ ဓညဝတီရပ်ကွက်တွေကို အဓိကဖမ်းဆီးနေတာ၊ ဓားနဲ့ထိုးတဲ့လူက ဒီရပ်ကွက်တွေမှာ AA ရှိတယ်ဆိုပြီး ထွက်ဆိုခဲ့လို့ ဖမ်းတယ်လို့ သိရတယ်“လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက စစ်တွေမြို့ပေါ်က အရပ်သားတွေကို ဖမ်းဆီးမှုတွေ လုပ်နေတာဟာ သြဂုတ်လ ၄ ရက်နေ့စပြီး နေ့စဥ်ဆိုသလို ဖမ်းဆီတာလို့လည်း ဆိုပါတယ်။

သြဂုတ်လ ၅ ရက်နေ့က ဆွေမျိုးတစ်ဦးဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးကလဲ အခုလို ပြောပါတယ်။

အိမ်ကနေ ဝင်ဖမ်းသွားတာ၊ ယောက်ဖက လူရိုး၊ လူအေးပါ၊ စုံစမ်းကြည့်တော့ ဒ.က.စကို ယူသွားတယ်လို့ ပြောကြတယ်၊ ဘာလုပ်ရမလဲ မသိတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ စစ်တွေမြို့ကို ခံတပ်တစ်ခုသဖွယ် တည်ဆောက်နေပြီးတော့ မြို့နဲ့ ဆင်ခြေဖုံးမှာနေထိုင်တဲ့ ပြည်သူတွေကို ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်တာတွေကို ကျူးလွန်နေတာပါ။

မေလ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ အပေါင်းပါတွေဟာ စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့ပြည်သူ ၅၃ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။


လေးဝတီ FM ရဲ့ သတင်းတွေကို
Youtube >> https://youtube.com/@laywaddyfm.arakan?si=kcKObzzVLOvJTgGJ
Telegram >> https://t.me/LayWaddyFMChannel
တို့မှာလည်း ဝင်ရောက် ဖတ်ရှု နားထောင်နိုင်ပါပြီ

Kay Zue

Related Posts

3 thoughts on “စစ်တွေတွင် ရဲတစ်ဦး ဓားထိုးခံရပြီးနောက် စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားဖမ်းဆီးနေ

Leave a Reply

Your email address will not be published. Required fields are marked *