လူဇော်
လေးဝတီFM (၂၄ ၊ ဩဂုတ်၊ ၂၀၂၄
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ရုပ်ချောင်းကျေးရွာက အမွှာပူးကလေး ၃ ဦးရဲ့ ဆေးဝါးနဲ့ အာဟာရမှုန့် ဖိုးအတွက် အလှူငွေတွေကို ULA/AA နဲ့ အလှူရှင်တွေကလာရောက်လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။
ဒီကလေး ၃ မွှာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က အဖေဖြစ်သူ ဦးလှရွှေမောင်နဲ့ အမေဒေါ်ဦးစိန်ညွှန့်တို့ ကမွေးဖွားခဲ့ပြီးတော့ ကလေး ၃ ဦးထဲမှာ မိန်းကလေး ၂ ယောက် ယောက်ျားလေး ၁ ယောက်ပါဝင်ပါတယ်။
ULA/AA ရဲ့ ထိမ်းချုပ်နယ်မြေမှာ မွေးဖွားလာတဲ့ အဲ့ဒီကလေးတွေကို လိုအပ်တဲ့ ဆေးဝါးနဲ့ အာဟာရမှုန့်ဖိုးတွေ အတွက် ULA/AA ရဲ့ စစ်မေ တွေက အခုလို လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။
“AA က ငွေကျပ်ငါးသိန်းလှူဒါန်းပေးသွာတယ်လို့ မနေ့က သိရတယ်၊ အခုလို ခက်ခဲနေတဲ့အချိန်မှာ ကလေးတွေအတွက် လှူဒါန်းပေးတာဟာ AA ရဲ့အကောင်းဆုံး လုပ်ရပ်တွေပါပဲ”လို့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။
ဒီကလေး ၃ မွှာအတွက် မိဘတွေခက်ခဲနေတယ်ဆိုတဲ့ သတင်းတွေကိုကြားချင်းမှာ ကလေးတွေအတွက် လှူဒါန်းဖို့ ပြင်ဆင်နေတယ်လို့ ရခိုင်ဒေသအတွင်းမှာ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင် ကပြောပါတယ်။
“ကျွန်တော်မသွားဖြစ်ရင်တောင် တပည့်တွေကိုလွှတ်ပီး အကူညီပေးဖို့ပြင်ဆင်နေပါတယ်။ ငွေကျပ် ဆယ့်ငါးသိန်းလောက် ကလေးတွေရဲ့ ဆေးဖိုးနဲ့အခြားအရာတွေအတွက် လှူဒါန်းပေးသွားဖို့ရှိပါတယ်” လို့ ပြောပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေကြောင့် အလုပ်အကိုင်တွေရှားပါးတာ၊ ပုံမှန်ဝင်ငွေမရှိတာတွေအပြင် ကုန်စျေးနှုန်း တွေမြင့်တက်လာကြောင့် ဒေသခံအများစုဟာ စားဝတ်နေရေးအတွက် အဆင်ပြေသလို ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။
References:
Soaring eagle casino coupons https://commonwiki.space/wiki/HitnSpinSupportBewertung_Qualitt_des_Kundenservice_und_Reaktionszeit
References:
Slot games for fun irwin-casino-no-deposit-bonus.online-spielhallen.de
References:
Venetian casino erfahrungen Welche Spiele gibt es im Verde Casino