ရခိုင်ပြည်မြို့တော်စစ်တွေ မြို့နယ်ရှိ ဒကစကာကင်း စခန်းတွေကို အာရက္ခတပ်တော်က AA ဘက်က ဗျူဟာကျကျ ပိတ်ဆို့တိုက်ခိုက်နေပြီး ရေပတ်လည်ဝိုင်းထားတဲ့ စစ်တွေမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်သားအချို့ဟာ ပိတ်မိနေပြီဖြစ်တယ်လို့ ဒေသရေမြေအခြေအနေ ကို ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
စစ်ကောင်စီကာကင်းစခန်းတွေဖြစ်ကြတဲ့ အမြင့်ကျွန်း၊ ပါဒလိတ် ၊ ရေချမ်းပြင် ၊ ရွှေမင်းဂံ ၊ ကျားမသောက် နဲ့ ရွာဘို စတဲ့ စစ်ကောင်စီရဲ့ ကြည်းတပ် ၊ ရေတပ် စခန်းတွေ အားလုံးဟာ တပြိုင်နက် တိုက်ခိုက်ခံနေရပြီး တစ်ခုနဲ့ တစ်ခု စစ်ကူမပေးနိုင်တဲ့ အနေအထားမှာ ပိတ်မိနေတာ ဖြစ်ပါတယ်။
“မနေ့ညကဆိုအမြင့်ကျွန်းဂိတ်တည့်တည့်ကိုလက်နက်ကြီးကျတယ် ၊ စကစ အတော်များများသေတယ်၊ ရေတပ်ကလည်း တိုက်ခိုက်ခံနေရတော့ တစ်ခုနဲ့ တစ်ခု စစ်ကူမပေးနိုင်ဘူး၊ သူတို့မှာ ထွက်ပေါက်လည်းမရှိတော့ဘူး “ လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်ညပိုင်းက စစ်ကောင်စီရဲ့ အမြင့်ကျွန်းရေတပ်စခန်း က စစ်ကောင်စီတပ်သားတွေ စုဝေးနေတဲ့ နေရာကို
အာရက္ခတပ်တော် ရဲ့ လက်နက်ကြီးကျရောက်ခဲ့သလို ၊ ပါဒလိတ်စခန်းရဲ့ ဗဟိုကင်းကိုလည်း ထိရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“စစ်ကောင်စီဘက်က လေကြောင်းပဲ လာကူနိုင်တယ်၊ ရေတပ်ကိုလည်း အပြင်ပတ်ပတ်လည်က AA က ဝိုင်းထားပြီ၊ ကုန်းတွင်းဘက်ကဆို နယ်မြေအကုန် သိမ်းထားပြီးပြီ သူတို့ ထွက်စရာလမ်းမရှိတော့ဘူး ၊ လက်နက်ချ မှ ပဲ အသက်ရှင်မယ်၊ မဟုတ်ရင် အစာရေစာ ငတ်ပြီးသေကုန်မှာ ၊ နပခ တုန်းက ရေမသောက်ရသလို ဖြစ်လာကြမှာပါ “ လို့ မြေပြင် စစ်ရေး ကျွမ်းကျင်သူ က သုံးသပ်ပါတယ်။
စစ်ကောင်စီဟာ စစ်တွေမြို့ ပတ်လည်က စခန်းတွေ တပြိုင်နက်တည်းတိုက်ခိုက်ခံရပြီးနောက်မှာ အာရက္ခတပ်တော် ရှိမယ် ထင်တဲ့ ပတ်လည်က ကျေးရွာတွေကို ပေါင် ၅၀၀ ဗုံးတွေနဲ့ အဆက်မပြတ်ကြဲချနေတယ်လို့ လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ညက ၈နာရီကျော်မှာ သဲခုံရွာနင့် ငပြီကျွန်းကို လာဗုံးချတယ် ရွာသား အသေအပျောက် နဲ့ နေအိမ်အပျက်အစီးရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ရေတပ်နဲ့ လေတပ်က လက်နက်ကြီးတွေနဲ့ ပတ်လည်က ကျေးရွာတွေကို ပစ်ခတ်နေပြီး ဖေဖော်ဝါရီ ၁၅ ရက်က မင်းလှကျေးရွာ က နေအိမ်အတော်များများ မီးလောင်ပျက်စီးခဲ့ပါတယ်။
အာရက္ခတပ်တော် ဘက်က ဒေသစစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်း တွေ နဲ့ ဓညဝတီ ရေတပ်လက်အောက်ခံရေတပ်စခန်းတွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဉ္စနလီညှင်း
လေး၀တီFM
References:
Microgaming no deposit bonus https://algowiki.win/
References:
Online casino canada https://novadreams-casino.online-spielhallen.de/
References:
Pestana Casino Hotel Funchal PlayOjo No Deposit Bonus
References:
Rolling slots app tiktak casino test
References:
Video poker https://bceip.com/
References:
Choctaw casino pocola ok https://ahrs.al