တရုတ်စီမံကိန်းတွေ တည်ရှိနေတဲ့ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲဟာ တနေ့တခြားပိုမိုပြင်းထန်လာပြီး တရုတ်စီမံကိန်းလျာထားဧရိယာတွေ အတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သတင်းရ ရှိပါတယ်။
မတ်လ ၃ ၊ ၄ ရက်တွေမှာ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင် တိုက်နယ်နဲ့ ဂုန်းချွိန် တိုက်နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဲ့ဒီနေရာတွေဟာ ကျောက်ဖြူအထူးစီးပွားရေးဇုံ နဲဲ့ ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်ဖို့ လျာထား ဧရိယာထဲမှာပါဝင်နေတဲ့ နေရာတွေလည်းဖြစ်ပါတယ်။
“ဒီနေ့ဆိုရင် ရှောက်ချောင်းဘက် ရွာ နဲ့ စည်မော်ရွာဘက်မှာ ဖြစ်နေတယ်၊ AA က ရေတပ်ဆီကို ဦးတည်ပြီး ထိုးစစ်ဆင်နေတာပါ ၊အခုဖြစ်နေတဲ့ ရွာတွေက ရေတပ် ကို မရောက်ခင် ကြားက ကာကင်းစခန်းတွေ ဖြစ်ပါတယ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုံ လျာထားဧရိယာတွေလည်းဖြစ်ပါတယ်” လို့ သတင်းရင်းမြစ်က လေးဝတီ FM ကိုပြောပါတယ်။
ကျောက်ဖြူ ၃၂ ရဲတပ်ရင်းနဲ့ သစ်ပုတ်တောင်ရေတပ်ဌာနချုပ် ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေမှာ စစ်ကောင်စီဘက်က ကာကင်းစခန်းတွေ အဆင့်ဆင့် ကာရံထားတာဖြစ်ပါတယ်။ AA ဘက်က အဲ့ဒီ ကာကင်းစခန်းတွေကို ထိုးစစ်ဆင်နေပြီး ရေတပ်ဌာနချုပ် ကို ဦးတည်နေတယ် လို့ ဆိုပါတယ်။
“အခုက သစ်ပုတ်တောင်နဲ့ ၃၂ရဲတပ်ရင်းကြားအများဖြစ်လာတယ် လေယဉ်ကလည်းလာပစ်တယ်တိုက်ပွဲကတော့နေ့တိုင်းဖြစ်နေတယ် ၊စစ်ကောင်စီဘက်ကလည်း ဒီနေရာတွေ မပေးရရေး လေကြောင်းက အပြင်းအထန်ခုခံနေတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ် ။
ကျောက်ဖြူမြို့နယ်ထဲမှာ တရုတ်ရင်းနှီးမြုပ်နံမှု စီမံကိန်း ၁၁ ခုရှိနေပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း စတင်ရာ မြို့နယ်လည်းဖြစ်ပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုံစီမံကိန်းဟာ ကျောက်ဖြူမြို့နယ် မဒေးကျွန်း ပတ်ဝန်းကျင်က နေရာတော်တော်များများပါဝင်နေပြီး ၊ စီမံကိန်း ဧရိယာအတွက် ဧကပေါင်း ၆၀၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။
အဲ့ဒီစီမံကိန်းမှာ ရေနံတင်သဘေ်ာကြီးတွေ ဆိုက်ကပ်နိုင်မယ့် ရေနက်ဆိပ်ကမ်းစီမံကိန်း ၊ စက်မှုဇုံစီမံကိန်းနဲ့ လူနေအိမ်ယာ စီမံကိန်းတွေ လည်း ပါဝင်ပါတယ်။
ဒါအပြင် စစ်ကောင်စီရေတပ်က အထူးလုံခြုံရေးယူထားတဲ့ ရေနံလှောင်ကန်တွေ ၊ ဂက်စ် သန့်စင်စက်ရုံတွေ ရှိနေသလို နေ့စဉ် သဘာဝဓာတ်ငွေ့ တွေ ပို့လွှတ်နေတာဖြစ်ပါတယ်။
စစ်ပွဲကာလအတွင်းမှာပင် ကမ်းလွန်ရေနံလုပ်ကွက်တွေကို တင်ဒါခေါ်ခြင်း ၊ အထူးစီးပွားရေးဇုံ စီမံကိန်းတို့ကို လက်မှတ်ရေးထိုးခြင်းတွေကို စစ်ကောင်စီက နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒါအပြင် ကျောက်ဖြူမှာ အထူးစီးပွားရေးဇုံအကောင်အထည်ဖော်တည်ဆောက်မယ့် CITIC ကုမ္ပဏီနဲ့ စစ်ကောင်စီတို့ဟာ အခု ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါသေးတယ်။
အမ်းချောင်းသူ
လေး၀တီFM
online ai undress ai remove clothes from photo
Нужны скины? обмен скинов стим обменивайте скины CS2, Rust, Dota 2 и TF2 быстро и выгодно! Удобный обмен игровыми предметами, широкий выбор скинов, выгодные предложения и безопасные сделки. Покупайте, продавайте и обменивайте скины на одной платформе.
аниме подушки дакимакуры подушка аниме во весь рост
Рассмотрите профессиональное ответственное хранение груза москва при необходимости временного размещения товара. Передача товара на склад дает возможность рациональнее управлять товарными запасами. В складском комплексе размещают продукцию разных размеров. Дополнительно доступны погрузочно-разгрузочные работы. Для дистрибьютора подобное решение помогает упростить работу с запасами.
поверка квартирного теплосчетчика https://poverka-teploschetchika.ru