ရခိုင်ပြည်၊ ကျောက်ဖြူမြို့ တိုက်ပွဲအတွင်းက လက်နက်ချ အလင်းဝင် နေတဲ့ စစ်သားတွေရဲ့ ဇနီးးမယားတွေ နဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့ ရှေ့တန်းစစ်မျက်နှာပြင်ကနေ ULA /AA ထံ လက်နက်ချ အလင်းဝင်သွားတဲ့ စစ်သားတွေရဲ့ ဇနီး ၊သားမယားတွေနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီဘက်က ဖမ်းဆီး ထိန်းချုပ်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
” နောက်လူတွေ အလင်းမဝင်အောင် ၊ ထွက်မပြေးအောင် နမူနာပြတဲ့သဘောအနေနဲ့ ဒီလိုမျိုးလုပ်တာပါ၊ အရင် ထွက်ပြေး ၊အလင်းဝင်သွားတဲ့သူတွေရဲ့သားတွေ ၊မယားတွေကို တပ်တွင်း၊ တပ်ပြင်ထွက်ခွင့်မပေးတော့ဘူး ၊ ဖမ်းဆီးထိန်းသိမ်းထားပါတယ်” လို့ သူကပြောပါတယ်။
ထွက်ပြေး၊ အလင်းဝင်ကြတဲ့ စစ်ကောင်စီ တပ်သား အများစုဟာ ကျောက်ဖြူမြို့မှာရှိတဲ့ အမှတ်(၃၂)ရဲတပ်ရင်း၊သစ်ပုတ်တောင် ဓညဝတီရေတပ်ဌာနချုပ်က ရှေ့တန်းခံစစ်စခန်းတွေမှာ တာဝန်ကျသူတွေဖြစ်ပါတယ်။
တပ်သားတွေဟာ စစ်ကြောင်းထိုးရင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ချိန်မှာ အလင်းဝင်သွားကြသူတွေ ဖြစ်ပြီး သက်ြန်ကာလ အတွင်းမှာ အင်အား ၃၀ ကျော် အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့ နယ်ထဲက တပ်စခန်းတွေမှာ စိတ်ဓာတ်ဆိုင်ရာပျက်ပြားမှုရှိနေတယ်လို့လည်း တပ်မိသားစုနဲ့နီးစပ်သူ တစ်ဦးက လေးဝတီFM ကိုပြောပါတယ်။
” တပ်မှာကထွက်ပြေးချင်တဲ့သူများနေတော့ တပ်ပျက်နေတဲ့သဘောဖြစ်နေတဲ့ အနေအထားကြားနေတယ်။ စည်းလုံးမှုမရှိတော့ဘူး။ အရင်ရှိတဲ့ တပ်တွေနဲ့ ‘မွတ်ဆလင် စစ်သင်တန်းဆင်းတွေ ကြားမှာလည်း ပဋိအက္ခတွေဖြစ်တယ်” လို့ စစ်ကောင်စီ နဲ့ နီးစပ်သူ က ပြောပါတယ်။
ကျောက်ဖြူမြို့မှာ စစ်ကောင်စီဖက်က တဖက်သတ် စစ်ကြောင်းထိုးနေပြီး လေကြောင်း နဲ့ ဒရုန်း တိုက်ခိုက်မှုတွေ အပြင် AA တပ်ဖွဲ့တွေ ရှိနိုင်တဲ့ နေရာတွေကို နေဗီက ကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ လည်းသိရပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က နည်းပညာပိုင်းဆိုင်ရာ ဒရုန်းပစ်ခတ်မှု၊ စက်တပ်လေထီး တွေ အများအပြား အသုံးပြုတိုက်ခိုက်နေ တယ်လို့သိရပါတယ်။
အမ်းချောင်းသူ
References:
Scratch 2 cash commonwiki.space
References:
Casino jack and the united states of money https://casino-da-povoa.online-spielhallen.de/
References:
Don casino erfahrungen Slothunter Casino Auszahlung
References:
Video poker juego https://jobsbotswana.info/companies/best-online-pokies-australia-2026-at-au-sites-for-real-money