အာရက္ခတပ်တော် ထိမ်းချုပ်ထားတဲ့ ကျောက်တော်မြို့ပေါ်ကို ဒီကနေ့ ညနေ သုံးနာရီက စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးခဲ့ပါတယ်။
ကျောက်တော်မြို့ ရွှေကျောင်း အနောက်ဖက် ရွာမရပ်ကွက်ကို ကျရောက်ပြီး ဆယ်နှစ်အရွယ် မိန်းကလေး တစ်ဦးသေဆုံးခဲ့ကာ သုံးဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
သေဆုံးသူဟာ စစ်ရှောင်ဖို့ ရောက်ရှိနေသူ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်ရာမှာ သေဆုံးခဲ့ပါတယ်။ ကျောက်တော်မြို့က ဒေသခံ အချို့ဟာ ဒီလအတွင်းမှာပဲ စစ်ရှောင်စခန်းတွေကနေ ပြန်လည်ဝင်ရောက်နေထိုင်တာလည်းဖြစ်ပါတယ်။
“လေယာဉ်က မနက်ကတည်းကပဲ အမ်းမြို့ကို ဝဲတယ်၊ တစ်နေကုန် ဝဲနေပြီး ညနေဘက်မှာ ကျောက်တော်မြို့ကို ကြဲချသွားတာပါ။ ရခိုင်က လွတ်မြောက်မြို့တွေ “ လို့ ကျောက်တော်သတင်းရင်းမြစ်က ပြောပါတယ်။
မနေ့က မေ ၁၃ ရက်မှာလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၃ ဦးသေဆုံးခဲ့ပါတယ်။
အမ်းချောင်းသူ ၊ လေးဝတီ FM
References:
Casino slot machine games https://verde-casino-25-euro-bonus.online-spielhallen.de/
References:
Speedy Casino Bonus Casino Bonus ohne Einzahlung 2026