ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီအမတ(၃၄၄) အမြောက်တပ်ရင်းကို ဇွန်လ ၁၁ ရက်နေ့ ညပိုင်း ၈ နာရီကျော် ကစပြီး AA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး ဒီကနေ့မနက်ပိုင်းမှာ အမြှောက်တပ် ကို ကျုံပျော်ဘက်ကိုရွှေ့ပြောင်းသွားတယ်လို့ သတင်းရရှိပါတယ်။
ရေကြည် အမတ ၃၄၄ မှာ တိုက်ပွဲပြင်းထန်နေတာ သုံးရက်မြောက်ရှိပြီဖြစ်ပြီး ဒီနေ့မနက် စစ်ကောင်စီဘက်က လေကြောင်းနဲ့ခုခံနေ သလို ၊ မြေပြင်မှာရှိတဲ့ တပ်ကိုတော့ ကျုံပျော်ဘက်ကို တဝက်တပျက်ရွှေ့ပြောင်းသွားတာဖြစ်တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲကအနီးကပ်ဖြစ်သွားပြီ စစ်ကောင်စီဖက်ကလေကြောင်းကပစ်နေရတယ်။ လမ်းပိုင်းပေါ်မှာ စစ်ကားတွေ အသွားအပြန် လုပ်နေကြတယ်။ ကျုံပျော်ဘက်ကို တပ်ဆုတ်နေတာာပါ” လို့ မြေပြင်သတင်းရင်းမြစ်က လေးဝတီ FM ကိုပြောပါတယ်။
မေလ ကတည်းက အမတ ၃၄၄ က အမြှောက်တပ်ဖွဲ့ အချို့ကို ငသိုင်းချောင်းဘက်လည်း မှာ နေရာချထားပြီး အဲ့ဒီဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ဆိုပါတယ်။
အမတ ၃၄၄ မှာ ရှိတဲ့ အရေးကြီးပစ္စည်းတွေကို ရွှေ့ပြောင်းထားတာဖြစ်ပြီး အဲ့ဒီတပ်ရင်းထဲမှာ ရှေ့တန်းတပ်ဖွဲ့ဝင်စခန်း တစ်ခုသာ ကျန်တော့တာ လို့ မြေပြင်အခြေအနေ ကို သတင်းရင်းမြစ်က ရှင်းပြပါတယ်။
“AAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ချဉ်းကပ် ပိတ်ဆို့မူကို သူတို့က ရိပ်မိသွားတယ်။ ဒီအမြောက်တပ်ကို လက်လွှတ်ရနိုင်တယ်လို့ ယူဆလို့ အမြောက်တွေကို ရွှေ့ထားတာပါ။ AAက သိမ်းပိုက်နိုင်ဖို့ ၉၀ရာနူန်းသေချာနေပြီ” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ရေကြည်မြို့က အမတ (၃၄၄ ) အနီးမှာ တိုက်ပွဲပြန်လည်ပြင်းထန်လာတာ နှစ်ပတ်ခန့်ရှိပြီဖြစ်ပြီး အနီးအနားက ကျေးရွာတချို့ကိုလည်း AA ဉီးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
ရခိုင်ရိုးမ တစ်ဖက်ခြမ်းဖြစ်တဲ့ ဂွ နဲ့ ငသိုင်းချောင်းလမ်းပိုင်းပေါ်က ရေနံ့သာ ဂိတ်အနီးမှာ လည်း တိုက်ပွဲအချို့ရှိနေပါသေးတယ်။ အာရက္ခတပ်တော် ရဲ့ ထိုးစစ်ဟာ ၂၀၂၄ ဒီဇင်ဘာကတည်းက ရခိုင်ပြည် အစပ် က တဆင့် ဧရာဝတီတိုင်းထဲကို ထိုးဖောက်လာတာဖြစ်ပြီး မကျီးဇင် ၊ ဘောမိ ၊ ရွှေသောင်ယံ နဲ့ ကမ်းခြေ ရွာ တချို့ကို သိမ်းပိုက်ထားပါတယ်။
အဉ္စနလီညှင်း လေး၀တီFM
References:
Lucky live casino urlscan.io
References:
Hinckley casino mn https://princess-casino-bonus.online-spielhallen.de/
References:
Casino stuttgart https://vegas-palms-casino-resort.online-spielhallen.de/
I’ve tried a few platforms lately, but this one really stands out for its smoothness. The interface is clean and the payouts are fair. Definitely giving zz88game another shot tonight!
Super fun gaming environment and the community is pretty chill. It feels like a genuine place to enjoy some betting. Try pk99game
I love how quick the registration was. The site looks modern and feels very secure, which is exactly what I need when playing online. 777fe8login