ဘဂ်လားဒေ့ရှ် စစ်တကောင်းဒေသမှာ နေထိုင်တဲ့ မာရမာ မျိုးနွယ်စုတွေ နဲ့ ဘဂ်လားဒေ့ရှ် အာဏာပိုင်တွေကြားမှာ တင်းမာမှုတွေ စတင်လာခဲ့တာ သုံးရက်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ က ဘဂ်လားဒေ့ရှ် ခါကာဆိုရီ ခရိုင် ၊ ဂွီမားရာ မြို့နယ် မှာ မရမာကျောင်းသူတစ်ဦး ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်ကို တရားမျှတမှု ရရှိရေး မရမာ နဲ့ သက် လူငယ်တွေက ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်မှုတွေကို ဖြိုခွင်းတဲ့ အခါမှာ အုပ်စုဖွဲ့ အကြမ်းဖက်တဲ့ ပုံစံနဲ့ ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ သုံးဦးသေဆုံးခဲ့ တဲ့ အပြင် ဒါဇင်နဲ့ ချီတဲ့ လူငယ်တွေဟာ ထိခိုက်ဒဏ်ရာတွေလည်းရရှိခဲ့တယ် လို့ ဒေသတွင်း သတင်းဌာန တစ်ခုဖြစ်တဲ့ The Daily Star က အတည်ပြုဖော်ပြထားပါတယ်။

မာရမာ (ရခိုင်) လူမျိုးများ ကျောင်းသူ မဦးလှမေ (၁၈)နှစ်၊ ကျောင်းသား ကိုမြတ်လှဖြူ (၂၄) နှစ်နှင့် နောက်ထပ် အမည် မစုံစမ်းနိုင်သေးတဲ့ လူငယ်တစ်ဦး သေဆုံးခဲ့တယ် လို့ ဖော်ပြထားပါတယ်။
ဒေသခံ CJ တွေ ထုတ်ဖော်တင်ဆက်ထားတဲ့ ရုပ်ပုံတွေမှာ ဘဂ်လားဒေ့ရှ် ရဲဝန်ထမ်းတွေနဲ့ ဘဂ်လားနိုင်ငံသားအကြမ်းဖက် သူအချို့က ဆန္ဒထုတ်ဖော်နေသူတွေရဲ့ နေအိမ်တွေ ၊ ဈေးတွေ ကို မီးရှို့ဖျက်ဆီးတာတွေလည်းပြုလုပ်ခဲ့တယ် လို့ တွေ့ရှိရပါတယ်။

ဒေသခံ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Rights & Risks Analysis Group (RRAG) ကလည်း
“ဘင်္ဂလားဒေ့ရှ် စစ်တပ်ဟာငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် သူတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်” လို့ ထုတ်ပြန်ထားပါတယ်။

ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေကတော့မုဒိမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်၍ ကျန်ရှိနေသေးသော စွပ်စွဲခံရသူနှစ်ဦးကို ချက်ချင်း ဖမ်းဆီး အရေးယူရန် ၊
မုဒိမ်းမှုနှင့် တိုက်ခိုက်မှုများကို စုံစမ်းရန် ရက် ၃၀ အတွင်း ကြားနေသည့် ဥပဒေရေးရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် အပါအဝင်မရမာ နဲ့ သက်လူမျိုးတွေ အတွက် တရားမျှတမှုကို ဖော်ထုတ်ပေးမယ့် အချက်တွေကို တောင်းဆိုထားပါတယ်။
စစ်တကောင်းတောင်တန်းနယ် ခါကာဆိုရီခရိုင်၊ ရန္ကာမတီခရိုင်နှင့် ရွာတော် (ဘင်ဒရိုဘင်) ခရိုင်တွင် ရခိုင်အနွယ်ဝင် မာရမာ ၊ နဲ့ သက်လူမျိုးတွေ နေထိုင်ကြပြီး လူဦးရေ တစ်သန်းကျော် နေထိုင်ကြပါတယ်။
လေးဝတီ FM
I simply couldn’t leave your web site prior to suggesting that I extremely enjoyed the usual information an individual supply in your visitors? Is going to be back steadily to investigate cross-check new posts
When I originally commented I clicked the -Notify me when new comments are added- checkbox and now each time a comment is added I get four emails with the same comment. Is there any way you can remove me from that service? Thanks!