Laywaddy FM

ပလက်ဝမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကို အမြန်ဆုံးဖော်ထုတ်ဖို့ အာရက္ခအစိုးရ ကို GKO အဖွဲ့တောင်းဆို

ပလက်ဝမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကို အမြန်ဆုံးဖော်ထုတ်ဖို့ အာရက္ခအစိုးရ ကို GKO အဖွဲ့တောင်းဆို

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝဒေသမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှု နဲ့ ပတ်သက်ပြီး၊

ကျူးလွန်သူကို အမြန်ဆုံးအရေးယူပေးဖို့ ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့(GKO) က အာရက္ခအစိုးရ ကို ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့က ပလက်ဝမြို့နယ် ဒလက်ကိုင်းကျေးရွာက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ကို

မြောက်ဦးမြို့နယ်က ရွှေ့ပြောင်းနေထိုင်သူ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဒီအမျိုးသားကို အာရက္ခအစိုးရ အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၉ ရက်မှာ ဖမ်းဆီးသွားပေမယ့် ၊ ပြစ်မှုစီရင်ခြင်းမရှိသေးတဲ့ အတွက်

တရားမျှတမှုကိုတောင်းဆိုထားတာဖြစ်ပါတယ်။

“ULA/AA အနေနဲ့ ဒေသတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၊ မုဒိမ်းမှုများအပါအဝင် အခြေခံလူ့အခွင့်အရေးများကို အလေးထားဆောင်ရွက်ရန် လိုအပ်ပြီး ၊ အခုလို အသက်မပြည့်သေးသည့် မိန်းကလေးငယ်များအပေါ် ကျူးလွန်ခြင်းကို ထိရောက်စွာ ကိုင်တွယ်ရန် တိုက်တွန်းသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပလက်ဝဒေသတွင်းမှာ ULA/AA ထိန်းချုပ်ပြီးနောက်ပိုင်း မုဒိမ်းမှု ငါးကြိမ်ဖြစ်ပွားခဲ့ပြီး အချို့အမှုတွေမှာ အောက်ခြေတပ်သား တချို့ ကျူးလွန်ခဲ့တဲ့ အမှုတွေ ပါဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

“ဒီလိုအမှုတွေကို သေချာစီရင်ဖို့ပြောရင် အေအေ ကို ပုံဖျက် နေတယ် ဆိုပြီး ဝိုင်းပြောကြတယ်။ ဒါက မုဒိမ်းမှုကျူးလွန်သူကို ကာကွယ်နေတာနဲ့ တူတယ်” လို့ ရခိုင်လူငယ် နဲ့ အမျိုးသမီးအဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ဒီမတိုင်ခင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၆ ရက်က မင်းပြားမြို့နယ် ဖားပြိုကျေးရွာ အသက် (၉) နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု လည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၁၀ ခုကျော်က ၊ ကျူးလွန်သူကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

အခု အချိန်အထိတော့ အာရက္ခအစိုးရထိန်းချုပ်ဒေသမှာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေ ၊ မုဒိမ်းမှုကျူးလွန်သူတွေကို ကို ဘယ်လို စီရင်နေသလဲ ဆိုတာကို ပြည်သူကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဓာတ်ပုံ – ပလက်ဝ ဒေသမှာ မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ သူ နှစ်ဦးကို ဖမ်းဆီးနိုင်ရေး ကြေငြာထားပုံ

(ပုံဟောင်း )

Kay Zue

Related Posts

4 thoughts on “ပလက်ဝမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကို အမြန်ဆုံးဖော်ထုတ်ဖို့ အာရက္ခအစိုးရ ကို GKO အဖွဲ့တောင်းဆို”

  1. I’ve been playing on this app for a few weeks now and the interface is super smooth. The payouts are surprisingly fast too. Highly recommend j8jiliapp for anyone looking for a reliable spot.

Leave a Reply

Your email address will not be published. Required fields are marked *