Laywaddy FM

နိုင်ငံတကာလူ့အခွင့်ရေးနေ့ မှာ ရခိုင်ကို ဗုံးကြဲ လူ ၃၀ ကျော် အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရခြင်း

နိုင်ငံတကာလူ့အခွင့်ရေးနေ့ မှာ ရခိုင်ကို ဗုံးကြဲ လူ ၃၀ ကျော် အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရခြင်း

ရခိုင်ပြည်မြောက်ဦးမြို့မှာရှိတဲ့ အရပ်ဘက်ဆေးရုံကြီးကို ဒီဇင်ဘာ ၁၀ ရက်ညပိုင်းမှာ စစ်ကော်မရှင်လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးကုသနေတဲ့ လူနာ ၃၁ ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်ကော်မရှင်ဟာ ည (၉)နာရီကျော်အချိန်မှာ ပေါင် ၅၀၀ ဗုံးနှစ်လုံးကို မြောက်ဦးဆေးရုံတည့်တည့်ကို ကြဲချခဲ့တာဖြစ်ပါတယ်။

“မနေ့ညကပဲ တစ်ညလုံး အပျက်အစီးတွေကြားမှာလူတွေကို တစ်ညလုံး ထုတ်ယူရတာ ၊ သေဆုံးသူတွေကိုလည်း ဒီနေ့မနက်မှာ သဂြို်ကြပါတယ်။ လူတွေ အကုန်လုံးစိတ်ပန်းလူပန်းဖြစ်နေကြပါတယ် ” လို့ မြောက်ဦးသတင်းရင်းမြစ်က လေးဝတီFM ကို ပြောပါတယ်။

လောလောဆယ် သေဆုံးမှုစာရင်းက ၃၁ ဦးဆိုပေမယ့် တစ်ရာဝန်းကျင် ဒဏ်ရာရရှိခဲ့တဲ့အတွက် ၊ အရေးပေါ်ဆေးကုသမှု မရရှိတဲ့ လူနာတွေ ထဲက ထပ်မံသေဆုံးမှုတွေလည်းရှိနေပါတယ်လို့ သတင်းရရှိပါတယ်။

လေးဝတီFM

Kay Zue

Related Posts

10 thoughts on “နိုင်ငံတကာလူ့အခွင့်ရေးနေ့ မှာ ရခိုင်ကို ဗုံးကြဲ လူ ၃၀ ကျော် အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရခြင်း

  1. magnificent publish, very informative. I’m wondering why the opposite specialists of this
    sector do not realize this. You must proceed your writing.
    I am confident, you’ve a great readers’ base already!

Leave a Reply

Your email address will not be published. Required fields are marked *