Laywaddy FM

စကစ လက်အောက်ခံ ဆေးရုံဝန်ထမ်းတွေ မရှိတော့လို့ မြောက်ဦးကို ဗုံးကြဲခြင်းဖြစ်တယ်လို့ ထုတ်ပြန်

စကစ လက်အောက်ခံ ဆေးရုံဝန်ထမ်းတွေ မရှိတော့လို့ မြောက်ဦးကို ဗုံးကြဲခြင်းဖြစ်တယ်လို့ ထုတ်ပြန်

စစ်ကော်မရှင်တပ်တွေဟာ မြောက်ဦးမြို့က ဆုတ်ခွာပေးရပြီးနောက် ၄င်းတို့ ခန့်အပ်ထားတဲ့ ဆေးရုံဝန်ထမ်းတွေ မရှိတော့တဲ့ အတွက်

ဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့ စစ်ကော်မရှင် သတင်းစာက နေ ဒီနေ့မနက်မှာ ထုတ်ပြန်လာပါတယ်။

မြောက်ဦးဆေးရုံမှာရှိတဲ့ စစ်ကော်မရှင် အစိုးရလက်အောက်ခံဝန်ထမ်းတွေကို ဒေသတွင်းက ပြောင်းရွှေ့ထားရပြီး လက်ရှိကျန်ရှိသူတွေဟာ “သူပုန်တွေ” ဖြစ်တယ်လို့ အကြမ်းဖက်စကားလုံးတွေ အသုံးပြုပြီး ထုတ်ပြန်ထားပါတယ်။

မြောက်ဦးမြို့ကို ULA/AA ဘက်က ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် မြောက်ဦးဆေးရုံမှာ ရှိနေတဲ့ ဆေးဝန်ထမ်းတွေဟာလည်း

ULA/AA နဲ့ ဆက်စပ်သူတွေ ဖြစ်တယ်လို့ သူက ထပ်မံစွက်စွဲထားပါတယ်။

ဒီထုတ်ပြန်ချက်အရ စစ်ကော်မရှင်ဟာ သူ့ဝန်ထမ်းမဟုတ်တဲ့ သာမာန်ပြည်သူတွေကို ရန်သူအဖြစ် သတ်မှတ်ချေမှုန်းနေတယ်ဆိုတဲ့ သက်သေဖြစ်ပါတယ်။

သေဆုံးသွားရသူတွေကို ပြစ်တင်ထားပြီး ထုတ်ပြန်ချက်အဆုံးမှာ ” စစ်ဆင်ရေး ဆက်လုပ်သွားမယ် ” လို့ ထည့်သွင်းထားပါတယ် ။

ဒါကြောင့် စစ်ကော်မရှင်ဟာ သူလက်လွှတ်ထားရတဲ့ နယ်မြေမှာ နေထိုင်ရတဲ့ အရပ်သားတွေကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်ပါတယ်။

ရခိုင်ဒေသမှာ စစ်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆေးရုံဆေးခန်းတွေ ရှားပါလာပါတယ်။

ဒါအပြင် အခုလိုမကြာခဏလေကြောင်းတိုက်ခိုက်ခံနေရပြီး ထပ်မံ ဒဏ်ရာရရှိတဲ့ အရပ်သားတွေကို လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြားက မြောက်ဦးမြို့အထိ သယ်ဆောင်ကုသနေကြရတာဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ တယ်လီဂရမ် အကောင့်အတုတွေ ကနေ ဝါဒဖြန့်ထားတဲ့ ဓာတ်ပုံကို အသုံးပြုပြီး ULA/AA တပ်ဖွဲ့ဝင်တွေ များစွာသေဆုံးခဲ့တယ်လို့ လည်း မြန်မာ့အလင်း သတင်းစာမှာ လိမ်ညာထည့်သွင်းထားပါတယ်။

အရပ်သား တွေ ဆေးကုနေတဲ့ အဆောက်အဦ ဖြစ်တဲ့ မြောက်ဦးဆေးရုံကို တိုက်ခိုက်ခဲ့တဲ့အတွက် UN အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူအဖွဲ့အစည်းအသီးသီးက စစ်ကော်မရှင်ကို ကန့်ကွက်ရှုတ်ချနေကြပါတယ်။

လေးဝတီFM

Kay Zue

Related Posts

2 thoughts on “စကစ လက်အောက်ခံ ဆေးရုံဝန်ထမ်းတွေ မရှိတော့လို့ မြောက်ဦးကို ဗုံးကြဲခြင်းဖြစ်တယ်လို့ ထုတ်ပြန်

  1. I really appreciate the welcome bonus they gave me. It gave me enough credit to explore all the different rooms. vnzs88 is definitely a top tier choice.

Leave a Reply

Your email address will not be published. Required fields are marked *