ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ထဲမှာရှိတဲ့ ပွိုင့် ၆၆၆ စခန်း ကို ပြန်လည်ထိုးစစ်ဆင်တဲ့ တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က ဒုဗိုလ်မှူးကြီး အဆင့် တစ်ဦးနဲ့ အတူ တပ်သား ၅၀ ကျော် သေဆုံးခဲ့တယ် လို့ AAနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကော်မရှင် တပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးမိခဲ့တယ်လို့ ကနဦးသတင်းတွေရရှိခဲ့ပြီး ၊ တိုက်ပွဲအတွင်း သေဆုံးမှုအခြေအနေတွေကို ဒီဇင်ဘာ ၂၃ ရက်မှာ ထပ်မံစုံစမ်း သိရှိထားတာဖြစ်ပါတယ်။
ပွိုင့် ၆၆၆ စခန်းကို စစ်ကော်မရှင်ဘက် ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ ထိုးစစ်ဆင်ခဲ့တာပါ။
အဲ့ဒီတိုက်ပွဲမှာပဲ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး ကို AA ရဲ့ စနိုက်ဘာ ထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။
” သူတို့ဘက်က ပြန်ပြီးထိုးစစ်ဆင်လာတာပါ ။ ဆင်လန် ၊ ညောင်ကျိုး ၊ ပွိုင့် ၆၆၆ စခန်းတွေကို စစ်ကြောင်းတွေ စစ်ကြောင်းတွေ ပြန်ထိုးနေတာပါ၊ စစ်ကြောင်းမှူး ဒုဗိုလ်မှူး ကို ထိပါတယ်။ နာမည်မသိသေးပါ ။ ဒါပေမယ့် သူတို့ ဘက်က အကျအဆုံးတွေနဲ့ ပြန်ဆုတ်နေကြပါပြီ” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင်အဲ့ဒီစစ်ကြောင်းမှာပါဝင်တဲ့ တပ်သား ၅၀ ကျော်ကျဆုံးပြီး ၊ ဆယ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ပွိုင့် ၆၆၆ ကာကင်းစခန်းဟာ ပန်းတောင်မြို့နယ်ထဲက ကပစ ၁၆ ရဲ့ ကို ခြိမ်းခြောက်နိုင်တဲ့ စခန်းတစ်ခုဖြစ်ပြီး ၊ ကော်မရှင်ဘက်က ပြန်လည်ရယူဖို့ ဆက်တိုက် ကြိုးပန်းလာတာဖြစ်ပါတယ်။
၂၀၂၅ မတ်လအတွင်းကလည်း စစ်ကောင်စီရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်း ဟာ AA နဲ့ ပူးပေါင်းတပ်တွေ ရဲ့ လက်ချက်နဲ့ ပန်းတောင်းမြို့နယ် ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲတွင်းမှာ သေဆုံးခဲ့ပါတယ်။
လေးဝတီ FM
Really impressed with the bonuses they offer for new players. It feels like they actually care about the user experience. Cheers to vn88tt