ရခိုင်ပြည်နယ် ထဲ က တိုက်ပွဲဧရိယာတွင်းမှာ စစ်ကောင်စီ အထိနာနေ ပေမယ့်
တိုက်ပွဲမဖော်ဆောင်နိုင်သေးတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့တွေမှာ စစ်ကောင်စီက
အနှောက်အယှက်ကင်းကင်းနဲ့ ပြည်သူ့စစ်တွေ ဖွဲ့စည်းပြီး စစ်သားစုဆောင်းနေနိုင်တဲ့ အခြေအနေ
ဖြစ်နေပါတယ်။
ဧပြီလ ၁ ရက်နေ့ကနေ စပြီး ရခိုင်ပြည်နယ် သံတွဲမြို့နယ် ၊ မာန်အောင်မြို့နယ် ၊ ဂွမြို့နယ်တို့မှာ
ရွာသားတွေကို ပြည်သူ့စစ်ထဲ ဝင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဖိအားပေးနေတယ် လို့
လေးဝတီ FM က စုံစမ်းသိရှိရပါတယ်။
\”ဥက္ကဌပြောတာက တော့ စစ်တိုက်စရာမလို ၊ ဂိတ်တွေမှာစောင့်ရဖို့ ကိုယ့်ရွာကို ကာကွယ်ဖို့
ဖွဲ့တာလို့ပြောတယ် ၊ မလိုက်မနေ ရ လိုက်ရမယ်လို့ပြောတယ်။ မလိုက်တဲ့ အိမ်သားတွေက
လိုက်တဲ့လူအတွက် ရိက္ခာဖိုးပေးရဖို့ လို့ပြောသွားတယ် \” လို့ ပြည်သူ့စစ် ထဲ ဝင်ဖို့
ဖိအားပေးခံနေရတဲ့ သံတွဲမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။
ဒါအပြင် တောင်ကုတ်မြို့နယ် မာန်အောင်မြို့တွေမှာလည်း အခုလို ပြည်သူ့
စစ်စုဆောင်းနေတာတွေ အပြင်းအထန်လုပ်နေပြီး ဒေသခံ တွေ အနေနဲ့ ရွာတွေ ထဲမှာ
ထွက်ပေါက်ပိတ် နေတယ်လို့ ဆိုပါတယ်။
\”တချို့ကလေးတွေ ကတော့ သူတို့လက်ထဲ အပါမခံနိုင်လို့ မိဘတွေ ကိုယ်တိုင် AA ထဲ
ထည့်လိုက်တာတွေရှိတယ် ၊ တချို့ကြ မသွားတတ်မလာတတ်နဲ့ စစ်ကားလာရင် တောထဲ
ဝင်ပုန်းကြတယ် ဥက္ကဌ က ရွာထဲက လူတွေ ဆူဆူပူပူ ဖြစ်မှာကြောက်လို့ ပွင့်ပွင့်လင်းလင်းမပြော
ဘဲ စာရင်းတွေ လိမ်ပြီး ကောက်တယ်၊ မလိမ့်တပတ်နဲ့ လုပ်နေတယ် \” လို့ တောင်ကုတ်
အနီးကျေးရွာတစ်ရွာ က ဒေသခံ ကပြောပါတယ်။
ရခိုင်စစ်မြေပြင်တိုက်ပွဲ အတွင်းမှာ တပ်ရင်းလိုက် အလံဖြူထောင်တာတွေ၊ လက်နက်ချတာတွေ
ကြောင့် အင်အား ချိနဲ့နေတဲ့ စစ်ကောင်စစီဟာ ရခိုင်ပြည်နယ် က ကျန်ရှိနေတဲ့ တပ်ရင်းတပ်မ
တွေမှာ လူအင်အား အစားထိုးနိုင်ဖို့ ရခိုင်ဒေသခံတွေကို အသုံးပြုနေတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ရခိုင့်တပ်တော် AA ဟာ အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်နေပြီး ဘူးသီးတောင်မြို့ ၊
မောင်တောမြို့နဲ့ အမ်းမြို့ အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ai undress online aiundresser
Нужны скины? скины cs2 по выгодным ценам — большой выбор популярных предметов для Counter-Strike 2. Найдите редкие ножи, перчатки, оружие и другие скины для игры. Быстрая покупка, удобный каталог и актуальные цены на скины CS2.
Нужны скины? обмен скинов раст обменивайте скины CS2, Rust, Dota 2 и TF2 быстро и выгодно! Удобный обмен игровыми предметами, широкий выбор скинов, выгодные предложения и безопасные сделки. Покупайте, продавайте и обменивайте скины на одной платформе.
подушка для дакимакуры аниме подушка
Организуйте безопасное услуги складского помещения для бизнеса. Подобная услуга дает возможность решить задачу временного размещения продукции. В складском комплексе принимают товары различных категорий. По запросу могут выполняться погрузочно-разгрузочные работы. Для дистрибьютора это удобный способ организовать логистику.