Laywaddy FM

သံတွဲမြို့လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားတစ်ဦးသေဆုံး(၆ ဉီးဒဏ်ရာ ရ)

သံတွဲမြို့လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားတစ်ဦးသေဆုံး(၆ ဉီးဒဏ်ရာ ရ)

ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီက စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ နှစ်စီးနဲ့ သံတွဲမြို့ကိုလေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

သံတွဲမြို့ ဆံတော်တောင်ခြေရင်း ၊ ညောင်ပင်ဈေးရပ်ကွက် ၊ သမုတ်ချောင်းရပ်ကွက် တို့ကို တိုက်လေယာဉ်အသုံးပြုပြီး ကြဲချခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ညောင်ပင်ဈေးရပ်ကွက် မှာနေထိုင်တဲ့ ဦးဖိုးကျော် (၄၀) နှစ် မှာ နေအိမ်မှာပင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ညောင်ပင်ဈေးရပ်ကွက်က ဒေါ်ခင်ခင်နွယ်၊ ဦးသန်းဝင်း ၊ ဒေါ်မလုံး ၊ သမုတ်ချောင်းရပ်ကွက်က ဦးအောင်သိန်းတင် ၊ ဒေါ်အေးအေးသန်း၊ ဒေါ်နွယ်နွယ် တို့ (၆) ဦးဟာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် သံတွဲမြို့ အမှတ် (၄) ရပ်ကွက် ဓမ္မာရုံနဲ့ ညောင်ပင်ဈေး ၊ သမုတ်ချောင်းက နေအိမ် ရှစ်လုံးခန့် ပျက်စီးခဲ့ပြီး ဒေသခံတွေဟာ သံတွဲမြို့မှာ မနေရဲတော့ဘဲ ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ -APM

Kay Zue

Related Posts

15 thoughts on “သံတွဲမြို့လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားတစ်ဦးသေဆုံး(၆ ဉီးဒဏ်ရာ ရ)

  1. how much top non rtg online casinos (Reina) pokies and casinos australian games, new no
    deposit canadian casinos and poker online with friends canada, or buy slot machines
    australia

  2. free united statesn pokies zone online casino sign in, Dorris,, united states online casino real money and
    bingo bonus usa welcome, or best payout online slots australia

Leave a Reply

Your email address will not be published. Required fields are marked *