ဘယ်ခေတ်ဘယ်အခါမှာ မဆို ရခိုင်ပါတီ ၊ ရခိုင်နိုင်ငံရေးသမားတွေဟာ စင်ပေါ်မှာပဲ ရှိခဲ့ကြတယ်။
ရခိုင်လူမျိုးတို့ရဲ့ အင်အားကိုလည်း လွှတ်တော်ထဲမှာ ခိုင်ခိုင်မာမာ ပြနိုင်ခဲ့ကြတယ်။
အခုတော့ ရခိုင်ပြည်နယ်လွတ်တော်မှာ ကြံဖွတ်က ကြီးစိုးသွားပြီ။ အဲ့ဒီစကားက ပြောနေဖို့တောင်မလိုပါဘူး။
စစ်ကောင်စီလိုသလို က နေတဲ့ လွတ်တော်ဇာတ်ပွဲမှာ ရခိုင်ပြည်သူတွေက အဖက်လုပ်ပြီးလည်း စောင့်ကြည့်နေမယ့် ပုံမပေါ်ဘူး။
ရခိုင်မှာ ရခိုင်လူထုစိတ်မဝင်စားတဲ့ စစ်အာဏာရှင်က ကိုယ့်ဖဲကိုယ်ချိုးနေတဲ့ အဖြစ်။
မကြည့်လဲ က ရမယ့် လူတစ်စုကတော့ အာဏာရှင်အလိုကြ ကြိုးဆွဲရာ က နေရှာတယ်။
ရခိုင်ပြည်နယ် လွတ်တော်ဇာတ်ပွဲဟာ အလွန်တရာ စိတ်ပျက်ဖွယ်အတိ။
လွှတ်တော် ဆိုတာ ပြည်သူအသံကို ပဲ့တင်တဲ့နေရာဖြစ်တယ်။ ပြည်သူတွေကြားထဲတောင် သွားလို့မရတဲ့ လွှတ်တော်ကိုယ်စားတွေက ပြည်သူ့အသံကို ဘယ်လို ကိုယ်စားပြုနိုင်ပါအုံးမလဲ။
ဒီလို အခြေအနေမှာ ပြည်သူလူထုရဲ့လိုအပ်ချက်၊ ဆန္ဒနဲ့အမြင်တွေကို မဖော်ပြနိုင်သလို၊ ကိုယ်စား ပြုတယ်လို့ဆိုခြင်း ကလည်း အမှန်တရားနဲ့ မကိုက်ညီပါဘူး။
အခု ကျင်းပနေတဲ့ ရခိုင်ပြည်နယ်လွှတ်တော် မှာ ဥက္ကဋ္ဌအဖြစ် စစ်တွေမဲဆန္ဒနယ်အမှတ် (၂)က ဒေါက်တာစန်းရွှေ တင်မြှောက်ခံရပါတယ် ။
ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထင်လင်းဦးကို တင်မြှောက်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင် “လွတ်တော်ခေါ်ယူကျင်းပခြင်း” ဆိုတဲ့ လုပ်ရပ်ဟာ အဓိပ္ပါယ်တကယ်ရှိလားဆိုတာ မေးခွန်းတစ်ခုဖြစ်လာပါတယ်။
အထူးသဖြင့် မြို့နယ် ၁၇ ခုရှိတဲ့အထဲက စစ်ကောင်စီဘက်က တကယ်ထိန်းချုပ်နိုင်တာ ၃ မြို့နယ်ပဲရှိပြီး ကျန်တာတွေကို အေအေဘက်က ထိန်းချုပ်ထားတဲ့ အခြေအနေအောက်မှာ လွတ်တော်တစ်ခု ကျင်းပတာဟာ အမှန်တကယ် ပြည်သူ့အသံကို ကိုယ်စားမပြုတာရိုးရိုးရှင်းရှင်းမြင်နေရပါမယ်။
လွတ်တော်ဆိုတာဟာ သာမန်အားဖြင့် ပြည်သူတွေရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကနေ ပြည်သူ့အကျိုးအတွက် ဆုံးဖြတ်ချက်တွေချမှတ်တဲ့နေရာပါ။
ဒါပေမယ့် လက်ရှိအခြေအနေမှာ မြေပြင်ထိန်းချုပ်မှုကို မပြည့်စုံဘဲ လုပ်ဆောင်တဲ့ လွတ်တော်ဟာ လက်တွေ့အာဏာရှိတဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်ဘဲ သဘောတရားအရဟန်ပြရတဲ့ အခြေအနေမှာ
စစ်ကော်မရှင် ဘက်က စစ်ရှုံးနေတဲ့ ရခိုင်အတွက်တော့ ပိုပြီးရုပ်ပေါက်စေပါတယ်။
မြို့နယ်အများစု မထိန်းချုပ်နိုင်ဘဲ လွတ်တော်ခေါ်ယူခဲ့တာကြောင့် အဲဒီလွတ်တော်က ဆုံးဖြတ်ချက်တွေဟာ မြေပြင်မှာ မထိရောက်နိုင်သလို အကောင်အထည်မဖော်နိုင်ပါဘူး။
ဥပမာ—ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ မူဝါဒတွေ ပြည်နယ်လွှတ်တော်က ချမှတ်မယ်ဆိုရင် ပြည်သူတွေ အကျိုးခံစားနိုင်ဖို့ အာဏာပိုင်အဖွဲ့အစည်းတွေ၊ လုံခြုံရေးအခြေအနေတွေ လိုအပ်ပါတယ်။
လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်းမရှိ ၊ စာရွက်ပေါ်မှာပဲ ရှိနေတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်သွားမှာပါ။
ဒါကြောင့် လွှတ်တော်က ဆုံးဖြတ်တယ်ဆိုပြီး ပြည်သူကို ပေါ်တင်လိမ်ညာဖို့ ပူးပေါင်းကြံစည်နေကြတဲ့ ခန်းမတစ်ခု ပဲ ဖြစ်ပါလိမ့်မယ်။
စစ်ပွဲတွေကြောင့် လုံခြုံရေးမတည်ငြိမ်မှု၊ ထိန်းချုပ်ဒေသတွေ မသေချာမှု တွေရှိနေတဲ့ ဒေသမှာဆိုရင် ပြည်သူတွေရဲ့ အခြေအနေတွေဟာ ကွာဟချက် ပိုမိုကြီးမားလာနိုင်ပါတယ်။
ရခိုင်မှာတော့ စစ်ကော်မရှင်က လွတ်တော်ကျင်းပတာဟာ အစိုးရအဖွဲ့အစည်းတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ ပုံရိပ်တစ်ခု ဖန်တီးလိုတာထက်မပိုနိုင်ပါဘူး။ မြေပြင်အမှန်တရားနဲ့ မကိုက်ညီနေပါဘူး ။ ဒီတော့ကြာ လာတာနဲ့အမျှ ရခိုင်လူထုကယုံကြည်မှုပို ပိုပြီးကျဆင်းလာမှာပါ ။ ဒါဟာရခိုင်ပြည် ကိုယ့်ကြမ္မာကို ဖန်တီးရေးအတွက်လဲ ပိုခိုင်မှာစေမှာပါ။
လုံခြုံရေးတည်ငြိမ်ခြင်း၊ အာဏာတကယ်ရှိခြင်း၊ တရားမျှတမှုရှိခြင်းဆိုတာတွေမရှိတော့ ရခိုင်လွတ်တော်ဟာ အလုပ်လုပ်နိုင်စွမ်းလည်းမရှိနိုင်ပါဘူး။
အကျဉ်းချုပ်ပြောရရင် ရခိုင်ပြည်နယ်လို ထိန်းချုပ်မှုကွဲပြားနေတဲ့ ဒေသတစ်ခုမှာ လွတ်တော်ခေါ်ယူ ကျင်းပခြင်းဟာ လက်တွေ့အကျိုးသက်ရောက်မှုရှိသလိုအဓိပ္ပါယ်တစ်ခုမရှိနိုင်တော့ပါဘူး။
စစ်ကော်မရှင်ဘက်က ရခိုင်မှာ လွတ်တော်ခေါ်ယူတာဟာ အပြင်ပေါ်မှာတော့ နိုင်ငံရေးလုပ်ငန်းစဉ်ကို ဆက်လက်လည်ပတ်နေသလို ပြသဖို့ကြိုးစားမှုတစ်ရပ်ပဲဖြစ်ပါတယ်။
ဒါပေမယ့် အမှန်တကယ်အဓိပ္ပာယ်အနေနဲ့ ကြည့်မယ်ဆိုရင် အာဏာတည်မြဲရေး၊ အပြည်ပြည်ဆိုင်ရာအမြင်ထဲမှာ တရားဝင်မှုရှိနေသလို ပြသလိုခြင်းနဲ့ နိုင်ငံရေးထိန်းချုပ်မှုကို ခိုင်မာစေဖို့ ရည်ရွယ်ချက်တွေ ပါဝင်နေပါတယ်။
ဆိုလိုတာကတော့ မြေပြင်မှာ မြို့သုံးမြို့ပဲ ထိန်းထားနိုင်တော့တဲ့ စစ်ကော်မရှင်ဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ နဲ့ ဆက်ဆံတဲ့ အခါမှာ လွှတ်တော်ကျင်းပနိုင်ခြင်းရှိတယ်ဆိုတဲ့ တရားဝင်မှု ကို ပဲ ရယူတာဖြစ်ပါတယ်။
ရခိုင်ဒေသဟာ စစ်ရေး၊ နိုင်ငံရေးအရ အရေးပါတဲ့နေရာတစ်ခုဖြစ်တာကြောင့် လွတ်တော်လို အဖွဲ့အစည်းတစ်ခုကို ထားရှိပြသခြင်းက ဒေသတွင်းအာဏာပိုင်မှုကို ထိန်းသိမ်းနေတယ်ဆို ပုံရိပ်လည်းဖြစ်ပါတယ်။
ပြီးတော့ ဒေသခံနိုင်ငံရေးအင်အားစုတွေကို စနစ်တကျထိန်းချုပ်ထားနိုင်ဖို့၊ မိမိတို့လိုချင်တဲ့ပုံစံနဲ့ နိုင်ငံရေးကို လမ်းညွှန်နိုင်ဖို့လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ပြည်သူလူထုရဲ့ တကယ့်အသံ၊ တကယ့်ရွေးချယ်မှုတွေ မပါဝင်ဘဲ လုပ်ဆောင်နေတဲ့ လွတ်တော်တစ်ခုဆိုရင်အဆင်မပြေနိုင်ပါဘူး။
ရခိုင်လူထုဘက်ကနေ ကြည့်မယ်ဆိုရင် သူတို့ရဲ့နေ့စဉ်ဘဝထဲမှာ အရေးကြီးဆုံးက လုံခြုံရေး၊ စားဝတ်နေရေးနဲ့ အခြေခံဝန်ဆောင်မှုတွေကသာအရေးကြီးပါတယ်။
ဒီလို အခြေအနေတွေ မတည်ငြိမ်သေးတဲ့အချိန်မှာ လွတ်တော်ကျင်းပတယ်ဆိုတာဟာ လူထုအတွက် အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲတစ်ခုမဟုတ်ပါဘူး။
ဒီလို နိုင်ငံရေးဆိုင်ရာ “ဟန်ပြခြင်း” လုပ်ရပ်တွေကို ရခိုင်လူအတွက်မလိုအပ်ပါဘူး။
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြားမှာ ရခိုင်နိုင်ငံရေးသမားတွေ အတွက် ရွေးချယ်စရာလမ်းကြောင်းတွေက မလွယ်ကူပါဘူး ဒါပေမယ့်နိုင်ငံရေးသမားဆိုတာ အာဏာရှင်ထက်ပြည်သူကိုသာဗဟိုပြုရတာကိုသတိထားဖို့လိုပါတယ်။
လက်ရှိ စစ်ကောင်စီဘက်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းလမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင် အချို့သော အာဏာပိုင်အခွင့်အရေးတွေ၊ အဖွဲ့အစည်းအတွင်း အနေအထားတစ်ခု ရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုရွေးချယ်မှုဟာ လူထုအမြင်အရ ယုံကြည်မှုကျဆင်းစေနိုင်ပြီး “ပြည်သူ့ကိုယ်စားလှယ်” ဆိုတဲ့ အဓိပ္ပါယ်ကို ထိခိုက်စေနိုင်ပါတယ်။
လက်ရှိ မြေပြင်မှာ အာဏာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိပြီး လူထုအကျိုးကို ဦးစားပေးတဲ့ နည်းလမ်းကိုသာရွေးချယ်သင့်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ ရွေးချယ်မှုတစ်ခုကတော့ လူထုနဲ့ နီးကပ်စွာ ဆက်သွယ်နေပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို အခြေခံကနေ တင်ပြခြင်းပါ။
ပြည်သူ့အသံကို မကြားနိုင်တဲ့ လွတ်တော်တစ်ခုဟာ လွတ်တော်မဟုတ်တော့ဘူးဆိုတာကို လူတိုင်းလည်း တဖြည်းဖြည်း သိလာကြပြီ။
လူတွေလိုချင်တာက ဟန်ပြစကားတွေ မဟုတ်ဘူး။ တကယ်ပြောင်းလဲပေးနိုင်မယ့် လုပ်ရပ်တွေပါ။ အခုလို အခင်းအကျင်းထဲမှာတော့ လွတ်တော်ဆိုတာ စကားလုံးတစ်လုံးအဖြစ်ပဲ ကျန်ရစ်ပြီး၊ အဓိပ္ပါယ်ကတော့ လွဲချော်နေဆဲပါပဲ။
တစ်နေ့နေ့မှာတော့ ပြည်သူ့အသံကို တကယ်နားထောင်နိုင်တဲ့၊ ယုံကြည်စိတ်ချနိုင်တဲ့ ကိုယ်စားပြုမှုတစ်ခု ရခိုင်မှာ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ရပါတယ်။
အဲ့တော့ ဟန်ပြလွတ်တော်က ရခိုင်မှာဘာလုပ်မှာလဲပြော လို့မေးချင်ပါတယ်။
ပြည်သူ့ငွေတွေကိုလိမ်ယူ စစ်ကောင်စီပြောခိုင်းတာတွေပြောပြီး ခေါင်းပေါင်းလေး၊တိုက်ပုံ အင်္ကျီလေးနဲ့ လက်ညိုးထောင်ခေါင်းငြိမ့် ပြီး လိပ်ပြာမလုံစွာနဲ့ လွတ်တော်အသိုင်းအဝိုင်းဟာ အေအေဝိုင်းထားတဲ့ စစ်တွေမှာ လိပ်ပြာလုံမှာလား။
ကဲ အဲ့ဒီတော့ ဟန်ပြလွတ်တော်က ရခိုင်မှာဘာလုပ်မှာလဲပြော
You should participate in a contest for one of the best blogs on the web. I’ll suggest this website!
References:
William hill app android jo-casino.online-spielhallen.de
References:
Merkur spiele online Casino Bonus ohne Einzahlung
I dugg some of you post as I cogitated they were handy very helpful
The app version is so much better than the browser. It’s snappy and works perfectly on my phone. You guys should definitely download l444apk.
I really appreciate the customer support here, they answered my questions almost instantly. It makes the whole experience feel very secure. Shoutout to bd88xbajee!