နယ်စပ်ဒေသ ဆိုတာ သိပ်ကြောက်စရာကောင်းတဲ့နေရာလို့ အရင်တုန်းက ထင်ခဲ့ဖူးတယ်။ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးတဲ့နေရာ ၊ တရားမဝင်မှုတွေ ပြုလုပ်တဲ့နေရာ ၊ လူကုန်းကူးမှုတွေနဲ့ မလုံခြုံတဲ့နေရာတစ်ခုလို့ အမြဲတွေးခဲ့မိတယ်။
ခေတ်အဆက်ဆက်မှာ မြန်မာပြည်အနှံ့အပြား၊ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းရင်းသားဒေသ အသီးသီး ကလူငယ်တွေဟာ အလုပ်အကိုင်ရှားပါးတဲ့ ပြဿနာကြောင့် နယ်စပ်ဖြတ်ကျော်ပြီး အလုပ်အကိုင် ရှာဖွေကြရပါတယ်။
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူ၊ တော်လှန်သူ လူငယ်တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး အာဏာရှင်နှိပ်စက်တဲ့ဘေးဒုက္ခကနေ လွတ်မြောက်ရာ အရပ်အဖြစ် ရွေးချယ် ရှင်သန်နေထိုင်လာကြပါတယ်။ ၂၀၂၅ ဇန်နဝါရီလမှာ ပြည်သူ့ စစ်မှုထမ်းဥပဒေ ကို တရားဝင်ထုတ်ပြန်ပြီး ပေါ်တာဆွဲတာတွေ ၊ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လာတဲ့ အတွက် ထောင်ပေါင်းများစွာသော လူငယ်တွေဟာ အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံထဲကို နည်းလမ်းမျိုးစုံနဲ့ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်ခဲ့ကြပါတယ်။
အဲ့လို လူငယ်ပေါင်းများစွာထဲမှာ ကျမလည်းတယောက်အပါအဝင်ဖြစ်ပါတယ်။
နယ်စပ်မြို့တမြို့ကို ခိုးဝင်ပြီး အခြေချ နေထိုင်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားခဲ့ဖူးတဲ့ ကျမဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အနည်းငယ်မှာပဲ စစ်တပ်ကပေးနိုင်တဲ့ အန္တရာယ် အငွေ့အသက်တွေနဲ့ စတင်ကြုံတွေ့ခဲ့ရချိန်မှာ တိုင်းရင်းသားဒေသတခုဖြစ်တဲ့ ဇာတိနေရပ်ကို စွန့်ခွာပြီး ထိုင်းနယ်စပ်မြို့ကို ခြေချခဲ့ပါတယ်။
အခုတော့ ကျွန်မဟာ ထိုင်း-မြန်မာနယ်စပ်မျဉ်းနဲ့ မိုင်ဝက်လောက်တောင်မဝေးတဲ့ တောင်ကုန်းပေါ် ကနေ သောင်ရင်းမြစ်တဖက်ကမ်းက ရာဇဝတ်ဂိုဏ်းတွေရဲ့ အဆောက်အအုံတွေလို့ လူသိများထင်ရှားတဲ့ အထပ်မြင့်အဆောက်အအုံတွေကို လှမ်းကြည့်နေပါတယ်။
အဆောက်အအုံတွေကို ကျော်ပြီးကြည့်လိုက်ရင်တော့ ကရင်ပြည်နယ်ရဲ့ အထင်ကရသဘာဝအလှဖြစ်တဲ့ မှိုင်းညို့ညို့ ဒေါနတောင်တန်းကြီးတွေကိုလှမ်းတွေ့နိုင်တယ်။ မြန်မာပြည်နဲ့ အိမ်ကို သတိရတဲ့ အခါ ကျွန်မ ဒီနေရာကို လာနေကျ ၊ ဒီမြင်ကွင်းကို ကြည့်နေကျ။
ကျားဖြန့်လို့ ခေါ်တဲ့ လူလိမ်ဂိုဏ်းတွေ ကြီးစိုးတဲ့နေရာကို ကျွန်မထိုင်နေတဲ့ တောင်ကုန်းပေါ်ကနေ ဘယ်လောက်နီးနီးကပ်ကပ်မြင်ရသလဲဆိုရင် အဆောက်အအုံပေါ်မှာ လုံခြုံရေးတွေ နေရာယူထားတာ အထိ လှမ်းမြင်ရတယ်။
ကျွန်မ လှမ်းကြည့်နေတဲ့နေရာက ထိုင်းနိုင်ငံ မဲဆောက်မြို့ဖြစ်ပြီး၊ ကျွန်မ မြင်နေရတာကတော့ မြန်မာနိုင်ငံ ရွှေကုက္ကိုမြို့ ဖြစ်ပါတယ်။ ဒီနေရာနှစ်ခုကြားမှာ ဆင်ခြေလျောဆင်းသွားတဲ့ ပြောင်းခင်းတွေ ရှိတယ်။ ပြီးတော့ သွယ်ဝိုက်စီးဆင်းနေတဲ့ မြစ်တစ်ခုလည်းခြားနေတယ်။
ကျမရောက်ရှိနေတဲ့ အချိန်ကာလဟာ အဲ့ဒီတောင်စဉ်တောင်တန်းတွေရဲ့ အခြေမှာရှိတဲ့ လေးကေ့ကော်ဆိုတဲ့ နေရာ ကို စစ်တပ်က လက်နက်ကြီး လေကြောင်းတွေ အားကုန်သုံးပြီး ပြန်သိမ်းဖို့ ကြိုးစားနေတဲ့ကာလလည်း ဖြစ်ပါတယ်။
ကျွန်မရဲ့ မြင်ကွင်းထဲမှာ ဒေါနတောင်တန်းတွေ ရယ်၊ မီးခိုးလုံးတွေရယ်၊ လက်နက်ကြီးသံတွေကြား မှဲ့တစ်ပေါက်မှ မစွန်းတဲ့ ကာစီနိုနဲ့ ကျားဖြန့် အဆောက်အအုံတွေရယ်။ ဒီမြင်ကွင်းကို ကြည့်ရတာဟာ ကျွန်မအတွက် ထမင်းစား ရေသောက်ဖြစ်နေပြီ။ ကြောက်တာ၊ ထူးဆန်းတာ တွေလည်း မရှိတော့ဘူး။
အခု ကျွန်မဟာ နယ်စပ်မြို့မှာ ရှင်သန်နေတဲ့ ရွက်ကျပင်ပေါက်တစ်ပင်ပါပဲ။ မြန်မာပြည်တွင်းစစ်ထဲက က မိသားစုအတွက် အရိပ်တစ်ခု ဖြစ်ဖို့ ဒီဘက်မှာ ရွက်ကျပင်တွေလို ကျွန်မတို့ ရတဲ့နေရာမှာ ရှင်သန်ရတယ်။
ဒီမြို့မှာရှိတဲ့ ကျွန်မလို မိန်းကလေး အများစုဟာ ၊ စက်ချုပ်သမ လုပ်ကြတယ်။ တရုတ်လူမျိုးတွေ အများစုပိုင်တဲ့ အထည်ချုပ်ရုံတွေမှာ ၊ လုပ်အားခေါင်းပုံဖြတ်ခံပြီး မသေရုံ ရှင်သန်ကြရတယ်။
ဒီမှာတော့ အထည်ချုပ်စက်ရုံမှာ အလုပ်ရရင် “ကံကောင်းတယ်” လို့ ဆိုကြတယ်။ ဘာလို့ကံကောင်းသလဲ ဆိုရင်တော့ ၁ ရက်ကို ဘတ် ၃၅၀ လောက်ရတဲ့အတွက် နေစရာနဲ့ စားစရာ စရိတ်စက ဖူလုံလို့ပဲ ။ အဲ့ဒီ ကံကောင်းမှုကို ထိန်းသိမ်းနိုင်ဖို့ ရှိသမျှခွန်အားတွေ အကုန်သုံးပြီး အလုပ်လုပ်ရတယ်။ ကျွန်စနစ်နဲ့ အုပ်ချုပ်ခံရသူတွေလို ၊ ဆဲဆိုကြိမ်းမောင်းတာ ၊ ယုတ်ရင့်ကြမ်းတမ်းတဲ့ စကားတွေနဲ့ မောက်မာတာတွေကို လည်းခံရတယ်။ ညနေအိမ်ပြန်ချိန်များဆိုရင်လေ သွေးစုပ်ခံထားရ တဲ့ သတ္တဝါတွေလို လူတွေဟာ အားအင်ဆုတ်ယုတ် ခြေတစ်လှမ်းမှ မလှမ်းချင်အောင် ပင်ပန်းနေ တာပေါ့။
ကျွန်မနဲ့အတူ အလုပ်လုပ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ပြီး လုပ်ငန်းခွင်မှာ နေသားကျနေတဲ့ လူတွေကြားထဲမှာ သူက ကလေးတစ်ယောက်လိုပဲ။ သူ့ အသက်က ၁၈ နှစ်ပြည့်ရုံ။
၁၈ နှစ်အရွယ် ရွက်ကျပင်လေးဟာ ၊ စစ်ပွဲဖြစ်လို့ သူ့မိသားစုနေထိုင်တဲ့ အိမ်ကလေး မီးလောင်ဆုံးရှုံး ခဲ့တဲ့ အကြောင်း ကျွန်မ ကို ပြန်ပြောပြတယ်။ ပြီးတော့ သူ့မိခင်ဟာ ၂၀၂၅ စစ်ကိုင်း ငလျင်ဖြစ်ပြီး နောက်ပိုင်း စိတ်ကျန်းမာရေးထိခိုက်ပြီး ပုံမှန်မဟုတ်တော့တဲ့ အကြောင်း ပြောပြတယ်။ သူ့ လုပ်အားခတွေအကုန်လုံးဟာ စိတ်မကျန်းမာတဲ့ မိခင်နဲ့ သူ့ ညီမ လေးတွေ အတွက်လို့ ဆိုတယ်။
သူပြန်ပြောတဲ့ အချိန်မှာ သူ့မျက်နှာမှာ ဝမ်းနည်းရိပ်မရှိဘူး၊ ညှိုးငယ်တဲ့ ပုံလည်းမပေါ်ဘူး၊ ချုပ်လက်စ အထည်ကို လက်စသပ်ရင်း မထူးဆန်းတဲ့ ဇာတ်လမ်းတခုကို ပြောနေသလိုပဲ။ နုနယ်နေတဲ့ သူ့မျက်နှာရဲ့ အရောင်အသွေးဟာ အသားမာတက်နေတဲ့ အမာရွက်တခုနဲ့ ပိုတူတယ်။
သူကလေးဟာ မြန်မာပြည် ပြည်တွင်းစစ်ထဲက မိသားစုအတွက် အရိပ်ဖြစ်စေတဲ့ ရွက်ကျပင်လေးပဲ လို့ ကျွန်မက သတ်မှတ်လိုက်တယ်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ၊ ဘဝကို ယိုင်လဲဆုံးရှုံးမခံဘဲ တည်ဆောက်ဖြတ်သန်းနေတဲ့ မိန်းမငယ်လေးတွေ ဒီနယ်စပ်မျဉ်းဘေးတလျှောက်မှာ အများကြီး ရှိကြပါတယ်။
ကျွန်မက မြန်မာပြည်ကို သတိရတိုင်း မြန်မာပြည်နဲ့ အနီးစပ်ဆုံး နယ်စပ်မျဉ်းနားက နေရာတွေကို အရောက်သွားတတ်တယ်။ သောင်ရင်းမြစ်ရဲ့ ဘေးချင်းကပ်လျက် ကော့မနောင်ဆိုတဲ့ နေရာမှာ သိပ်လှတဲ့ ကော်ဖီဆိုင်လေးတဆိုင်ရှိတယ်။ ကျွန်မအဲ့ဒီ ကော်ဖီဆိုင်လေးကို ရောက်သွားတာလည်း မြန်မာပြည်ကို အလွမ်းပြေကြည့်ဖို့ပါပဲ ။
တောင်ပြာတန်းကြီး ကို နောက်ခံထားပြီး ၊ သောင်ရင်းမြစ်ကလေးကွေ့ဝိုက်စီးဆင်းနေတဲ့ နေရာက အဲ့ဒီကော်ဖီဆိုင်လေးထဲကို ကျွန်မ ဝင်လိုက်တဲ့အခါ မဖော်ရွေတဲ့ ဝန်ထမ်းမိန်းကလေးတယောက်နဲ့ တွေ့ခဲ့တယ်။ သူ့ရဲ့ ပုံစံလေးဟာ စက်ရုပ်တရုပ် အလုပ်လုပ်နေသလိုပဲ။ ဆိုင်ထဲကို ဧည့်သည်ဝင်လာ ချိန်တောင် ပြုံးပြနှုတ်ဆက်ခြင်းမရှိ ။
လှပသပ်ရပ်ပြီး ခရီးသွားတွေအကြိုက် ပြင်ဆင်ထားတဲ့ဆိုင်ထဲမှာ ဧည့်သည်ဆိုလို့ ကျွန်မ ပဲရှိနေပါ တယ်။
နောက်ဆုံးမှာတော့ ကျွန်မက သူ့ကို ဘယ်ရွာမှာနေတာလဲ၊ ဒီကိုရောက်တာကြာပြီလား ဆိုတဲ့ အကြောင်း စကားစပြီး မေးလိုက်ပါတယ်။ သူနဲ့ ကျွန်မ အသက်အရွယ်တူ လည်းဖြစ်တော့ ခနအတွင်း ရင်းနှီးသွားခဲ့တယ်။
အာဏာသိမ်းချိန်က စပြီး လွန်ခဲ့တဲ့ တနှစ်အထိ သူဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ တော်လှန်ရေးသမားတွေကို ထောက်ပံ့ကူညီသူတဦးဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးရဲဘော်တွေထဲ တဦးအပါအဝင်ဖြစ်တဲ့ သူ့ခင်ပွန်းဖြစ်သူအကြောင်းလည်း အနည်းအကျဉ်းပြောပြတယ်။ ပြီးတော့ သူ့လက်မောင်းက ဒဏ်ရာ ကို ပြတယ်။ ကျည်ဆံ ထိလို့ ထုတ်ထားရကြောင်းရှင်းပြတယ်။
တောတွင်းနဲ့ မြို့ပေါ်ကို ကူးချည်သန်းချည်ပြုရင် အာဏာရှင်တော်လှန်ရေးမှာ အစိတ်အပိုင်းတခုအဖြစ် ပါဝင်ခဲ့ဖူးတဲ့ သူဟာ လွန်ခဲ့တဲ့ ၄နှစ်နီးပါးက ဗိုက်ထဲက သမီးအမွှာလေး ၂ယောက်ကို ဆုံးရှုံးခဲ့ဖူးတဲ့ မိခင်တဦးဖြစ်တယ်ဆိုတဲ့အကြောင်းကို သိလိုက်ရတဲ့အချိန်ဟာ ကျမအတွက်တော့ စိတ်အထိခိုက်ရဆုံး အဖြစ်အပျက်တခုလို့ ဆိုရပါမယ်။
ရုပ်လုံးပေါ်ရုံရှိသေးတဲ့ သူ့ဗိုက်ထဲက သန္ဓေသား အမွှာသမီးလေးနှစ်ဦးကို ဆုံးရှုံးခဲ့ရကြောင်းကို ပြန်ပြောပြနေချိန်မှာ အသက် ၂၀ကျော်အရွယ် အဲ့ဒီမိန်းကလေးဟာ တည်တည်ငြိမ်ငြိမ်ရှိလှတယ်။
သူပြောတဲ့ စကားထဲမှာ “သေမယ်ဆို သေပြီးတာကြာနေပြီ” ဆိုတဲ့ စကားကို အမှတ်ရနေဆဲ။ တကယ်ပဲ သူဟာ သေဆုံးခြင်းက လွန်မြောက်ပြီး ဘဝကို ပြန်လည်မွေးဖွားဖို့ ပြင်ဆင်နေတဲ့ပုံစံနဲ့တူတယ်။ သူနဲ့ သူ့အမျိုးသားဟာ သူတို့ နိုင်တဲ့ တာဝန်ကို နိုင်သလောက်ထမ်းခဲ့ပြီး အခုတော့ သူတို့ဘဝကို သူတို့ ပြန်လည်ထူထောင်ဖို့ ကြိုးစားနေကြတာလို့ ပြောတယ်။
ဒီရွက်ကျပင်လေးဟာ ရောက်တဲ့နေရာမှာ ခြေကုတ်ယူပြီး၊ အခက်အလက်လေးတွေလည်း လန်းဖြာနေတဲ့ ပုံစံလေးဖြစ်တယ်။ ဘဝ ကို ဟန်ချက်ညီဖို့ ကြိုးစားနေပြီး ၊ ရှေ့ ကိုဆက်သွားနေဆိုတာ သေချာပါတယ်။ သူတို့လို ထုတ်မပြောဖြစ်ပေမယ့် ကိုယ်တိုင်လည်း အာဏာရှင်ရဲ့ဆိုးမွေဖြစ်တဲ့ ပြည်တွင်းစစ်ကပေးတဲ့ ဒုက္ခစိတ်ဒဏ်ရာတွေကို တိုက်ရိုက်ခံစားနေရသူဖြစ်တဲ့အခါ ကိုယ်ချင်းစာစိတ်နဲ့ နားထောင်သူဖြစ်ပေးနိုင်ခဲ့တယ်။
မဲဆောက်လို့ ခေါ်တဲ့ ဒီနယ်စပ်မြို့မှာ ဒုစရိုက်မှုတွေ ၊ လူကုန်ကူးမှုတွေ၊ မှောင်ခိုဂိုဏ်းတွေ ရှိသလို မြန်မာပြည်က မိသားစုတွေအတွက် အရိပ်ဖြစ်စေတဲ့ ကျွန်မတို့ ရွက်ကျပင်လေးတွေလည်း ရှိနေတယ်ဆိုတာကို ကိုယ်တိုင်ကြုံဖူး တွေ့ဖူးမှသိခဲ့ရတယ်။
အပေါ်ယံကြည့်ရုံနဲ့ မမြင်နိုင်တဲ့ ဒဏ်ရာကိုယ်စီကို ထွေးပွေ့ထားရတဲ့ ဒီရွက်ကျပင်လေးတွေ အိမ်မပြန်နိုင်သေးခင်ကာလအတွင်း တထောက်နားတဲ့ ဒီနယ်စပ်မြို့မှာ ရှင်သန်ပါစေ ၊ လန်းဆန်းပါစေ ၊ အသစ်တဖန် ဖူးပွင့် ဝေဆာနိုင်ပါစေလို့ ဆုတောင်းမိတယ်။
နေနေ
Agents 747, heard good things! Going to sign up and see what all the buzz is about. Hope it lives up to the hype! Wish me luck! agents 747
Heard good things about nesi on this site. Worth a look! Checked it out, Seems legit. Go give nesi a try.
Been using Nesinecom for years. Great interface and never had any issues. Solid betting platform. nesinecom
Vavada kataloga apkopoti vairak neka 5000 spelu automatu no Pragmatic Play, NetEnt, Play’n GO, Nolimit City un citiem piegadatajiem. Rezerves adreses pirms publicesanas parbauda uz saderibu ar mobilajiem operatoriem un populariem VPN servisiem. Parbaudit aktualo adresi var: https://greenribbonpledge.org/ Sada pieeja padara atgriesanos platforma jegpilnu ari arpus lielo akciju un turniru periodiem.
Vavada identitates parbaude tiek uzsakta pirms pirmas izmaksas un nebloke iepazisanos ar katalogu jau pirmaja diena. Personigas piezimes pie konkreta automata saglabajas profila un sinhronizejas starp visam speletaja iericem. Visa informacija: https://durusgazetesi.com/ Sads darbs ar kopienu rada sajutu, ka projekts ir dzivs un atgriezeniska saite ietekme produkta lemumus.