လေးဝတီ FM
အောင်ကောင်းဇော် ရေးသားတင်ပြသည်။
မဒေးကျွန်း ဆိုတာဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက်ခြမ်းမှာတည်ရှိပြီး အလွန်တရာ လှပတဲ့ ကျွန်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီလို လှပတဲ့ ကျွန်းဟာ တရုတ်နိုင်ငံကိုတင်ပို့မဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကို သို လှောင်ထားတဲ့ ကန်ကြီးတွေကို တည်ဆောက်ထားတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာ- တရုတ်ရေနံပိုက်လိုင်း စီမံကိန်းစတင်လည် ပတ်ခဲ့ပြီးနောက် နှစ်နိုင်ငံ သဘောတူစာချုပ်အရ ပိုင်းလိုင်းနဲ့ ရေနံစိမ်းတန်ချိန် ၂၂ သန်းကို စတင်ပို့လွှတ်ခဲ့ပါတယ်။ အဲဒီအပေါ်မှာ မြန်မာနိုင်ငံအစိုးရဟာ နိုင်ငံတော်အခွန်ဝင်ငွေအနေ နဲ့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်းထိ အခွန်ဝင်ငွေ ရရှိခဲ့ပါတယ်။ အဲဒီ ရေနံပိုက်လိုင်း ပို့ဆောင်ရေး သဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ် ဧပြီလအတွင်းက နှစ်နိုင်ငံသဘောတူညီမှု နဲ့ စာချုပ်ချုပ်ဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဲဒီလို စီမံကိန်းကြီးရှိနေတဲ့ မဒေးကျွန်းကို တရုတ်နိုင်ငံရဲ့ရေနံတင် သင်္ဘောတွေ မကြာခဏဆိုသလို ဝင်ထွက် သွားလာနို င်ဖို့အတွက် ရေလမ်းကြောင်းတူးဖော်ရေး လုပ်ငန်းတွေ ကို မကြခဏဆိုသလို အစိုးရ အဆက်ဆက်က တရုတ်နိုင်ငံ နဲ့ နှစ်နိုင်ငံ သဘောတူညီချက်စာချုပ်တွေ အရ ရေလမ်းကြောင်းတူးဖော်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးခဲ့ရပါတယ်။
လက်ရှိမှာလည်း မဒေးကျွန်းအနီးဝန်းကျင်မှာ ရေလမ်းကြောင်းတူးဖော်တာတွေ လုပ်ဆောင်မယ်ဆိုပြီးတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ သတင်းထုတ် ပြန်လာခဲ့ပါတယ်။
အခုလို ရေလမ်းကြောင်းတွေကို မကြာခဏ တူးဖော်နေတဲ့ အတွက် အဲဒီအနားအနားမှာ ရှိနေတဲ့ ရေအောက် သယံဇာတာပျက်စီးမှု အခြေအနေတွေ
တွေဟာ အရင်ကလိုမဟုတ်ဘဲ ပြောင်းလဲစပြုလာပါတယ်။
ကျောက်ဖြူဒေသခံ ဦးကျော်အောင်ပြောပြတာက “ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ ၂၀၁၄ ခုနှစ်လောက် မှာလည်း တစ်ခေါက်တူးခဲ့တယ်။ ဆိပ်ကမ်းစတင်မလည်ပတ်ခင်ကပေါ့၊ အခုဆိုရင် ဆယ်စုနှစ်တစ်ခုလောက်ရှိ ပြီးပေါ့လေ။ အခုပြန်လည်တူးဖော် မယ်ဆိုတော့ ကုမ္ပဏီရဲ့ လိုအပ်ချက်တစ်ခုဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အယင်ကတည်းက ရေလမ်းကြောင်းတွေ တူးဖော်လိုက်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ အများ ကြီးကြုံခဲ့ရတယ်။ အရင်တုန်းကဆိုလို့ရှိရင် အဲဒီရေလမ်းကြောင်းတစ်လျှောက်မှာ ဈေးကောင်းရတဲ့ ငါးတွေဖြစ် တဲ့ ငါးသလောက်၊ ကပ်သမျှင်၊ ကပ်သပေါင်းငါးတွေ အများကြီးရခဲ့ကြတယ်။ ဒါပေမဲ့သန္တာကျောက်တန်းတွေကို တူးဖော်လိုက်တဲ့အတွက် နောက်ပိုင်းမှာငါးမျိုးစိတ်တွေ ပျောက်ကွယ်သွားခဲ့ရတာရှိတယ်။ ရေလုပ်သားတွေ အတွက် အများကြီးနစ်နာခဲ့ကြရတယ်။ အဲလိုမျိုးတွေဖြစ်ခဲ့တယ်။ ဒေသခံတွေက အစိုးရဘက်ကို တင်ပြခဲ့တာ ရှိပေမဲ့ အစိုးရဘက်က ဘာမှ ပြန်လည်တုန့်ပြန်ခဲ့ တာမျိုးမရှိခဲ့ဘူး ”ဟုလည်းပြောကြားခဲ့ပါသည်။

အဲဒီလို သူတို့သွားလာနိုင်ဖို့အတွက် တူးဖော်တဲ့ ရေလမ်းကြောင်းက ရလာတဲ့ သံတိုသံစအပါအဝင် စွန့်ပစ်ပစ္စည်း မြောက်များစွာကို ဒေသခံရေလုပ်သားတွေရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ နေရာတွေကို စွန့်ပစ်ခံနေရတာကြောင့် ဆယ်စုနှစ်တစ်ခုကြာလာတဲ့အခါမှာ ငါးဖမ်းလုပ်ကွက်တွေ ပျက်စီးလာ တာ သားငါးတွေပျောက်ကွယ် လာတာ၊သန္တာ ကျောက်တန်းတွေ ပျက်စီးလာတာတွေ ရှိလာနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီလို ရေအောက်သယံဇာတတွေ ပျက်စီးမှု ရှိလာခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ အစိုးရ အဆက်ဆက်ဟာ သူတို့ စီးပွါးရေး အကျိုး အမြတ်တစ်ခုကိုသာကြည့်ရှုပြီး ဒေသအတွင်းမှာ ပျက်စီးလာနေတဲ့ သဘာဝပတ်ဝန်းကျင်တွေကို အစားထိုး ကုစားတာမျိုး၊ ရေလုပ်သားတွေအတွက် လုပ်ဆောင်ပေးတာမျိုးမရှိခဲ့ဘူလို့လည်း ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် အဲဒီမဒေးကျွန်း အနီးမှာ ရှိတဲ့ မြစ်ကြောင်းတစ်လျှောက်ကိုလည်း ဒေသခံ ရေလုပ်သားတွေ အနေ နဲ့ ငါးဖမ်းခွင့်မရတဲ့ အပြင် သွားလာတာတွေ မလုပ်ကြဖို့ကိုလည်း မြန်မာနိုင်ငံ အစိုးရ အနေ နဲ့၂၀၁၃ ခုနှစ်ကတည်းကပင် စတင်ပြီး ပိတ်ပင်ထား ခဲ့ပါတယ်။

ဒီစီမံကိန်းကြီး စတင်ချိန်ကတည်းကပင် ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေကို အစိုးရ အဆက်ဆက်က ပိတ်ပင်ထားခဲ့တာတွေဟာ ဒေသခံတွေရဲ့အကျိုးစီးပွားနဲ့ စားဝတ်နေရေးအတွက်ကို မျက်ကွယ်ပြုက ကိုယ်ကျိုးအ တွက်သာ ဆက်တိုက် လုပ်ဆောင်လာခဲ့တာကြောင့် ပိုက်လိုင်းစီမံကိန်းရောက်ရှိလာခဲ့တဲ့ အချိန်ကတည်းကပင် ဒီနေ့ အချိန်ထိ ဒေသခံတွေအတွက် အကျိုးစီးပွားတွေ ဆုံးရှုံးခဲ့သလို ရခိုင်ပြည်ရဲ့ အကျိုးအမြတ်ဟာလည်း မပြောလောက်တဲ့ ကူညီပံ့ပိုးမှုမျိုးလောက်သာရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်နဲ့ ဒေသခံတွေရဲ့ သဘောထားဟာ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီးမံကိန်းအပေါ်မှာ ထောက်ခံအားပေးခဲ့တာ မရှိခဲ့ပါဘူး။ ထောင်ချီတဲ့ ရေလုပ်သားတွေရဲ့ အလုပ်အကိုင်တွေ ဝင်ငွေတွေဆုံးရှုံးခဲ့တာကိုလည်း ကြုံတွေခဲ့ရပါ တယ်။
လက်ရှိမှာ စစ်ကောင်စီက ရခိုင်တိုက်ပွဲ စတင်ကတည်းကပင် ကျောက်ဖြူအပါအဝင် မာန်အောင်၊ သံတွဲ၊တောက်ကုတ် မြို့နယ် တွေက ရေလုပ်သားတွေကို ငါးဖမ်းမထွက်ကြဖို့ ၂လ တစ်ကြိမ်ကန့် သတ်ချက် နဲ့ အမိန့်စာတွေ ထုတ်ကာ တားမြစ် ပိတ်ပင်ထားခဲ့တာတွေ ရှိပါတယ်။
ဒါ့အပြင် လက်ရှိ ရေလမ်းကြောင်းတူးဖော်ရေးလုပ်ငန်းဟာလည်း ဇူလိုင်လ ၁၅ ရက်နေ့ကတည်းပင် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၂ လကြာတူးဖော်မှာ ဖြစ်တဲ့ အတွက် ငါးဖမ်းလှေတွေ အပါအဝင် ရေကြောင်းသွားလာရေး ကိစ္စတွေကို စစ်ကောင်စီ ကတားမြစ်ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။
ဒီကာလဟာ ရေလုပ်ငန်း နဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ သူတွေ အတွက် ငါးပုဇွန် ရှာဖွယ်ရေးအတွက် အလွန်တရာမှ အရေးပါတဲ့ အချိန်တစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီလိုကာလမှာ စစ်ကောင်စီက ရေကြောင်းထွက်ခွင့်တွေကို ပိတ်ပင်ကန့်သတ်လိုက်တာကြောင့် ဒေသခံရေလုပ်သားတွေ အတွက် ဘယ်လိုတွေ ထိခိုက်မှု ရှိသွားနိုင်ပါသလဲ။
ရေလုပ်သားတစ်ဦးဖြစ်တဲ့ ဦးထွန်းညိုပြောပြတာက“ ကျွန်တော်တို့ရေလုပ်သားတွေ ရေထဲဆင်းခွင့်မရတာ နှစ်နဲ့ချီ ပြီးကြာနေပြီ။ သူတို့ကဘာလို့တားတာလည်းဆိုတာကိုတော့ မပြောတတ်ဘူး။ အခုတစ်ခါ မြစ်ကြောင်းတူးမယ် ဆိုပြီးတော့လည်း ရေကြောင်းသွားလာခွင့်တွေပိတ်ပင်ထားတယ်။ ဆိုတော့ ကျွန်တော်တို့အတွက်က ဘာမှ လုပ်လို့မရတဲ့ အတူ အခုလည်း ဘာမှလုပ်လို့ မရတဲ့အနေအထားမှာရှိတယ် ပင်လ ယ်ပြင်ကို ပိတ်လိုက်လို ဒေသခံငါးဖမ်းသမားတွေ အတွက် ထိခိုက်လားဆိုတော့ ထိခိုက်မှု မရှိဘူးလိုပြောရမယ်။ ဘာကြောင့်လဲဆိုတော့ သူတိုက တိုက်ပွဲ ဖြစ်ကတည်းကပင် ပင်လယ်ပြင်ထွက်ခွင့်ကို ပိတ်ထားတာ အဲဒီကတည်းကပင် ထိခိုက်နေတာ။အဲဒီထက် ပိုပြီး ထိခိုက်စရာတော့ မရှိတော့ဘူးပေါ့။” လို့ ပြောဆို ထားပါတယ်။
စစ်ကောင်စီရဲ့ ရေလမ်းကြောင်းတူးဖော်ရေး ကိစ္စ နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် အရ တရုတ်စီမံကိန်းတွေ ရှိတဲ့ မဒေးကျွန်း အနီးက ပင်လယ်ပြင်ကို သင်္ဘောကြီးတွေဝင်ထွက် သွားလာနိုင်အောင် Dredging Project တစ်ခုကို ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် ကုန်တင်သင်္ဘောတွေအပါအဝင် ငါးဖမ်းရေယာဉ်တွေပါ အဲဒီ အနီးတဝိုက်ကို ဝင်ထွက် သွားလာတာတွေ မလုပ်ကြဖို့ကို ပြောဆိုထားပြီး ဒီလုပ်ဆောင်ချက်ဟာ ၂ လခွဲခန့်ကြာမြင့်မှာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထား ပါတယ်။
အဲဒီရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေးကို Hopper Dredger, Reem Island ရေယာဉ်နဲ့ တူးဖော်မှာ ဖြစ်တဲ့ အတွက် လုပ်ငန်းဆောင်ရွက်နေစဉ် အတွင်းမှာ ကြန့်ကြာမှု မဖြစ်စေရအောင် အခုလိုတားမြစ် ကန့်သတ်ပိတ်ပင်လိုက်တာ ဖြစ်တယ်လိုလည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ရေလမ်းကြောင်းတူးဖော်မယ့်နေရာ ရာသီဥတုဆိုးရွားပါက ရပ်နားမယ့်နေရာ အရေးပေါ်အခြေအနေမှာ ခေတ္တနားခိုမယ့်နေရာ နဲ့မြေသားစုပုံမယ့်နေရာတွေကိုပါ စစ်ကောင်စီက မြေပုံအညွှန်းတွေ နဲ့ တကွ ထုတ်ပြန်ထားတာတွေ ရပြီး အဲဒီ လုပ်ငန်းဧရိယာ ရဲ့ ၅ဝဝမီတာပတ်လည် နဲ့ ယာဉ်ရပ်နားမယ့် ၂၅၀ မီတာပတ်လည် အနားမှာသင်္ဘောကြီးငယ် တွေ၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်းသေင်္ဘာတွေ၊ စက်တပ်သမ္ဗာန်တွေ ကျောက်ချ ရပ်နားတာမလုပ်ဆောင်ဖို့နဲ့ ငါးဖမ်းတာတွေ ၊ ငါးဖမ်းကရိယာတွေ မချထားဖိုကိုလည်း တားမြစ်ထားပါတယ်။
အခုလို ရခိုင်ပြည်တွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အရက္ခတပ်တော် အေအေတို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး မြို့နယ်တိုင်းလိုလို စစ်ရေး တင်းမာနေချိန်မှာ ဒေသခံတွေကို ပင်လယ်ပြင်ထွက်ခွင့် ပိတ်ပင်တားမြစ်လိုက်တဲ့ အပေါ်မှာ ဒေသခံတွေ အနေ နဲ့ စိုးရိမ်ဝေဖန်မှုတွေလည်း များစွာရှိနေပါတယ်။
အခုလို ရေကြောင်းတူးဖော်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် အတွင်းက အခြေအနေတွေ နဲ့ ပတ်သက်ပြီး နောက်ထပ် နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးပြောဆိုထားတာက “ အခုအချိန်မှာ ပိတ်ပင်ကန့်သတ်တယ်ဆိုတာကတော့ အကြောင်းပြချက်တစ်ခု အနေနဲ့ လုပ်တာလည်းဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် အာရက္ခတပ်တော်အနေနဲ့ မြို့တွေကို သိမ်းတဲ့ တိုက်ပွဲတွေ ဆင်နွှဲလာတဲ့အတွက် ကျောက်ဖြူကိုလည်း ခံစစ်အနေနဲ့ ပြင်ဆင်ထားခဲ့တာကြာပြီဖြစ်သလို ဒေသခံတွေအနေနဲ့ မြို့ပေါ်ကို ဝင်ထွက်သွားလာခွင့်မရှိဘူး။
မြို့ပေါ်ကလူတွေလည်း အပြင်ကိုထွက်ခွင့်မရှိ ဘူး၊ အဲလိုဖြစ်နေတာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကတည်းက ဖြစ်တယ်။ ဆိုတော့ သူတို့က ခံစစ်အနေနဲ့ ပြင်ဆင်နေတဲ့အချိန်မှာ တရုတ်ကုမ္ပဏီကို အသုံးချပြီး လုပ်ဆောင်တာလို့ နားလည်တယ်။ ဒါပေမဲ့ မြို့ပေါ်ကလွဲရင် ကျန်တဲ့နေရာအများစုက အာရက္ခတပ်တော်က ခြိမ်းခြောက်ထားတဲ့နေရာတွေဖြစ်တယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ တပ်တော်နဲ့ ညှိနှိုင်းတာရှိ ကောင်းရှိမယ်၊ ကျွန်တော်ကတော့အဲဒါမသိဘူး။ စစ်ကောင်စီဘက်ကတော့ သူတို့ရတဲ့နည်းလမ်းနဲ့ အကာအကွယ်ယူမှာဘဲ၊ ဆိုတော့ ဒီစီမံကိန်းကို လုပ်ဆောင်တယ်ဆိုတာကလည်း နိုင်ငံရေး၊ စစ်ရေးအရ သူတို့အသုံးချတယ်လို့ဘဲ ကျွန်တော်မြင်တယ်။ နိုင်ငံ ရေးစစ်ရေး မတည်ငြိမ်တဲ့ကာလဖြစ်တာကြောင့် ဒေသခံတွေအတွက်တော့ ပိုပြီးမထူးဘူးလို့ ” သူရဲ့ အမြင်သဘောထားကို သုံးသပ်ပြောဆိုသွားတာ ဖြစ်ပါတယ်။
မဒေးကျွန်းမှာ ရေနက်ဆိပ်ကမ်း နဲ့ ရေနံသိုလှောင်ရုံတွေတည်ဆောက်လာပြီးတဲ့ နောက်ပိုင်းမှာ ဒေသခံတိုင်းရင်း လယ်သမား တွေဟာ မပြောလောက်တဲ့ အလုပ်အကိုင်တွေကိုသာရရှိခဲ့ပေမဲ့ လယ်ယာမြေ ဆုံးရှုံးမှုတွေ အမြောက်အ များဆုံး ရှုံးခဲ့ရပါတယ်။
အဲဒီအတွက်လည်း ဒေသခံတွေက ကန့်ကွက်ဆန္ဒထုတ်ဖော်တာတွေ၊ လယ်ယာမြေလျော်ကြေးတွေအတွက် တောင်းဆို ဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့ကြပေမယ့် အစိုးရ အဆက်ဆက်က အဲဒီလို တိုက်ပွဲဝင်ဆန္ဒပြ တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေကို ဖမ်းဆီးချုပ်နှောင်ပြီး တရားစွဲဆို မှုတွေလည်း များစွာခံခဲ့ရပါတယ်။
တကယ်တော့ အဲဒီစီမံကိန်းဟာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် နှမ်းဖြူးရုံလောက်သာ ရရှိခဲ့ ပြီး နိုင်ငံတော်အကြီးအ ကဲတွေနဲ့ တရုတ်တို့ရဲ့ အကျိုးအမြတ် တွေကိုသာ ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဒီစီမံကိန်းကြောင့် ဒေသခံတွေ အနေ နဲ့ အခက်အခဲများစွာကို ဆက်လက်ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။
Программа лояльности Вавада состоит из десяти уровней с растущим кешбэком и персональным менеджером на верхних статусах. Раздел аналитики строит графики распределения ставок по времени суток, дням недели и категориям игрового каталога. Ознакомиться с разделом можно здесь: vavada казино – https://indodarts.com Такая работа с сообществом формирует ощущение живого проекта, где обратная связь влияет на продуктовые решения.
Vavada kataloga apkopoti vairak neka 5000 spelu automatu no Pragmatic Play, NetEnt, Play’n GO, Nolimit City un citiem piegadatajiem. Tendencu vitrina rada automatus, kas pedejas septinas dienas strauji iegust popularitati auditorijas vidu. Aktuala adrese: sweet bonanza Sada rupe par speles ritmu jutama jau pirmaja sesija un strada uz ilgtermina attiecibam ar auditoriju.
Lustra Vavada kopiuja strone glowna: saldo, historia zakladow i aktywne bonusy zostaja te same. Historie transakcji da sie wyeksportowac do CSV albo PDF, do ewidencji lub wyjasnien dla banku. Biezacy adres sprawdzisz tutaj: https://experienceshinjo.com/ Tak dokladne polskie tlumaczenie rzadko trafia sie u miedzynarodowego operatora i gracze z Polski to zauwazaja.