Laywaddy FM

အာဏာရှင်လက်ထက် နဲ့ တော်လှန်ရေး အစိုးရကြား ရှင်သန်ခဲ့ရတဲ့ အမျိုးသမီးအရေး လှုပ်ရှားသူ

အာဏာရှင်လက်ထက် နဲ့ တော်လှန်ရေး အစိုးရကြား ရှင်သန်ခဲ့ရတဲ့ အမျိုးသမီးအရေး လှုပ်ရှားသူ

ရေးသားသူ – မဏိ

အသက်အရွယ်အားဖြင့် ၄၀ ကျော်အရွယ် မစောမြသန္တာ၏ မျက်လုံးများထဲတွင် ရခိုင်ပြည်နယ်က အမျိုးသမီးများအတွက် နိုင်ရာတာဝန်ကို ထမ်းဆောင်လိုသည့် ဆန္ဒများက ခိုင်မာစွာ

ကိန်းဝပ်နေသည်။

သူမသည် ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် အကြမ်းဖက်ခံရမှုများတွင် တရားမျှတမှု ရရှိရေးအတွက် ရှေ့ထွက် မေးခွန်းထုတ်ရဲသူ အမျိုးသမီးလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်။

သူမသည် အရွယ်ရောက်စကပင် မိခင်ဖြစ်သူနဲ့ အတူ ရခိုင်ပြည်နယ် အတွင်းက အမျိုးသမီးများအရေးကို လက်ဆက်ကမ်းလုပ်ကိုင်လာခဲ့သူဖြစ်သည်။

သူမ၏ မိခင်ဖြစ်သူမှာ အာဏာရှင်အစိုးရလက်ထက် ၊ ဒီမိုကရေစီ အစိုးရလက်ထက်များတွင်

ရခိုင်အမျိုးသမီးအဖွဲ့ချုပ် ဥက္ကဌ အဖြစ်တာဝန်ယူပြီး အမျိုးသမီးများ၏ အရေးကို တက်ကြွစွာ လှုပ်ရှားခဲ့သူဖြစ်သည်။

သူမသည်လည်း မိခင်၏ ခြေရာအတိုင်းပင် ၊ အကူအညီမဲ့နေသော အမျိုးသမီးများ၏ ဘဝ များကို မြှင့်တင်နိုင်ရေး နိုင်ငံရေး ၊ လူမှုရေး လှုပ်ရှားမှုများတွင် ကိုယ်တိုင် ကိုယ်ကျ ဦးဆောင်ခဲ့သူဖြစ်သည်။

အမှန်စင်စစ်မှာ ရခိုင်ဒေသ လို ဖွံ့ဖြိုးရေးနောက်ကျသော ဒေသတစ်ခုအတွက် အမျိုးသမီးများ၏

အခက်အခဲများ ၊ ပြသနာများရင်ဖွင့်သံများ မှာ ခေတ်အဆက်ဆက် မှေးမှိန်နေခဲ့ရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မှာ တော့ ပို၍ပင် ဆိုးရွားလာခဲ့တော့သည်။

သူမ ဖြတ်သန်းခဲ့ရသော ဖြစ်စဉ်များက သူမအား သာမန် အမျိုးသမီးလှုပ်ရှားသူတစ်ဦးထက် ပို၍ စစ်အာဏာရှင်စနစ် နှင့် တော်လှန်ရေး စစ်ရေး ကန့်သတ်ချက် နှစ်ခုကြားတွင် ခက်ခဲစွာ ရုန်းကန်ရသည့် “စနစ်နှစ်ခု၏ သားကောင်” အဖြစ်သို့ ရောက်ရှိစေခဲ့သည်။

စစ်ကောင်စီ၏ တရားဥပဒေမဲ့ ဖိနှိပ်မှုများ

စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မစောမြသန္တာသည် စစ်ကောင်စီ၏ တရားဥပဒေမဲ့မှုကို ပထမဦးစွာ ရင်ဆိုင်ခဲ့ရသည်။

မိခင်ဖြစ်သူ ဒေါ်ညိုအေးကို စစ်ကောင်စီက မတရား ဖမ်းဆီးထောင်ဒဏ် ချမှတ်လိုက်ချိန်သည်။

ဒေသတွင်းမှာ ဥပဒေမဲ့အုပ်ချုပ်နေပြီး စစ်တွေမြို့ရှိ သူမ၏ ရုံးခန်းများပါ ဖောက်ထွင်း ခိုးယူခြင်း ခံခဲ့ရသည်။

အမှန်တရားနှင့် တရားဥပဒေ စိုးမိုးမှုကို ယုံကြည်သော လှုပ်ရှားသူတစ်ဦးအနေဖြင့် စစ်တွေမြို့မ ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့သော်လည်း ရရှိလိုက်သည့် ရလဒ်က စနစ်၏ ပုပ်သိုးမှုကို မီးမောင်းထိုးပြလိုက်သလို ဖြစ်ခဲ့သည်။

စစ်တွေမြို့ပေါ် မှာ တာဝန်ရှိသော စစ်ကောင်စီ ရဲများက တရားလိုဖြစ်သူ သူမအား လက်ထိပ်ခတ်၍ အဓမ္မ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြသည်။

ကျွန်မ ဘဝမှာ သူခိုး ခိုးခံရလို့ အမှုသွားဖွင့်တာ အမှုသည်က တရားခံ ပြန်ဖြစ်မယ့်အရေး ကြုံခဲ့ရတယ်။ အမေတောင် မလွတ်သေးဘဲနဲ့ ကျွန်မ ကိုယ့်အမှုနဲ့ကိုယ် ပြန်ပြီး ထောင်ထဲရောက်သွားမယ့် ကိန်းဆိုက်ခဲ့တာ။ သူခိုး ခိုးခံရတာ ကျွန်မနော်လို့ ပြန်ပြောခဲ့ရတယ်” လို့ သူမက အဖြစ်အပျက်ကို ပြန် ပြောပြပါတယ်။

ထို့အပြင် ဘယ်အမှုတွင်မှ ဝင်မရှုပ်ပါဟု စစ်ကောင်စီက ခံဝန်လက်မှတ်ထိုးခိုင်း ခဲ့သည်။ သို့သော်လည်း သူမသည် ထိုသို့သော အာဏာရှင်ဆန်ဆန် ကန့်သတ်ချက်များကို နှစ်ကြိမ်တိုင်တိုင် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။

စစ်တပ်က ရခိုင်အမျိုးသမီး လှုပ်ရှားသူများကို အာရက္ခတပ်တော် AA အဖွဲ့ဝင်ဟု သံသယဝင်ကာ နာမည်စာရင်းများဖြင့် နေ့စဉ် လိုက်လံဖမ်းဆီးနေသော ကာလကို ငရဲခန်းတစ်ခုလို ကျော်ဖြတ်ခဲ့ရတယ်။

မိမိမြို့ ၊ မိမိရွာ ၊ မိမိနေအိမ်မှာနေရင်းပင် ဘယ်အချိန် အဖမ်းခံရမလဲ ပူပင်ခဲ့ရသည်။

စစ်တပ်က ညချိန်တွေ ဝင်ဖမ်းတဲ့အချိန်တွေမှာလေ အသက်ပဲ သေချင်တယ်။ အဖမ်းမခံချင်ဘူး။ သေမှာထက် အဖမ်းခံရမှာကို ပိုကြောက်ခဲ့တာ” လို့ သူက ပြောပါတယ်။

အမြှောက်များ၊ လေကြောင်းမှ Y-12၊ Y-20၊ ဂျက်ဖိုက်တာ ဗုံးကြဲမှုများအပြင် ပင်လယ်ဝ၌ ကင်းလှည့်နေသော စစ်ကောင်စီ ရေတပ် (Navy) အန္တရာယ်ကြားမှပင် သူမသည် စစ်အာဏာရှင်ထိန်းချုပ်ထားသော စစ်တွေမှ တော်လှန်ရေးတပ်ဖွဲ့ (‌AA) ထိန်းချုပ်ထားသော ကျောက်တော်သို့ အသက်နှင့်ရင်း၍ တိမ်းရှောင်ခဲ့ရတော့သည်။

“လွတ်မြောက်နယ်မြေ” ၌ ရိုက်ချိုးခံလိုက်ရသော မျှော်လင့်ချက်

စစ်ကောင်စီ၏ တရားဥပဒေမဲ့ ဖိနှိပ်မှုများမှ လွတ်မြောက်လာခဲ့ပြီးနောက် ULA/AA ထိန်းချုပ်ထားသော ကျောက်တော်သို့ ရောက်ရှိချိန်တွင် မစောမြသန္တာသည် အမျိုးသမီးနှင့် လူ့အခွင့်အရေးများ ပိုမိုဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ်အတွင်း ကျောက်တော်၌ လူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်စဉ် အာရက္ခတပ်တာ်ဘက်ကလည်း ၊ စစ်ကောင်စီ ဘက်တော်သားဖြစ်တဲ့ ALP ပါတီနှင့် ဆက်သွယ်မှုရှိသည်ဆိုသည့် သံသယနှင့် ဖမ်းဆီးခဲ့ပြန်သည်။

သူမနှင့် ရုံးသူရုံးသားများသည် ULA/AA ရဲ့ ထိန်းသိမ်းမှုအောက်မှာ ၃ ည ၃ ရက်တိုင်တိုင် စစ်ဆေးခံခဲ့ရသည် ထိုအကြောင်းတွေကိုလည်း မီဒီယာသို့ မပြောရန် ဖိအားပေးခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စစ်ပွဲကာလအတွင်း အများပြည်သူ လုံခြုံရေးအတွက် မသင်္ကာသူများကို ပုံမှန် စစ်ဆေးမေးမြန်းခြင်းသာ ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ထားသည်။

“စစ်ပွဲကာလမှာ တချို့ မသင်္ကာစရာ လူတွေနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးမေးမြန်းစုံစမ်းတာတွေကတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ အများပြည်သူ လုံခြုံရေးအတွက် လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်တာဖြစ်ပါတယ်။ ဒါဟာ ပုံမှန် လုံခြုံရေးဆောင်ရွက်တာဘဲ ဖြစ်ပါတယ်။ အထူးအဆန်းမဟုတ်ပါဘူး။ အပြစ်မရှိရင် ဘာမှပြဿနာမရှိပါဘူး။ လုံခြုံရေးအရ စစ်ဆေးတာကို ဘယ်သူမဆို ပူးပေါင်းဆောင်ရွက်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။” လို့ မေးမြန်းချက်ကို ပြန်ဖြေကြားခဲ့ပါတယ်။

သို့သော် မစောမြသန္တာ၏ ပုံသဏ္ဌာန်မှာ ဖိအားပေးခံရရုံဖြင့် ငြိမ်သက်သွားမည့်သူ မဟုတ်ပေ။

ကျောက်တော်၌ ၁,၀၀၀ တန် ငွေစက္ကူများ သုံးမရသဖြင့် အခြေခံလူတန်းစားများ ဒုက္ခရောက်နေချိန်တွင် သူမသည် ဝင်ရောက်ထောက်ပြကာ ပြည်သူများအတွက် ရှေ့ထွက် မေးခွန်းထုတ်ခဲ့သည်။ ထိုသို့ တောင်းဆိုမှုကြောင့် ၁,၀၀၀ တန်များ ပြန်လည်သုံးစွဲခွင့် ရရှိခဲ့သော်လည်း ULA/AA မြို့နယ်တာဝန်ရှိသူ၏ ခေါ်ယူ၍ “နေရာတကာ ဝင်မပါရန်” သတိပေးခြင်းကို ခံခဲ့ရသည်။

လွတ်မြောက်နယ်မြေရရင် ကျွန်မတို့ ထင်ခဲ့တာက အလုပ်အကိုင်တွေ ပိုပြီးတော့ လွတ်လွတ်လပ်လပ် လုပ်ရမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မ ထင်ခဲ့တာနဲ့ မြင်ခဲ့တာက တခြားဖြစ်သွားတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက လုံးဝကို ပျောက်ထွက်သွားတာ…”

စစ်ကောင်စီ၏ စစ်ရေးအန္တရာယ်နှင့် ULA/AA ၏ ကန့်သတ်ချက်များကြားမှ မစောမြသန္တာသည် ရက်ပေါင်း ၅၀ နီးပါး ခက်ခဲစွာ ခရီးနှင်ကာ ရန်ကုန်သို့၊ ထိုမှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ တရားမဝင် လမ်းကြောင်းမှ ခေတ္တ တိမ်းရှောင်ခဲ့ရသည်။

နယ်စပ်မြေမှ ခိုလှုံသူနှင့် မလျော့သော သန္နိဋ္ဌာန်

မဲဆောက်တွင် တရားမဝင် စစ်ဘေးရှောင် ဘဝဖြင့် နေထိုင်ရစဉ်အတွင်း အလုပ်လုပ်ခွင့်မရှိခြင်း၊ သားဖြစ်သူ ကားတိုက်ခံရစဉ် တရားခံကို မဖော်ထုတ်နိုင်ဘဲ ကူကယ်ရာမဲ့ရခြင်းစသည့် ကိုယ်ရေးကိုယ်တာ ဒုက္ခမျိုးစုံကို ကြုံတွေ့ခဲ့ရသော်လည်း မစောမြသန္တာ၏ လူ့အခွင့်အရေးနှင့် အမျိုးသမီးအရေးဆိုင်ရာ ခံယူချက်မှာ ပျက်ပြယ်မသွားခဲ့ပေ။

သူမသည် စစ်ဒဏ်သင့် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများတွင် ငွေကြေးဖြင့် အမှုကျေအေးနေသည့် စနစ်ဆိုးများကို ထိုင်း-မြန်မာနယ်စပ်မှနေ၍ ဆက်လက် မေးခွန်းထုတ် ထောက်ပြနေဆဲ ဖြစ်သည်။

“အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့ ပြဿနာတွေ ဖြစ်လာရင် အမှုမှန်ပေါ်ပြီးတော့ တကယ့်တကယ် ထိရောက်တဲ့ ဥပဒေတစ်ရပ်ကို ရေးဆွဲပြီးတော့ သေသေချာချာ အကောင်အထည်ဖော်စေချင်တယ်။ အမျိုးသမီးအရေးအတွက် ထုတ်ထားတဲ့ ဥပဒေကို သေသေချာချာ တိတိကျကျ အသက်ဝင်စေချင်တာ…”

မစောမြသန္တာ၏ ဘဝဖြတ်သန်းမှုသည် သူမတစ်ဦးတည်း၏ ရုန်းကန်မှုသက်သက် မဟုတ်ပေ။ ခေတ်အဆက်ဆက် အာဏာရှင်စနစ်များအောက်တွင် နိစ္စဓူဝ ဖိနှိပ်ခံနေရသော်လည်း ဒူးမထောက်ဘဲ ရှေ့သို့ ဆက်လက်ချီတက်နေကြသည့် မြန်မာပြည်မှ လူ့အခွင့်အရေးနှင့် အမျိုးသမီးလှုပ်ရှားသူများ၏ အခြေအနေကို မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ပေါင်းများစွာသော အမျိုးသမီးများသည် တရားမျှတမှု၊ ဒီမိုကရေစီနှင့် အမျိုးသမီးအခွင့်အရေးအတွက် တောင်းဆိုလှုပ်ရှားမှုကြောင့် အာဏာရှင်များ၏ အကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေကြရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမှု စတင်ချိန်မှစ၍ ယနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် ဖမ်းဆီးခံခဲ့ရသည့် စုစုပေါင်း အမျိုးသမီးဦးရေ ၆,၅၈၇ ဦး အထိ ရှိခဲ့ပြီး၊ အာဏာရှင်တို့၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး စုစုပေါင်း ၂,၂၈၇ ဦး အထိ ရှိခဲ့ပြီဖြစ်သည်။

ထိုကဲ့သို့ ကြီးမားသော ဖမ်းဆီးသတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုနှင့် ကန့်သတ်ချက်ပေါင်းများစွာ ရှိနေပါသော်လည်း မြန်မာပြည်မှ အမျိုးသမီးလှုပ်ရှားသူများသည် အကျဉ်းထောင်များထဲတွင်လည်းကောင်း၊ လွတ်မြောက်နယ်မြေများနှင့် နယ်စပ်ဒေသများတွင်လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများကို မဆုတ်မနှစ်သော သတ္တိဖြင့် ဆက်လက် လုပ်ဆောင်နေကြဆဲ ဖြစ်သည်။

မစောမြသန္တာသည် စစ်အာဏာရှင်စနစ်၏ ရက်စက်မှုနှင့် တော်လှန်ရေးအဖွဲ့အစည်း၏ စစ်ရေး ကန့်သတ်ချက် ကြားတွင် ကြေမွမသွားဘဲ၊ မိမိ၏ ရပ်တည်ချက်နှင့် ခံယူချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားဆဲ အမျိုးသမီးတစ်ဦး ဖြစ်သည်။

တိုင်းပြည် တည်ငြိမ်ပါက မွေးရပ်မြေ ရခိုင်ပြည်နယ်သို့ ပြန်လည်ခြေချကာ အမျိုးသမီးများနှင့် ပြည်သူများအတွက် ခိုင်မာသော အကာအကွယ်ဥပဒေများ ပေါ်ပေါက်လာသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု သန္နိဋ္ဌာန်ချထားသည့် မစောမြသန္တာ၏ ပုံရိပ်သည် မည်သည့် အာဏာရှင်ကမျှ တားဆီးပိတ်ပင်၍ မရနိုင်သော၊ ဖိနှိပ်မှုမျိုးစုံကြားမှ ကြံ့ကြံ့ခံနေသည့် မြန်မာအမျိုးသမီးတို့၏ သတ္တိနှင့် ရဲရင့်မှုကို ဖော်ပြနေသည့် အမှတ်သင်္ကေတတစ်ခုပင် ဖြစ်တော့သည်။

Kay Zue

Related Posts

15 thoughts on “အာဏာရှင်လက်ထက် နဲ့ တော်လှန်ရေး အစိုးရကြား ရှင်သန်ခဲ့ရတဲ့ အမျိုးသမီးအရေး လှုပ်ရှားသူ

  1. If you wish for to grow your familiarity just keep visiting this web site and be updated with the most up-to-date gossip posted here.

  2. Thank you for the auspicious writeup. It in fact was
    a amusement account it. Look advanced to far added agreeable from you!
    However, how can we communicate?

  3. OMT’s neighborhood online forums permit peer inspiration, ᴡhere shared math understandings trigger love ɑnd collective drive fⲟr
    examination excellence.

    Experience flexible knowing anytime, ɑnywhere thrօugh OMT’ѕ comprehensive online e-learning
    platform, including unlimited access tо video lessons аnd interactive
    quizzes.

    Ꮃith students іn Singapore starting official math education fгom tһe fiгst daу and dealing wіth higһ-stakes assessments, math tuition pгovides the additional edge required tⲟ accomplish leading efficiency іn thіѕ essential topic.

    Witһ PSLE math contributing considerably to oveгalⅼ ratings,
    tuition provіdes additional resources like design answers for pattern acknowledgment ɑnd algebraic thinking.

    Individualized math tuition іn hіgh school addresses specific discovering spaces іn subjects ⅼike calculus ɑnd data,
    stopping them from impeding О Level success.

    Βy ᥙsing considerable experiment рast A Level exam documents, math tuition familiarizes trainees ᴡith question layouts аnd marking systems for
    ideal efficiency.

    Distinctly, OMT enhances tһe MOE curriculum witһ a personalized program including diagnostic assessments tο tailor web content pеr student’s staminas.

    OMT’ѕ online platform enhances MOE syllabus օne, aiding you tackle PSLE
    math easily ɑnd faar ƅetter ratings.

    By highlighting theoretical understanding оver rote understanding, math tuition outfits Singapore pupils fօr the advancing examination styles.

    mу web blog – Kaizenaire math tuition singapore

  4. Cool blog! Is your theme custom made or did you download it from somewhere?
    A theme like yours with a few simple adjustements would really make my blog stand
    out. Please let me know where you got your design. Cheers

Leave a Reply

Your email address will not be published. Required fields are marked *