အမ်းတစ်မြို့လုံးကို မှိုင်းထောင်ထားတဲ့ BE တပ် ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီး အဲ့ ဒီတပ်က စစ်သုံ့ပန်း ၄၀ ကျော်ကိုဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ သတင်းရရှိပါတယ်။
BE တပ်လို့ ဒေသမှာ အလွယ်ခေါ်တဲ့ စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ဟာ အမ်းမြို့ တစ်မြို့လုံးက သူတို့ခြေကုတ်ယူခဲ့တဲ့တပ်စခန်းနေရာတွေ၊ တံတားတွေ နဲ့ အဆောက်အအုံတွေမှာ မှိုင်းတွေထောင်ထားခဲ့ပြီး အဲ့ဒီတပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“စက်လက်နက် ပစ္စည်းတွေနဲ့ လူအင်အား ၅၀ လောက် ဖမ်းဆီးရမိတယ်လို့ သိထားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(BE) တပ်ဟာ တပ်မတော် အင်ဂျင်နီယာများ နဲ့ နည်းပညာရှင်များ တာဝန်ကျတဲ့ အထိုင်စခန်းလည်းဖြစ်ပါတယ်။
ဖောက်ခွဲရေး ၊ စက်လက်နက် ၊ မြေမြုပ်မှိုင်း ၊ ဒရုန်း စတဲ့ နည်းပညာနဲ့ သက်ဆိုင်တဲ့ စက်လက်နက် ပစ္စည်းတွေကို ကိုင်တွယ် ထိမ်းချုပ်ရတဲ့နေရာလည်းဖြစ်တယ်လို့ သိရပါတယ်။
“BE တပ်က အင်ဂျင်နီယာ နဲ့ နည်းပညာရှင်တွေ အဓိကရှိတယ် ။ ခြေလျှင်တပ်တို့ ဘာတို့ လို ငမွဲတပ်မဟုတ်ဘူး၊ ဒရုန်းတို့ ဘာတို့ပေါတယ် ၊ အမြှောက်တွေလည်း ပေါတယ် “ လို့ အမ်းဒေသခံ စစ်ရေး သုံးသပ်သူက ပြောပါတယ်။
အမ်းမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့မှူး နဲ့ စခန်းမှူး အပါအဝင် တပ်သားအချို့ ဟာ အဲ့ဒီတပ်ထဲမှာ အင်အားပေါင်းထားတာ လည်းဖြစ်ပါတယ်။
အမ်းမြို့ နပခ ကို အလုံးစုံထိမ်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီဟာ နပခ ဌနချုပ်ဆီကို လမ်းကြောင်းအမျိုးမျိုးနဲ့ စစ်ကူတွေ ပို့လွှတ်နေတာ ဖြစ်ပါတယ်။
လတ်တလော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ အမ်းမြို့သိမ်းတိုက်ပွဲအခြေအနေဟာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းက နေ အပြင်းအထန် ခုခံနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ သိမ်းပိုက်လိုက်တဲ့ အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(BE) တပ်ဟာ အမ်းမြို့ အထွက် ပဲပုဒုံဂိတ်နား ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းပေါ်မှာ အခြေစိုက်တဲ့ တပ်ရင်းဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ရေးအတွက် AA က ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။
Помощь оказывают врачи с практикой в наркологии, психиатрии и восстановительной терапии.
Изучить вопрос подробнее – врач нарколог на дом Луганск