ရခိုင်ပြည်နယ် မှာ လမ်းပိုင်းတွေကို ပိတ်ဆို့ပြီး လုပ်စားဂွင်တွေ ဖန်တီးထားတဲ့ သံတွဲ ၊ ဂွ မြို့တွေ
က အဝင်အထွက် ဂိတ်တွေမှာ ဂိတ်စောင့် စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေ အချင်းချင်း
အဝေမတည့်မှု ပြသနာတွေ မကြာခဏ ဖြစ်နေတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက
သတင်းရရှိပါတယ်။
\”မှောင်ခိုလမ်းကြောင်းက စားကုန်သောက်ကုန်တွေကို သယ်ရတယ်၊
မှောင်ခိုလမ်းကြောင်းဆိုတာလည်း အဲ့ဒီ ဂိတ်တွေပဲ ။ ကုန်ကားတစ်စီးကို ဆယ်သိန်းကနေ သိန်း
၁၀၀ ထိ ပါတဲ့ ကုန်ပေါ်မူတည်ပြီးပေးရတယ် ၊သူတို့ စီးပွားရှာတဲ့နေရာဖြစ်နေပြီး ရလေ လိုလေ
ဖြစ်လာတယ်။ အချင်းချင်း အဝေမတည့်လို့ သေနတ်နဲ့ ပစ်မယ် ခတ်မယ် ဖြစ်ကြသေးတယ်\” လို့
သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
သံတွဲ-ဂွ ငသိုင်းချောင်းလမ်းပိုင်း မှာ စစ်ပွဲဖြစ်ပွားတာမျိုး တစ်ကြိမ်တစ်ခါမှ
မဖြစ်ဖူးသေးပေမယ့် လုံခြုံရေး အကြောင်းပြပြီး ဒေသခံတွေ အပေါ် ငွေညှစ်တာတွေ ၊ အာဏာပြ
အနိုင်ကျင့်တာတွေရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒီဂိတ်တွေကို ဖြတ်သန်း ဖို့ အတွက် သက်ဆိုင်ရာ
ကျေးရွာ ရပ်ကွက်တွေ ဥက္ကဌ တွေရဲ့ ထောက်ခံချက် လိုအပ်ပြီး အဲ့ဒီထောက်ခံချက် ပါမှ
ဖြတ်သန်းခွင့်ပေးတယ်လို့ ဆိုပါတယ်။
\”မြို့နယ်မှူး ၊ ခရိုင်မှူးတွေက ဂိတ်တွေက ရမှန်းသိလို့ ကိုယ်တိုင် လာယူတာမျိုးရှိတယ် ၊တပ်က
ကောင်တွေကလည်း သိမ်းတယ် ၊ ဘယ်လို ဖြစ်နေလဲ ဆို လျင်တဲ့သူ ယူ ၊ တစ်ခါတစ်ခါ
အဖွဲ့စုံတဲ့အချိန်ဆို ပိုပေးရတယ်၊ ဝေစုများသွားတာကိုး၊ အားလုံးက သေမှာတော့
ကြောက်ကြပေမယ့် ငွေက မတရား ရ နေတော့ ဒီဟာကို နောက်ဆုံးအခွင့်အရေးလို
အသုံးချနေကြတာ ၊ ငါတို့ လက်နက်မချရခင်၊ ရသလောက် ယူထားမယ် ဆိုတဲ့ စိတ်ဓာတ်တွေ နဲ့
\” လို့ အဲ့ဒီဂိတ်တွေနဲ့ ပတ်သက်နေသူ တစ်ဦးကပြောပါတယ်။
အဲ့ဒီလိုပဲ ဂွမြို့ မှာလည်း အဝင်အထွက်ဂိတ်တွေကို ဖြတ်သန်းတဲ့အခါ သံတွဲ နဲ့ ချိတ်ဆက်ပြီး
ပေးထားရတယ်လို့ ဆိုပါတယ်။ ဂွမြို့ နဲ့ သံတွဲမြို့က ခရိုင်မှူး ၊ မြို့နယ် မှူး အချင်းချင်း
ခွဲဝေယူကြတယ်လို့ ပြောပါတယ်။
\”ဂွ ဘက်ကို ပိုင်ရင်လည်း သံတွဲကိုလာလို့ ရတယ်။ သံတွဲဘက် ပိုင်ရင်လည်း ဂွ ဘက်တက်လို့
ရတယ်၊ သူတို့ အချင်းချင်းချိတ်ထားပြီးသား \” လို့ ဒီဂိတ်တွေကို ဖြတ်သန်းနေရ သူ
တစ်ဦးကပြောပါတယ်။
ဒါအပြင် စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ စစ်တပ်နဲ့ ရဲဌာန တို့ဟာ
ကင်းလှည့်ချိန်မှာ လည်း ဒေသခံတွေ ၊ ပစ္စည်းများများ သယ်လာတာ ဖြစ်စေ ၊ ရောင်းချ ဖို့
သယ်ဆောင်လာတာ ဖြစ်စေ တားဆီးပြီး ငွေတောင်း နေကြတာမျိုးလည်းလုပ်သေးတယ် လို့
ဒေသခံတွေက ဆိုပါတယ်။
သံတွဲမြို့ အထွက် စာနီတောင်စစ်ဆေးရေး ဂိတ်ဟာ ကုန်တင်ကားနဲ့ လူ အဝင်အထွက်အတွက် ရဲ ၊
လဝက ၊ နဲ့ စစ်သား အဖွဲ့စုံ အင်အားပြည့်ချထားပြီး ဒေသခံတွေကို ငွေညှစ်နေတာ ဖြစ်ပါတယ်။
Услуги кровельного консультанта в Минске. Мы помогаем выбрать материал, рассчитать количество, спроектировать узлы. Выезжаем на объект с образцами. Сравниваем стоимость и характеристики. Даем письменные рекомендации. Сопровождаем на всех этапах закупки. Помогаем сэкономить без потери качества. Консультация бесплатна при заключении договора. Позвоните, чтобы разобраться в многообразии кровельных материалов и выбрать лучший вариант.перекрыть крышу Минск
Монтаж сайдинга Минск – используем только сертифицированные материалы с сертификатами пожарной безопасности. Все панели самозатухающие, не поддерживают горение. Мы также монтируем противопожарные рассечки из минваты. Это обязательное условие для деревянных домов. Сохраняем не только красоту, но и вашу безопасность. Вызов специалиста бесплатен! Монтаж сайдинга Минск