Laywaddy FM

စစ်တွေ ၊ ဒကစဝန်း ထဲကို AA ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး စကမ တပ်သား အချို့ကို ဆေးရုံတင်ထားရ ၊သေဆုံးမှုရှိ

စစ်တွေ ၊ ဒကစဝန်း ထဲကို AA ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး စကမ တပ်သား အချို့ကို ဆေးရုံတင်ထားရ ၊သေဆုံးမှုရှိ

စစ်တွေမြို့အခြေစိုက် ဒကစ ဝန်းထဲကို အာရက္ခတပ်တော်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး ၊ စကမ အများအပြားဆေးရုံတင်ထားရတယ်လို့ သတင်းရရှိပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နယ်မြေတွေကို စစ်ကော်မရှင်ဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတဲ့ ဒီဇင်ဘာ ၇ ရက်နေ့ညပိိုင်းမှာ အာရက္ခတပ်တော်ဘက်က ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

” စကမဘက်က လက်နက်ကြီး နဲ့ ၅ ချိန်း(ကြိမ်) ပစ်ပြီးတဲ့အချိန် AA ကပြန်ပစ်တယ် ဒကစ ဝန်းထဲကို ကျတာ ကားဂိတ်ဝန်းကျင်ကတောင်တုန်သွားတယ်” လို့ စစ်တွေ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒကစ ဝန်းထဲကို လက်နက်ကြီး ကျရောက်ပြီးနောက် စစ်တွေ မြို့ပေါ်မှာ လူနာတင်ကားတွေ ၊အသွားလာရှုပ်ထွေးသွားတယ်လို့ မျက်မြင်ဒေသခံတွေကအတည်ပြုပါတယ်။

“ဆေးရုံကြီးကို လူနာတင်ကားနှစ်ခေါက်ဝင်သွားတယ်၊ သူတို့ အရေးပေါ်ကား ဝင်လာတာနဲ့ ဆေးရုံကလူတွေကို အဝေးကို ဖယ်ခိုင်းတယ် ။စစ်ဆေးရုံကိုတော့ တပ်ပိုင်ကားနဲ့ယူတယ်၊ သိရသလောက်ကတော့ သေဆုံးတယ်ကြားတယ်၊ဒဏ်ရာရတာလည်းများတယ်” လို့ စစ်တွေ သတင်းရင်းမြစ်က လေးဝတီfm ကို အတည်ပြုပါတယ်။

စစ်တွေ အခြေစိုက် ဒကစ ၊ ရဲတပ်ရင်း ၁၂ နဲ့ နေဗီ တို့ကနေ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောတို့ကို နေ့ရောညပါ လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး အရပ်သားတွေ နေအိမ်တွေမကြာခဏ ထိမှန်နေတာဖြစ်ပါတယ်။

အာရက္ခတပ်တော်ဘက်ကလည်း စစ်ကော်မရှင်ရဲ့ ဒကစ ဝန်းထဲကို လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်နေပြီး အဲ့ဒီဝန်းထဲက တပ်သားတွေဟာ မကြာခဏ ၊ ထိခိုက်ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ဟာ စစ်တွေမြို့ မှာ စစ်ဆိုင်ထားတာ တစ်နှစ်ကျော်ကြာမြင့်ပြီ ဖြစ်ပြီး ၊ လက်နက်ကြီး နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်နေတာပါ။

လေးဝတီ FM

Kay Zue

Related Posts

94 thoughts on “စစ်တွေ ၊ ဒကစဝန်း ထဲကို AA ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး စကမ တပ်သား အချို့ကို ဆေးရုံတင်ထားရ ၊သေဆုံးမှုရှိ

  1. I’ve tried a few platforms lately, but this one really stands out for its smooth interface. Definitely worth checking out if you want a hassle-free experience. Check it out at bdke999

Leave a Reply

Your email address will not be published. Required fields are marked *