Laywaddy FM

အာရက္ခပြည် ငြိမ်းချမ်းရေးအတွက် ULA/AA ရဲ့ လမ်းညွှန်မြေပုံ

အာရက္ခပြည် ငြိမ်းချမ်းရေးအတွက် ULA/AA ရဲ့ လမ်းညွှန်မြေပုံ

ရခိုင်ပြည်ဟာ လူမျိုးရေး ပဋိပက္ခ ၊ ဘာသာရေး ပဋိပက္ခတို့ စတင်မြစ်ဖျားခံရာ နေရာ လို့ လက်ညှိုးထိုးခံရတဲ့ ဒေသဖြစ်ပါတယ်။

တစ်ဖက်က ကြည့်ရင်တော့ ရခိုင်ပြည်ဟာ မတူကွဲပြားမှု နဲ့ အတူယှဉ်တွဲနေထိုင်ရေး ကို ကာလ ကြာရှည်စွာ လက်ခံထားပြီးသား “လခြမ်းမြေ “လည်းဖြစ်ပါတယ်။

ရခိုင်ပြည် လို့ ခေါ်ဆိုရာကနေ ULA/AA ရဲ့ အုပ်ချုပ်မှုအောက်မှာ အာရက္ခပြည် လို့ ပြောင်းလဲ ခေါ်တွင်ခဲ့တာကိုလည်း သတိပြုမိကြမယ်ထင်ပါတယ်။

ဆိုလိုရင်းကတော့ “ရခိုင်ပြည်” ဟူသော အခေါ်အဝေါ်ဟာ ရခိုင်လူမျိုးများကိုသာ ကိုယ်စားပြုထားပါတယ်။

မတူညီတဲ့ လူမျိုးစုတွေ ယှဉ်တွဲ နေထိုင်ရာ ဖြစ်တဲ့ အာရက္ခပြည် အဖြစ် ပြောင်းလဲ ခေါ်ဆိုခြင်းဖြစ်တယ်လို့ ကျွန်တော် သဘောပေါက်ထားပါတယ်။

ဒါမှမဟုတ် ရခိုင်ဟူသောဝေါဟာရဟာ ခေတ်အဆက်အဆက် အစိုးရများက တိုင်းရင်းသားများကို သူပေးချင်တဲ့ နာမည်ပေးထားခြင်းကြောင့် မူရင်းနာမည်ကို ပြောင်းလဲ ခေါ်ဝေါ်တာလည်းဖြစ်နိုင်ပါတယ်။

ဉပမာ ကရင်နီပြည် ကို အစိုးရအဆက်ဆက် ကယားပြည်နယ် ဟု ခေါ်ဝေါ်ခဲ့သလိုပဲ ။ အခု အချိန်မှာတော့ “ကရင်နီပြည် ၊ ကရင်နီလူမျိုး “လို့ ခေါ်ဆိုနေကြတာ မျိုးဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အာရက္ခပြည် ဟာ မတူညီတဲ့ လူမျိုးစုတွေ ယှဉ်တွဲနေထိုင်တဲ့ ဒေသတစ်ခု အဖြစ် ကာလရှည်စွာတည်ရှိနေတယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး။

ULA/AA ဟာ အာရက္ခပြည်က နေရာအများစုကို အုပ်ချုပ်လိုက်တာနဲ့ တပြိုင်နက် ရခိုင်ပြည်သူနဲ့ မွတ်ဆလင်ပြည်သူတွေကြားထဲက စိုးရိမ်မှု နဲ့ မယုံကြည်မှုတွေကို ချေဖျက်နိုင်ရေး

ကြိုပမ်းမှုတွေကိုလည်း မြင်သာထင်သာတွေ့လာရပါတယ်။

ဇွန်လ ၇ ရက်နေ့မှာ ကျရောက်မယ့် ကူရ်ဘာနီအီးဒ်နေ့အထိမ်းအမှတ်အဖြစ်၊ ULA/AA အဖွဲ့ဝင်တွေက မွတ်ဆလင်ရွာတွေကို ကိုယ်တိုင် သွားရောက်ပြီး အသားလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ဒါဟာ ဘာသာရေးအပေါ်လေးစားမှု၊ လူမျိုးစုနှစ်ခုကြား ငြိမ်းချမ်းရေးတန်ဖိုးထားမှုကို ပြသနေတဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် အသိအမှတ်ပြုရစရာဖြစ်လာပါတယ်။

ရခိုင်ပြည်နယ်မှာ သက်တမ်းရှည်စွာ တည်ရှိနေတဲ့ လူမျိုးစုနှစ်စုဖြစ်တဲ့ ရခိုင်နဲ့ မွတ်ဆလင်လူမျိုးတို့အကြားက

တင်းမာမှုတွေကို ချဥ်းကပ်ဖြေရှင်းဖို့အတွက် ULA/AA က သဟဇာတဖြစ်စေတဲ့ ဆောင်ရွက်မှုတွေကို နမူနာပြလုပ်ဆောင်နေခြင်း လို့ ဆိုနိုင်ပါတယ်။

ULA/AA နဲ့ နီးစပ်သူတစ်ဦးက “အဖွဲ့တွင်းမှာ မွတ်ဆလင်လူမျိုးတွေလည်း ရှိနေပါတယ် ၊ သူတို့ကိုယ်တိုင် ရွာတွေကို လှူဒါန်းဖို့ သွားရောက်တာပါ၊ အာရက္ခတပ်တော် မှာ တာဝန်ထမ်းနေတဲ့ မွတ်ဆလင်တွေ စစ်သည် တွေ နဲ့အတူ ဆင်နွှဲခဲ့ကြပါတယ်” လို့ ပြောပါတယ်။

ကူရ်ဘာနီအီးဒ် နေ့ ဟာ အစ္စလာမ်ဘာသာဝင်တွေ အတွက် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ မုန့် ၊ အသား စသည်တို့ကို လှူဒါန်းပေးကမ်းရတဲ့ နေ့လည်းဖြစ်တယ်။

အခုလို ပူးပေါင်း ဆောင်ရွက်မှုတွေဟာ စစ်ပွဲကြားက ရုန်းထနေရတဲ့ အာရက္ခပြည်အတွက် ငြိမ်းချမ်းရေးအခြေခံ အချက်လည်းဖြစ်ပါတယ်။

အရေးကြီးတာက တိုင်းပြည်တစ်ခုနဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ ပြန်လည်ယုံကြည်မှုတည်ဆောက်ဖို့ အတွက် မေတ္တာတရား ၊ လေးစားမှုနဲ့ အခြေခံ လူသားချင်းစာနာ နားလည်နိုင်မှုတို့ ဖြစ်ပါတယ်။

ရခိုင်ပြည်သိမ်းတိုက်ပွဲကြီးဟာ ရခိုင်ပြည်က လူတန်းစားတွေကို မျှခြေဖြစ်စေခဲ့ပါတယ်။

တန်းတူညီမျှ စွာ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်လာကြရပါတယ်။ ရခိုင်ပြည်ရဲ့ လက်ရှိ အခြေအနေဟာ ဆန်တစ်ဗူးရှိရင် တစ်ယောက် တစ်ဝက် ခွဲစားနေရတဲ့ အခြေအနေဖြစ်ပါတယ်။

စစ်ပွဲကြားမှာ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ အပြန်အလှန်ဖေးမခြင်းဟာ ၊ အရေးအကြီးဆုံး လူသားဆန်မှု ပါပဲ ။

ပြန်လည်တည်ဆောက်ရေးကာလမှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ၊ အပြန်အလှန်တန်ဖိုးထားရေး နဲ့ မျှဝေပေးကမ်းရေးအတွက် ULA/AA ရဲ့ အခုလို လုပ်ဆောင်ချက်ဟာ ” ငြိမ်းချမ်းရေး လမ်းညွှန်” တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

သံတွဲနယ်ထဲက လူမှုကူညီရေးလုပ်ကိုင်နေသူ အစ္စလာမ်ဘာသာဝင်တစ်ဦးက တော့

“တစ်ဖက်မှာ စစ်ပွဲ ဖြစ်နေတယ်။ တစ်ဖက်မှာတော့ ပြန်တည်ဆောက်ဖို့ကြိုးစားနေကြရတယ်။ ဒီအချိန်မျိုးမှာ ဘာသာရေးပွဲတော်တွေမှာ ပါဝင်ပေးတာ ၊ မျှဝေပေးတာ ဟာ ကျွန်တော်တို့ အပေါ်မှာ တန်ဖိုးထားမှု လို့ ခံစားမိပါတယ်။” လို့ မှတ်ချက်ပြုပါတယ်။

အမျိုးသားရေး၊ ဘာသာရေးမတူညီမှုတွေ များစွာရှိခဲ့ပေမယ့် တူညီစွာ စစ်ဒဏ်ခံစားရပြီးနောက်မှာ ငြိမ်းချမ်းစွာ နေထိုင်လိုမှုတွေဟာ နှစ်ဖက်အဖွဲ့အစည်းလုံးမှာ ရှိနေကြပါတယ်။

ဒါအပြင် ရခိုင်နဲ့ မွတ်ဆလင်လူမျိုး တွေ ဟာ ရောနှောနေထိုင်မှု ၊ စီးပွားရေးအရ အပြန်အလှန်မှီခိုမှုတွေ လည်း ရှိနေဆဲဖြစ်ပါတယ်။

ဒီအတိုင်းဆို ငြိမ်းချမ်းသော အာရက္ခပြည်ကြီးတည်ဆောက်ကြရုံပဲ ရှိတော့တာပေါ့။ ဒီလိုလည်း မဟုတ်သေးပါဘူး။

နှစ်ဖက်စလုံးမှာ အစွန်းရောက်နေတဲ့ အုပ်စုတွေဟာလည်း တဖြည်းဖြည်းအင်အားကောင်းလာတာကို တွေ့ရပါတယ်။

တစ်ဖက်ကတော့ မြေပြင်မှာ လက်နက်ကိုင်ပြီး ULA/AA ကို တည့်တည့်တင်တင်တော်လှန်မယ့်လိုကြေညာထားတဲ့ ARSA (Arakan Rohingya Salvation Army) ၊ RSO (Rohingya Solidarity Organization) လိုအဖွဲ့မျိုးတွေ ပဲဖြစ်ပါတယ်။

ဒီအစုအဖွဲ့တွေဟာ မြန်မာ-ဘဂ်လားဒေ့ရှ် နယ်စပ်မှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို အမှီသဟဲပြုပြီး ပေါ်ပေါက်လာကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

ဒုက္ခသည် စခန်းက ရိုဟင်ဂျာ လူငယ်တွေကို ချော့လိုက် ၊ ခြောက်လိုက် ၊ အဓမ္မခေါ်ဆောင်လိုက်နဲ့ တဖြည်းဖြည်း အင်အားပိုကောင်းလာတာကိုလည်း တွေ့ရပါတယ်။

ဘာသာရေးအရ ဆက်နွယ်ထားတဲ့ အာရက္ခဒေသတွင်းက မွတ်ဆလင် ၊ ရိုဟင်ဂျာတွေ နဲ့ ARSA၊ RSO တို့ ဟာ ပေါင်းစပ်ဖို့ အလွန်ပင် နီးစပ်လွန်းပါတယ်။

ဒါဟာ အထူးသတိထား ကိုင်တွယ်ရမယ့် အချက်ဖြစ်ပါတယ်။

သိပ်မကြာသေးခင်က မောင်တောမြို့နယ်ထဲက မွတ်ဆလင်ရွာတွေ ထဲ အထိ ဒီအဖွဲ့တွေ ခြေဆန့်လက်ဆန့် ပြုလာကြတယ်ဆိုတဲ့ သတင်းတွေကိုလည်းကြားလာရပါတယ်။

ဒါကြောင့် အာရက္ခပြည်မှာ လက်ရှိအုပ်ချုပ်နေတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ရခိုင်တွေရဲ့ အစိုးရသာမဟုတ် မွတ်ဆလင်များ ၊ ရိုဟင်ဂျာများရဲ့ အားထားရတဲ့ အစိုးရ တစ်ရပ်အဖြစ် ရပ်တည် ပြဖို့ လိုအပ်နေပါတယ်။

ဒါကြောင့် အာရက္ခပြည်ရဲ့ ဖွဲ့စည်းပုံတွေ မူဝါဒတွေ မှာပါ မွတ်ဆလင်တွေ ၊ ရိုဟင်ဂျာတွေ အတွက် မျှခြေရှိတဲ့ အခွင့်အရေးတွေ ပြဌာန်းနိုင်ဖို့လိုပါတယ်။

ကျောသား ရင်သားမခွဲခြားပဲ ကာကွယ်ပေးနိုင်တဲ့ အစိုးရတစ်ရပ်ပီပီပြင်ပြင် ဖြစ်လာမှ သာ ပြည်တွင်း ရန်ကော ၊ ပြည်ပ ရန်ပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒါအပြင် စစ်ပွဲကို အောင်နိုင်နေတဲ့ လူမျိုးစုဖြစ်တဲ့ ရခိုင်လူမျိုးတွေအနေနဲ့ ဆိုရင်လည်း ဒေသတွင်းက တခြားလူမျိုးစု တွေ အင်အားစုတွေနဲ့ ဆက်ဆံတဲ့အခါ ပိုမိုသဘောထား ပျော့ပြောင်းဖို့ လိုအပ်လာပါတယ်။

ပိုမိုကြီးမားတဲ့ မြော်မြင်မှုတွေနဲ့ အဆင့်အတန်းရှိတဲ့ လူမျိုးအဖြစ် တစ်ဦးချင်းက သဘောထားကြီးမားဖို့လိုပါတယ်။

တိုက်ပွဲကို သွေးနဲ့ ချွေးနဲ့ ရင်းထားကြတာ ဟာ ကောင်းမွန်လှပတဲ့ အာရက္ခပြည် အနာဂတ်အတွက် ဆိုတာ ငြင်းဖို့မလိုပါ။

ဒါပေမယ့် ULA/AA ရဲ့ စစ်ပွဲအောင်နိုင်မှုနဲ့အတူ အမျိုးသားရေးဝါဒီများ ပိုမိုအားကောင်းလာမယ် လို့ ထင်မြင်ယူဆ ချက်တွေ လည်း ပိုမိုများပြားလာပါတယ်။

ULA/AA ကို အားပေးထောက်ခံသယောင်နဲ့ အမျိုးသားရေး အစွန်းရောက်မှုတွေကို ဟောပြော နေသူ ကိုလည်း ခပ်စိတ်စိတ်တွေ့လာရပါတယ်။

၂၀၁၂ ကတည်းက ပြောဆိုလာတဲ့ အမုန်းပွားစေတဲ့ အယူအဆတွေ ၊ အသုံးအနှုန်းတွေ ၊ ခံစားချက်တွေကို ဆက်လက် မသယ်ဆောင်ဖို့လိုပါတယ်။

အင်တာနက်ပေါ်မှာ က အစွန်းရောက် ရေးသားချက်တွေ ၊ အမျိုးသားရေး ဝါဒီတွေရဲ့ လှုံ့ဆော်မှုတွေ ၊ တစ်ဖက်ဖက် ကို တိမ်းညွတ်နေတဲ့ လှုံ့ဆော်မှုတွေ ဟာ အာရက္ခပြည်မှာ နေထိုင်တဲ့ လူမျိုးစု နှစ်စု သဟဇာတ ဖြစ်ရေး ၊

အာရက္ခပြည်သူ့ အစိုးရ ရဲ့ အနာဂတ် အာရက္ခပြည်တည်ဆောက်ရေးနဲ့ လားလား မှ မသက်ဆိုင်ကြောင်း ကို သတိပြုဖို့ လိုပါတယ်။

အာရက္ခပြည်သူ့ အစိုးရက အာရက္ခပြည်သား မွတ်ဆလင်မောင်နှမများရဲ့ ကူရ်ဘာနီအီးဒ်နေ့ ကို ပူးပေါင်းပါဝင်ခဲ့ပါတယ်။

လခြမ်းမြေမှာ တမြေတည်းနေခဲ့တဲ့ ရခိုင်သူ ရခိုင်သားတိုင်း ကိုယ့်မြို့က အစ္စလာမ်မိတ်ဆွေတို့ရဲ့

အီးဒ်နေ့ အမဲသားဟင်းလျာကို မှတ်မိကြအုံးမယ်ထင်ပါတယ်။

စစ်ဘေး စစ်ဒဏ်မရှိခဲ့တဲ့ကာလတွေ ကို ပြန်ကြည့်တွေးကြည့်လိုက်ပါ အီးဒ်နေ့ တွေ ကို ကျွန်တော်တို့ ဘယ်လိုကျော်ဖြတ်ခဲ့သလဲ။

လခြမ်းမြေဟာ ရှေးနှစ်ပေါင်း ပဝေသနီက ပဲ မတူကွဲပြားမှုကို လက်ခံပြီးသား မြေဖြစ်တဲ့အကြောင်း ထပ်လောင်းပြောရင်း ၊ အစ္စလာမ်မောင်နှများရဲ့ ကူရ်ဘာနီအီးဒ်နေ့ ကို အာရက္ခပြည်သား တစ်ဉီးအနေနဲ့ “ငြိမ်းချမ်းကြပါစေ” ကြောင်း ဆုမွန်ကောင်းတောင်းရင်း ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။

ငြိမ်းချမ်းစေ ၊ လေးဝတီFM

Kay Zue

Related Posts

22 thoughts on “အာရက္ခပြည် ငြိမ်းချမ်းရေးအတွက် ULA/AA ရဲ့ လမ်းညွှန်မြေပုံ”

  1. Нужны скины? cs2 skins по выгодным ценам — большой выбор популярных предметов для Counter-Strike 2. Найдите редкие ножи, перчатки, оружие и другие скины для игры. Быстрая покупка, удобный каталог и актуальные цены на скины CS2.

  2. Нужны скины? обмен скинов обменивайте скины CS2, Rust, Dota 2 и TF2 быстро и выгодно! Удобный обмен игровыми предметами, широкий выбор скинов, выгодные предложения и безопасные сделки. Покупайте, продавайте и обменивайте скины на одной платформе.

  3. Доверьте складу удобное складские услуги компании при временной нехватке площадей. Складское хранение помогает рациональнее управлять товарными запасами. В складском комплексе принимают коммерческие грузы. При необходимости предусматриваются комплектация заказов. Для интернет-магазина это удобный способ обеспечить размещение товара до дальнейшей отгрузки.

Leave a Reply

Your email address will not be published. Required fields are marked *