Laywaddy FM

ဂွမြို့နယ် ကုလားပြင်ကျေးရွာက အရပ်သား ၆၀ ကျော် စစ်ကောင်စီဖမ်းဆီး

ဂွမြို့နယ် ကုလားပြင်ကျေးရွာက အရပ်သား ၆၀ ကျော် စစ်ကောင်စီဖမ်းဆီး


လေး၀တီ FM
ဂွမြို့နယ် ကုလားပြင်ကျေးရွာက အရပ်သား အမျိုးသမီး အမျိုးသား ၆၀ ကျော်ကို စစ်ကောင်စီက ဒီကနေ့ ြသဂုတ်လ ၁၅
နေ့လည်ပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ကုလားပြင်ကုန်းပိုင်းက လူတွေကို ဖမ်းထားပါတယ် ၊ ‌အမျိုးသမီး အမျိုးသား စုစုပေါင်း ၆၀ ကျော် ပါ ။ ရန်ဖြစ်လို့ပဲ ဖမ်းသလိုလို ၊ ဖုန်းပဲ စစ်သလိုလို ၊ ရခိုင်တွေကြောင့်ပဲ မေးသလိုလိုနဲ့ ဖမ်းထားတယ် ၊ ကုလားပြင်မှာက စစ်ပွဲလည်းမဖြစ်သေး လက်နက်ကြီးလည်းမကျသေး စစ်ကောင်စီ က ထိမ်းထားဆဲ ဖြစ်ပါတယ်” လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ကုလားပြင်စခန်းကုန်းနဲ့ ကုလားပြင်ကျေးရွာထဲက အိမ်အချို့မှာ ကင်းပုန်း၀◌ပ်နေရာ ယူထားတယ်လို့သိရပါတယ်။
စစ်ကောင်စီဟာ ကုလားပြင် တံတားနဲ့ ဆပ်သွား တံတားကို မှိုင်းခွဲမယ် ဆိုတဲ့ သတင်းတွေလည်း ဒေသတွင်းမှာ ပြောဆိုနေကြတယ်လို့သတင်းရရှိပါတယ်။

“ကုလားပြင်ချောင်းနဲ့ ရေကျော်ချောင်း၀ မှာ စစ်ကောင်စီတွေ ကင်းပုန်း၀◌ပ်နေတယ် ဗျ” လို့ သူက ‌ပြောပါတယ်။
ဒီကနေ့ နေ့လည် ဘက်မှာ ကျိန္တလီ က တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကြွေချိုင်ကမ်းခြေကနေ လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ သံတွဲဒေသ တိုက်ပွဲ အတွင်းမှာ လည်း မြပြင်နဲ့ ဂျိတ္တော ကျေးရွာက ဒေသခံတွေိကို ဖမ်းဆီးခဲ့ ပါသေးတယ်။
လေးဝတီ FM ရဲ့ သတင်းတွေကို

နယ်မြေခံသတင်းထောက်ပေးပို့သည်။

Kay Zue

Related Posts

79 thoughts on “ဂွမြို့နယ် ကုလားပြင်ကျေးရွာက အရပ်သား ၆၀ ကျော် စစ်ကောင်စီဖမ်းဆီး

  1. выездная наркологическая служба оперативно приедет по указанному адресу, имея при себе все необходимое оборудование и медикаменты, в том числе для оказания неотложной помощи.
    Получить дополнительную информацию – вывод из запоя

Leave a Reply

Your email address will not be published. Required fields are marked *