ရခိုင်ပြည် ဂွမြို့နယ် အတွင်းက တိုက်ပွဲတွေ ကြောင်း ဆပ်သွားတိုက်နယ်ထဲက ကျေးရွာ ဆယ်ရွာက ဒေသခံတွေ ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ် က ပြောပါတယ်။
ဂွမြို့နယ် ဆပ်သွားတိုက်နယ်ထဲက ရွှေဦးကွင်း၊ ဆပ်သွား၊ ရေသိုး၊ ဘာလီချောင်၊ ကျောက်ချပ်၊ ကျောင်းတောင်၊ ဆင်ကူး၊ ဇီးကုန်း၊ ပိန္နဲကုန်းရှိဒေသခံရာနဲ့ ချီဟာ ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ စတင် တိမ်းရှောင်ကြရတာ ဖြစ်ပါတယ်။
“စစ်ကောင်စီက လက်နက်ကြီးနဲ့ ခနခန ပစ် ပြီး ဒရုန်းတွေနဲ့ ဝဲနေတဲ့ ကြားက ပြေးကြရတယ် ” လို့ ဒေသခံ က ပြောပါတယ်။
အဲ့ဒီ တိုက်ပွဲကြောင့်ထွက်ပြေးလာရသူ အချို့ဟာ ကမ်းသာယာ ဂိတ်ကို ဖြတ်သန်းခွင့်မပေးတဲ့ အတွက် အခက်အခဲ ဖြစ်နေကြတယ်လို့ လည်း ဆိုပါတယ်။
ဆပ်သွားတိုက်နယ်က ကျေးရွာအများစုဟာ ဂွမြို့နယ် မှာ တံငါ လုပ်ငန်းကို လုပ်ကိုင်ကြတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။
ဂွမြို့နယ် အတွင်း မှာ ဆပ်သွားတိုက်နယ် နဲ့ တိုင်ကျိုးကျေးရွာ တို့မှာ တိုက်ပွဲ အချို့ ဖြစ်ပွားနေပြီး စစ်ကောင်စီ အမြှောက် တပ်ဆင်ထားတဲ့ နေရာတွေက ဒေသတွင်း နေရာတွေကို ပစ်ခတ်နေတယ် လို့ သိရပါတယ်။
ဂွမြို့နယ် တိုက်ပွဲတွေဟာ ဩဂုတ်လ ပထမ အပတ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး သုံးလတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
References:
Online casino slots no-deposit-casino-bonus-germany.online-spielhallen.de
References:
Venetian Macao Slots spielhalle online spielen
References:
Marina bay casino https://itheadhunter.vn/jobs/companies/best-australian-online-pokies-2026-top-real-money-pokies-sites