Laywaddy FM

တောင်ကုတ်မြို့ခံတစ်ဦး မှိုရှာရင်း မှိုင်းနင်းမိ ၊မှိုင်းနင်းမိသူတွေကို အာရက္ခ အစိုးရက ကောင်းမွန်သည်အထိ ဆေးကုပေးရန် လို

တောင်ကုတ်မြို့ခံတစ်ဦး မှိုရှာရင်း မှိုင်းနင်းမိ ၊မှိုင်းနင်းမိသူတွေကို အာရက္ခ အစိုးရက ကောင်းမွန်သည်အထိ ဆေးကုပေးရန် လို

ရခိုင်ပြည် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်က ဒေသခံတစ်ဦးဟာ ဇွန်လ ၂၉ ရက်က မှိုရှာဖို့ သွားရင်းမြေမြုပ်မှိုင်းနင်းမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်က ဦးစောနိုင်နဲ့ ဇနီးဖြစ်သူတို့ဟာ အမှတ် စကခ (၅) နေရာအဟောင်းဝန်းကျင်မှာ မှိုသွားရှာခဲ့ရတာ မြေမြုပ်မှိုင်းနင်းမိ ခဲ့တာဖြစ်ပါတယ်။

“သူတို့လင်မယားနှစ်ယောက်က မနက်အစောမှာ စကစတပ်နယ်ဟောင်းဘက်ကို မှိုရှာသွားတယ်။ အဲ့ဒီဝန်းကျင်မှာ ဖြစ်ခဲ့တာပါ ၊ဆင်းကလည်းဆင်းရဲတော့ စားစရာတောင်မရှိပါဘူး ၊ အခုလို မှိုင်းထိတဲ့ လူတွေ ၊ အစစ အရာရာ စရိတ်ငြိမ်း ကောင်းအောင်ကုပေးဖို့ လိုပါတယ်။ မဟုတ်ရင် ၊ ဆေးရုံက ဆင်းပြီးရင် နောက်ဆက်တွဲ ပိုးဝင်ဘာဝင် ဖြစ်ရင် ဆေးထပ်မကုနိုင်ဘဲ သေတာတွေ ရှိပါတယ် ” မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

မြေမြုပ်မှိုင်းနဲ့ စစ်ကျန်လက်နက် ပစ္စည်းတွေ ကြောင့် အန္တာရာယ်ပေါ်ပေါက်ခဲ့ရင် အခမဲ့ ဆေးကုသခွင့် ၊ လူနာတင်ယာဉ် တွေ အသုံးပြုခွင့်ရဖို့ လိုတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

” မှိုင်းတွေက ကန်ကော မကန် ၊ ပိုပြီး ဖိဖိစီးစီးလုပ်ပလိုက်ရဖို့ ၊ တော်ကြာ နွား သေလိုက် ၊ တော်ကြာလူသေ လိုက် ကျနေရာ၊ စားစရာမရှိလို့ တောတက် ဟင်းရှာရောင်းရပါတယ် ဆိုမှ ၊ မှိုင်းနင်းမိလို့ ကုစရာ စရိတ်မရှိ သေဖို့ ရှိတော့တယ် ” လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတာတွေ ၊ ပြင်းထန် ဒဏ်ရာ ရတာတွေ နဲ့ ပတ်သက်ပြီး အာရက္ခပြည်သူ့အစိုးရ ရဲ့ ဆေးရုံတွေမှာ ကုသပေးနေပေမယ့် ဆေးဝါးစားရိတ် အချို့ ကို လူနာရှင်က ကျခံရတယ် လို့ ဆိုပါတယ်။

စကခ (၅) တပ်နယ်အနီးဝန်းကျင် ဟာ ဧက ဆယ်ချီ ပတ်လည်မှာ မြေမြုပ်မှိုင်းတွေ ရှိနေဆဲ ဖြစ်ပြီး မှိုင်းရှင်းလင်းရေးတွေ မပြီးပြတ်သေးဘူးလို့ သိရပါတယ်။

ဇွန်လ ၂၆ ရက်က လည်း တောင်ကုတ် ဒေသခံအမျိုးသားတစ်ဦးဟာ အဲ့ဒီအနီးဝန်း လယ်ထဲမှာ ကန်သင်းဆယ်နေရင်း စစ်ကျန်လက်နက် ပေါက်ကွဲလို့ ပြီးနောက် သုံးရက်အကြာမှာ သေဆုံးခဲ့ရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ အာရက္ခဒေသအတွင်း မြေမြုပ်မှိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ်ဆိုင်ရာ ပညာပေးဟောပြောပွဲတွေ ၊ သိပေးဆိုင်းဘုတ်တွေ ၊ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေတာတွေ မိုးကာလ မတိုင်ခင်က လုပ်ဆောင်ထားပေမယ့် တောင်သူအများစုက မိုးကာလမှာ စာဝတ်နေရေးအတွက် တောတောင်တွေကို သွားလာရတာဖြစ်ပါတယ်။

ဓာတ်ပုံ- ABN

Kay Zue

Related Posts

7 thoughts on “တောင်ကုတ်မြို့ခံတစ်ဦး မှိုရှာရင်း မှိုင်းနင်းမိ ၊မှိုင်းနင်းမိသူတွေကို အာရက္ခ အစိုးရက ကောင်းမွန်သည်အထိ ဆေးကုပေးရန် လို

  1. I’ve been looking for a reliable platform and idjpsonic really delivers. The interface is smooth and the payouts are surprisingly fast. Highly recommended for anyone starting out! idjpsonic

Leave a Reply

Your email address will not be published. Required fields are marked *