အဖိနှိပ်ခံဘဝက လွတ်မြောက်ရေး၊ ဆုံးရှုံးသွားတဲ့ အချုပ်အခြာအာဏာ ပြန်လည်ရရှိရေး၊ လွတ်လပ်တဲ့ တိုင်း ပြည်ပြန်လည် တည်ဆောက်ရေးအတွက် ချီတက်နေတဲ့ အရက္ခတပ်တော်ရဲ့ ကြမ်းတမ်းလှတဲ့ မိုင်တိုင် ခရီးဟာ ၁၅ နှစ်ကျော်ကြာလို့ လူပျိုပေါက်အရွယ်ရောက်ရှိလာပါပြီ။
AA ခေါင်းဆောင်တွေ လမ်းပြ၊ အာရက္ခလူထုတွေ မညီးမညူဘဲ ခေါင်းမာမာနဲ့ လိုက်ပါနေတဲ့ ရက္ခိတအိပ်မက် ခရီးရှည် (တနည်း) ရက္ခိတလမ်းစဉ်ဟာ စစ်ရေးအရ ဒီကနေ့ ၉၀ ရာခိုင်နှုန်း အထက် ခရီးပေါက်နေပြီလို့ ဆိုနိုင်ပါတယ်။
ဒီနေ့မှာတော့ အာရက္ခတိုင်းပြည်ကို ကာကွယ်တိုက်ထုတ်နေတဲ့ ‘ Defenders of Our Fatherland ’ အာရက္ခစစ် သည် တော်တွေဟာ သမိုင်းအချိုးတကွေ့မှာ လက်စွမ်းပြ တာဝန်ကျေနေပါပြီ။ အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရ အမည်ပေးပြီး ဒေသ ကို ထိန်းချုပ်ထားပါတယ်။
ဆိုတော့ ရက္ခိုင်ပြည်မှာ ကိုယ် ပိုင်အုပ်ချုပ်ရေး ယန္တယားဘယ်လို လည်ပတ်နေသလဲ။ ဘာတွေ အင်အားဖြင့်တင်းနေသလဲ။ AA ရဲ့ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ ဒီနေ့ အာရက္ခပြည် အ ကြောင်းကို ဆွေးနွေးသွားမှာပါ။
-တော်လှန်ရေး လက်တံ
AA ဟာ အိန္ဒိယနယ်စပ် ပလက်ဝကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရက္ခိုင်ရိုးမအစွန် ဂွအထိ မြို့နယ် ၁၅ ခုအထိ ထိန်း ချုပ်ထားပါတယ်။
တနည်းအားဖြင့် ကုန်းမြေချင်းထိစပ်တဲ့ Rim Land ကုန်းတွင်း အနားသတ် နယ်မြေနဲ့ ကမ်းရိုး တန်းတလျှောက်ကို ပိုင်ဆိုင်ရရှိထားပြီး ဖြစ်ပါတယ်။ ကမ်းရိုးတန်းထဲက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ၃ မြို့ သာ နေရာ ကွက်ကွက်လေးကျန်တော့ပါတယ်။
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရေးအတွက် နယ်မြေသိမ်းပြီးရင်တော့ ထိန်းနိုင်ဖို့ လိုပါတယ်။ သိမ်းထား ပြီးသား နယ်မြေတွေ ဖရိုဖရဲ၊ ကသောင်းကနင်းဖြစ်လို့ မရပါဘူး။ ဒီကနေ့အထိ AA ဟာ သိမ်းပြီးထားတဲ့ နယ်မြေရဲ့ တစ်လက်မကိုမျှ လက်လွှတ်ရတာ မရှိသေးပါဘူး။
အလားတူပဲ ရက္ခိုင်ပြည် မြို့တော် စစ်တွေနဲ့ ကျောက်ဖြူမြို့တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေနေ့စဉ် ပြင်း ထန်နေပါတယ်။
ဒီထက်ပိုပြီးတော့ AA ဟာ ဧရာဝတီ၊ ပဲခူး၊ မကွေးစတဲ့ ဗမာပြည်ရဲ့ အသည်း နှလုံး နယ်မြေထဲသို့ စစ်ရေးလက်တံ ဆန့်ပြီး ဗျူဟာမြောက် ထိုးစစ်တွေ ဖော်ဆောင်နေပါတယ်။
AA ဦးဆောင်မှုအောက်မှာ ပြည်မတော်လှန်ရေး အင် အားစုတွေဟာ မကွေးတိုင်း ငဖဲမြို့နယ်၊
ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း ရေကြည်၊ သာပေါင်း၊ ပုသိမ်၊ စတဲ့ မြို့နယ်တွေမှာ စစ်ကစားပြီး ရက္ခိုင်ရိုးမတောင်တန်းကို စိုးမိုးပါတယ်။ ဗမာပြည်ဖက်တိုက်ပွဲတွေဟာ ရက္ခိုင် ပြည်ကို စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်မလာ
ဖို့ တားဆီးထားတယ်တာကို မြင်ရမှာပါ။
-တိုက် ရင်းတည်ဆောက်၊ တည်ဆောက်ရင်း တိုက်
AA ဟာ တိုက်ရင်းတည်ဆောက်တဲ့ ဗျူဟာနဲ့သွားနေပြီးတော့ ထိန်းချုပ်နယ်မြေတွေမှာ ဒေသဖွံ့ဖြိုးရေး၊ တရား ဉပဒေ စိုးမိုးရေးစတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပေးနေပါတယ်။
အရင်တုန်းက စစ်ကောင်စီ ဖျက်စီးခဲ့တဲ တံတား တွေကို ပြန်ဆောက်တာ၊ အဝေးပြေးလမ်း၊ ဒေသတွင်းဆက်သွယ်ရေးလမ်းတွေ ပြန်ပြင်တာ မျိုးတွေ့ရပါတယ်။
သိမ်းထားတဲ့ မြို့ တစ်မြို့မှ လက်မလွှတ်ရအောင် လုံခြုံရေး အစီမံတွေနဲ့ ထိန်းချုပ်ထား နိုင်စွမ်းရှိနေပါတယ်။
လိုအပ်ချက်တွေဖြည့်စွက်ဖို့ ရက္ခိုင်ပညာတတ်အသိုင်းဝိုင်းကလည်း ဒီကနေ့ အာရက္ခပြည်တော် သို့ ပြန် လာတာကို မြင်ရပါတယ်။ ပြည်တွင်း ထဲက ရခိုင်လူငယ် အများအပြားဟာလည်း ဝင်ရောက်သွားကြပြီ ဖြစ်တယ်။
တချို့ကလည်း နိုင်ငံရပ်ခြားက နေ ရရာဝန်ကို ထမ်းနေကြပါတယ်။
ဒေသအုပ်ချုပ်ရေးအတွက် မူဝါဒရေးရာ ကျွမ်းကျင်သူတွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သွင်းကုန် ပို့ကုန်လုပ်ငန်း အတွေ့အကြုံရှိသူတွေလည်း ပူးပေါင်းနေပါတယ်။
တဖက်မှာလည်း နည်းပညာပိုင်းကျွမ်းကျင်သူတွေ၊ သိပ္ပံနဲ့ အခြားပညာ လိုအပ်ချက်အတွက် ငွေကုန်ကြေးကျခံပြီး နိုင်ငံတကာကို စေလွှတ်ကာ အချိန်ယူ တည်ဆောက် ထားပါတယ်။
ဒေသတွင်းမှာ ASPPA လို့ခေါ်တဲ့ ဘက်စုံကျောင်းတွေ ဖွင့်လှစ်ပြီး လူငယ်မျိုးဆက်တွေကို မွေးထုတ်နေပါတယ်။
Arakan School of Public Policy and Administration (ASPPA) ဟာ အာရက္ခပြည်သူ့ရေးရာ မူဝါဒနဲ့ စီမံခန့်ခွဲ မှုအုပ်ချုပ်ရေးကျောင်းတော်ကြီးဖြစ်ပါတယ်။
အခုဆိုရင် ကျောင်းသား ထောင်နဲ့ချီ မွေးထုတ်ပေး ထားပါပြီးြဖစ်တယ်လို့လည်း သိရှိရပါတယ်။
အဲဒီသင်တန်းကျောင်းမှာ အခြေခံ စစ်ပညာကအစ၊ ဖက်ဒရယ်ရေးရာ၊ Academic Foundations၊ အင်္ဂလိပ်စာ ကွန်ပျူတာ၊ ပြည်သူ့ရေးရာ မူဝါဒ၊ စီမံအုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဉပဒေ၊ ခေါင်းဆောင်မှုနဲ့ စီမံခန့် ခွဲမှုစတဲ့ ဘာသာရပ်တွေကို သက်ဆိုင်ရာအလိုက် နိုင်ငံတကာက တတ်သိပညာရှင်တွေ၊ အခြားပြည်မနဲ့ နိုင်ငံတကာက ပညာ ရှင်တွေ သင်ကြားပေးထားတာပါ။
ASPPA ကျောင်းဟာ ၂၀၂၂-၂၀၂၅ အထိ လေးနှစ်ကျော် ကြာမြင့်လာပြီး အာရက္ခပြည် အုပ်ချုပ်ရေး ယန္တယားမှာ လိုအပ်တဲ့ အရည်အချင်း ပြည့်ဝတဲ့ ဝန်ထမ်းကောင်းတွေ မွေးထုတ်ပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင် အဆင့်မြင့် ရဲသင်တန်းကျောင်းတွေ ဖွင့်လှစ်ပြီးတော့ တရာဉပဒေ စိုးမိုးရေးကဏ္ဍမှာ အားဖြည့်နေပါတယ်။
တခါ အာရက္ခဒေသနေ လူမျိုးစု၊ မျိုးနွယ်စုရေးရာကော်မတီဖွဲ့ပြီး လူမှုအသိုက်အဝန်း သယဇာတကျဖို့ မြေပြင်မှာ ကွင်းဆင်း စည်းရုံးနေသလို ခမီ၊၊ မြို၊ သက်၊ မရမာ၊ ကမန်၊ သက္ကမ(ဒိုင်းနက်) အပါဝင် ချင်း၊ မွတ်ဆလင် ၊ ဟိန္ဒူ စတဲ့ အတူကွဲပြားမှု (Diversity ) နေထိုင်ခြင်းပုံစံ ကိုအလေးပေး တည်ဆောက်နေပါတယ် ။
ဒါတွေဟာ တိုင်းပြည်တည် ဆောက်ရေးလုပ်ငန်း (Nation Building Functions) တွေကို မဟာဗျူဟာ၊ နည်းဗျူ ဟာတွေနဲ့ ရေတို၊ ရေရှည်စီမံကိန်းတွေ စနစ်တကျ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် အရက္ခပြည်သူ့ အစိုးရတစ်ရပ်ရဲ့ ကြန်အင်လက္ခဏာပြည့်စုံရေးအတွက် လုံးပန်းနေတာပါ။
ဒီလိုသွားမှ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေး၊ ငွေရေး ကြေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကာကွယ်ရေးစတဲ့ ကိုယ်ခံအားကို ကျစ်လစ်ခိုင်မာလာမှာ အာရက္ခပြည် ရေရှည် ခရီးကို လျှောက်လှမ်းနိုင်မှာပါ။
-အရက္ခဒေသ ဖြစ်တည်မှုနဲ့ အလားအလာ
အရက္ခပြည်ဟာ လူဦးရေ တည်ရှိမှုပုံသဏ္ဍာန် (Demography)ကို သုံးသပ်ကြည့်ကြပါစို့။
၂၀၁၄ သန်းခေါင် စာရင်းအရ လူဦးရေ သုံးသန်းကျော်နေရှိပါတယ်။ ဒါကြောင့် လူ့အရင်းအမြစ် (Human Resource) နဲ့ တိုင်းတာ ကြည့်ရင် မြန်မာနိုင်ငံထဲ က အခြားပြည်နယ်တိုင်းတွေထက် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အလား အလာကောင်းတွေ ရှိနေတာပါ။
ကိုယ်ပိုင် စီမံအုပ်ချုပ်မှုနဲ့ ခေါင်းဆောင်ကောင်းတွေအောက်မှာ တဦး၊ တဖွဲ့ချင်းစီ ရဲ့ ကာယ၊ ဉာဏ စွမ်းအားနဲ့ ခရီးနှင်သွားရင် တရိပ်ရိပ်တိုးတက်လာမှာ သေချာပါတယ်။
စစ်မက်ဇုန်ထဲကို ဖြတ်သန်းနေရတဲ့ ဒီကာလမှာတောင် အာရက္ခပြည်သူတွေဟာ ဆင်းရဲကျပ်တည်းမှုဒဏ်ကို တောင့်ခံ နိုင်စွမ်းရှိနေကြပါတယ်။
၂၀၂၃ နှစ်ကုန် တိုက်ပွဲအစက ဗမာပြည်အာဏာပိုင်တွေက လေးဘက်လေး တန်က ပိတ်ဆို့ခဲ့တဲ့ ကြားကနေရတဲ့ နည်းနဲ့ ကုန်သွယ်ခဲ့တာကြောင့် တဟုန်ထိုးမြင့်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေဟာ အတိုင်းတာ တခုထိ အကျဘက်ကို ရောက်လာပါတယ်။
စစ်ကောင်စီ ထိမ်းချုပ်ထားတဲ့ စစ်တွေ ၊ ကျောက်ဖြူ တို့နဲ့ စာရင် စက်သုံးဆီဈေးက အစ ထက်ဝက်လောက်ကို သက်သာနေပါတယ်။
တည်နေရာအနေအထား (Location) ဟာလည်း နိုင်ငံတနိုင်ငံရဲ့ ဆင်းရဲ၊ ချမ်းသာစတဲ့ နိုင်ငံရေးကံကြမ္မာ အပေါ် များစွာ သက်ရောက်မှုရှိပါတယ်။ နိုင်ငံတခုရဲ့ တည်နေရာ အမျိုးအစားကို ကုန်းတွင်းပိတ် (Land Lock)၊ ကမ်းရိုး တန်း (Open)နဲ့ ကျွန်းနိုင်ငံ (Island) ဆိုပြီး သုံးမျိုးခွဲခြားကြပါတယ်။
ဒါဆို အာရက္ခပြည်ဟာ ရှည်လျားတဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ ရခိုင်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတာကြောင့် နိုင်ငံ တကာအဆင့်မီ ဆိပ်ကမ်းပေါင်းများစွာ တည်ဆောက်နိုင်ဖို့ (Sea Power) အားသာချက်ရှိပါတယ်။ ပြီးတော့ အင်ဒိုချိုင်းနားကျွန်းဆွယ်နဲ့ ပစိဖိတ်၊ အန္ဒိယ သမုဒ္ဒရာအထိ ခရီးဆန့်နိုင်တဲ့ မဟာဗျူဟာ မြောက်အနေအထားပါ။
ဒါကြောင့် မကြာခင် ကာလတစ်ခုမှာ ကျွမ်းကျင်လုပ်သားအင်အား၊ တတ်သိပညာရှင် လူ့အရင်းအမြစ်နဲ့ အရည် အချင်းတွေ ပေါင်းစည်းပြီး ခေါင်းဆောင်ကောင်းတွေ စီမံခန့်ခွဲအုပ်ချုပ်နိုင်ရင် လွတ်လပ်တဲ့ သီးခြားနယ်မြေအဖြစ် ရင်ကော့ ခေါင်းမော့နိုင်မှာ မလွဲပါဘူး။
ဒါ့အပြင် လူဦးရေများပြားတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ နိုင်ငံတွေနဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် ကုန်သွယ်ရေးအကျိုးအမြတ်တွေ ရှိလာနိုင်ပါတယ်။
ကဏ္ဍပေါင်းစုံက လူ့စွမ်းအားအရင်းအမြစ်တွေ အချိန်တို အ တွင်း ကြိုးစားပျိုးထောင်ပြီး ခိုင်မာတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲနိုင်ရင်တော့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေပြစ်လာမှာမှာ သေချာပါတယ်။
ဉပမာ ဂျပန်၊ ဗီယက်နမ်၊ အစ္စရေးနိုင်ငံတို့ဟာ စစ်ပွဲကာအပြီးမှာ ကျွမ်းကျင်လုပ်သားနဲ့ လူ့စွမ်းအားအရင်း အမြစ် တွေကို အပြင်းအထန် ကြိုးစားတည်ဆောက်ခဲ့တာကြောင့် ကမ္ဘာ ထိပ်တန်း နိုင်ငံထဲမှာ ရှိလာပါတယ်။
-အာရက္ခ ပြည်တော်သစ်ဆီ
ဒီနေ့ အာရက္ခပြည်ရဲ့ ကျန်းမာရေး၊ ပညာရေး အပါဝင် ဌာနဆိုင်ရာတွေမှာ ရက္ခိုင်ဝန်ထမ်း တွေဟာ ပုံမှန်အတိုင်း နေရာယူ အလုပ်လုပ်နေကြပါပြီ။ စည်ပင်၊ မီးသတ်၊ အခွန်၊ လဝက စတဲ့ အရင်က ရက္ခိုင်လူမျိုး ဌာနဆိုင်ရာ ဝန် ထမ်းတွေ အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရနဲ့ ပူးပေါင်းပြီး ပြည်တော်သစ် ခရီးကို စတင် မောင်းနှင်နေကြ တာဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ အာရက္ခပြည်ရဲ့ ဌာဆိုင်ရာရုံးတွေမှာ လုံလောက်တဲ့ ဝန်ထမ်း အင်အား လူဦးရေ လိုအပ်ချက် ရှိနေပေမဲ့လည်း အထိုက်အလျှောက်နဲ့ ခရီးနှင်နေပြီလို့ ပြောနိုင်ပါတယ်။
နယ်ပယ်ကဏ္ဍအလိုက် တတ်သိ ပညာရှင်တွေကို ဖိတ်ခေါ်နေပါတယ်။
လက်ရှိမှာလည်း အာရက္ခ မျိုးဆက်သစ် ခြေတက်လက်တက်တွေနဲ့ အုပ်ချုပ်ရေးယန္တယား ပုံမှန်လည် ပတ်နေပြီး ထိန်းချုပ် နယ်မြေတခုလုံးကို ကဏ္ဍအလိုက် စီမံခန့်ခွဲနေပါတယ်။
သူ့ဂုဏ်ပိုဒ်နဲ့သူ ကိုယ့်မြေပြင်မှာ အားလုံး ပြင် ဆင်ပြီး သွားနေတာပါ။ ဝန်ကြီးဌာန၊ ဦးစီးဌာနဆိုင်ရာတွေကို အကြောင်းအမျိုးမျိုးကြောင့် တရားဝင် ချမပြ သေး တာကလွဲလို့ မြေပြင်မှာ အားလုံးလုပ်နေ၊ ရှိနေပါပြီ။
တခါ ကာကွယ်ရေး ကဏ္ဍမှာလည်း အရာရှိ လေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၄ ) အထိ ပြီးပါပြီ။
ဒါတွေဟာ အနာဂတ် အာရက္ခတပ်တော်ကို ဦးစီးဦးဆောင်ပြုဖို့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ စစ်ဘက်ခေါင်းဆောင်တွေ မွေးမြူနေတာပါ။
ဒီကနေ့ သီးခြား ကိုယ်ပိုင်အုပ်ချုပ်ရေး ရည်ရွယ်ချက်နဲ့ ချီတက်နေတဲ့ AA ဟာ မြန်မာနိုင်ငံမှာ အင်အားအကြီး မားဆုံး EAO အဖွဲ့အစည်းအဖြစ် မဟာမိတ်ဒေသတွေမှာလည်း တပ်သားထောင် နှင့် ချီ ဖြန့်ကျက်ထားပါတယ်။
ဆုံးရှုံးသွားတဲ့ ရက္ခိုင့်အချုပ်အခြာအာဏာ ပြန်လည်ရရှိဖို့အတွက် အထက်ဈေးအောက်ဈေး အလျော့အ တင်းမရှိဘူးလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အသိပေးထားပါတယ်။
ဒါပေမဲ့ စစ်ရေး၊ နိုင်ငံရေးကို အပြောင်း အလဲ လုပ်ပြီး Strategy (ဗျူဟာ) ပြောင်းကစားနေတာကိုတော့ မြင်ရပါတယ်။
လွတ်လပ်ရေး ကြေညာနိုင်မလား
ဒါ့အပြင် ကွန်ဖက်ဒရေးရှင်း ထက်မနိမ့်တဲ့ နိုင်ငံရေး မိုဒယ်လ်ကို AA ခေါင်းဆောင်တွေ သဘောကျပြီး လွတ်လပ် စွာ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ‘ဝ’ ပြည်ကိုလည်း ဉပမာပေး ချပြလေ့ရှိပါတယ်။
ကွန်ဖက်ဒရေးရှင်းမှာလည်း ပုံစံ အမျိုးမျိုး ရှိပြီး လုပ်ပိုင်ခွင့် အမျိုးမျိုးကွဲပြားနိုင်ပါတယ်။
ဆိုလိုတာက နိုင်ငံခြား ဆက်ဆံရေး၊ ငွေရေးကြေးရေး၊ ကုန်သွယ်ရေးစတဲ့ ကဏ္ဍမှာ အင်အားကြီး အိမ်နီးချင်းနိုင်ငံ တွေနဲ့ ပူးပေါင်းပြီး လွတ်လပ်စွာ ဒီဇိုင်းထွင်ပြီးသွားမယ့် သဘောလည်း ဖြစ်နိုင်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှု တွေကို ဖိတ်ခေါ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးတူပူးပေါင်း မယ်လို့ ကြေညာထားတာဟာ လွတ်လပ်စွာ စီမံ ခန့်ခွဲမှုကို လက်တွေ့ကျင့်သုံးမယ့် သဘော ဖြစ်ပါတယ်။
ဒါ့ကြောင့် ရက္ခိုင့်တော်လှန်ရေးရဲ့ နိဂုံးဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်လာတော့မလား။
ကွန်ဖက်ဒရိတ် ပြည် အဖြစ် အဆုံးသတ်မလားဆိုတာ စိတ်ဝင်စားစရာပါ။
တကယ်လို့ စစ်တွေ၊ ကျောက်ဖြူတို့ကို သိမ်းပြီးသွားရင် အာရက္ခပြည်တော် သစ်အဖြစ် လွတ်လပ်ရေးကြေညာဖို့ လမ်းဆုံလမ်းခွတနေရာကို ရောက်လာပါပြီ။
တည်ဆောက်ရေး အပိုင်းမှာ ခိုင်မာတဲ့ အုတ်မြစ်ချပြီးသားဖြစ်နေတဲ့ အာရက္ခတော်လှန်ရေအစိုးရ ဟာ ဘာဖြစ်ဖြစ် လုပ်စရာရှိတာကို တဆင့်ချင်း လုပ်နေ ပြီး စိန်ခေါ်မှုတွေကို ကြိုတင်ပြင်ဆင်ထား ပြီးသားလို့ ပြောပါရစေ။
ဒါကြောင့် အုပ်ချုပ်ရေး ယန္တယား၊ ကာကွယ်ရေးစတဲ့ အခြေခံလိုအပ်ချက်တွေကို ကိုယ်ပိုင်နယ်မြေမှာ အရောင် အသွေးစုံလင်စွာနဲ့ ဘက်ပေါင်းစုံက စီမံထားတဲ့ အာရက္ခပြည်တော်သစ်တည်ဆောက်ရေးကို စောင့်ကြည့်ရဦး မှာ ဖြစ် ကြောင်းပါ ခင်ဗျား။
လေးဝတီFM (အတွေးအမြင် ဆောင်းပါး)
ကျော်သာ ရေးသည်။
yacht rental Montenegro https://rent-a-yacht-montenegro.com
дьявол носит прада смотреть онлайн в хорошем качестве американская семейка смотреть онлайн
малкольм у центрі уваги последняя девушка
неідеальні жінки 2026 це ми
Interested in UFC? https://ufc-white-house.com unique mixed martial arts tournament will take place on June 14, 2026, in Washington, D.C., on the South Lawn of the White House. It will be the first professional sporting event in history to be held directly on the grounds of the U.S. presidential residence.
Частный гид организует комфортную форт 11 в Калининграде экскурсии с экскурсоводом и персональным маршрутом по форту №11.
Самое полезное для вас: https://amaliya-parfum.ru/index.php?manufacturers_id=63
B8clubgame is a great spot to unwind and try your luck. The interfaces is clean and easy to navigate. Give b8clubgame a shot if you are thinking of going gambling.
Yo, ditch the computer and get the 77betapp! Smooth as butter and all the bets you could want right in your pocket. Download it now 77betapp
Spinning the reels at ph44slot. Feeling lucky today! Wish me luck, folks, I need a big win. See if you can win yourself at ph44slot.