ရခိုင်ပြည် အမ်း မြို့ပေါ်မှာ ရှိတဲ့ တပ်ရင်း၊ တပ်မတွေ နဲ့ ခံစစ်စခန်းတွေ အကုန်လုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး အမ်းမြို့ကို ထိမ်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ တစ်ခုတည်းသာကျန်ရှိတော့တဲ့ နပခ ဌာနချုပ်ကို ထိုးစစ်ဆင်နေတယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။
နိုဝင်ဘာ ၁၃ ရက်က AA က သိမ်းပိုက်ထားတဲ့ တပ်ရင်း (၈) ရင်းရှိပြီဖြစ်တဲ့ အကြောင်းတရား ဝင်ကြေညာပြီးဖြစ်ပါတယ်။
အမ်းမြို့ပေါ်မှာ ဆက်လက်ခုခံနေတဲ့ တပ်ရင်း လေးခု ၊ မြို့မရဲစခန်း နဲ့ ၊ ယာယီစစ်ဆေးရုံ အဖြစ် အသုံးပြုနေတဲ့ အထက(၂) စစ်ဆေးရုံ တို့ ကို ထပ်သိမ်းလိုက်တာဖြစ်ပါတယ်။
ထပ်သိမ်းလိုက်တဲ့ တပ်ရင်းတွေကတော့ အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ ခမရ (၃၇၂) ၊ ခမရ (၃၇၁ ) ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်၊ အမ်းမြို့ပေါ်မှာရှိတဲ့ အမ်းမြို့မရဲစခန်း၊ တို့ နဲ့ အတူ အထက (၂) ယာယီစစ်ဆေးရုံ တို့ကို အာရက္ခတပ်တော်က ထပ်မံသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
“မြို့ပေါ်ရပ်ကွက်တွေမှာ ရှိတဲ့ တပ်တွေ နဲ့ ကာကင်းတွေ လက်ကျန် စခန်းတွေ အကုန်လုံး သိမ်းလိုက်ပြီ၊ ဌာနချုပ်ဝင်းထဲ ကို ဝင်ပြေးသွားတဲ့ အဖွဲ့တွေနဲ့ ဌာနချုပ် ထဲက တပ်တွေ ပဲ ကျန်တော့တယ်” လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီFM ကို ပြောပါတယ်။
အဲ့ဒီတပ်တွေဟာ အမ်းမြို့ပေါ်ရပ်ကွက်တွေ ဖြစ်တဲ့ မြို့ဟောင်းရပ်ကွက် ၊တပ်ထိန်းရပ်ကွက် ၊ အောက်ရွာရပ်ကွက်၊ နဲ့ မြို့အထွက်မှာ ရှိတဲ့ ပဲပုဒုံ ဂိတ်
စတဲ့ နေရာတွေမှာ အထိုင်ချပြီး ခုခံနေတာဖြစ်ပါတယ်။
” စစ်ကောင်စီဖက်ကလည်း နပခဌာနချုပ်ထဲ က ခုခံဖို့ အသင့်ပြင်ဆင်ထားတယ်။ လေကြောင်းကနေ ရိက္ခာ၊ ဆေးဝါးအပြင် လက်နက်တွေတောင် အလုံးအရင်း နေ့ရောညပါ ဖြည့်တင်းနေတယ်။ စစ်ကောင်စီလေကြောင်းကနေ အရင်ရက်တွေထက် အခုရက်ပိုင်းတွေမှာပေါင် ၁၀၀၀ ပြင်းအားဖျက်ဗုံးတွေကိုအဓိက ထားသုံးနေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က အမ်းမြို့ရဲ့ လက်ရှိ အခြေအနေကို ပြောပါတယ်။
မြို့ပေါ်က အဲ့ဒီတပ်ရင်း တပ်မတွေကို ထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီဟာ လေကြောင်းက အပြင်းအထန် ခုခံနေပြီး အမ်းမြို့တစ်မြို့လုံးကို ပျက်လုနီးပါး လေကြောင်းရန်ကို ခံစားခဲ့ကြရတာဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်းဌာနချုပ် မကျရေးအတွက် စစ်ကောင်စီဟာ စစ်ကူ စစ်ကြောင်းတွေကို အမြောက်အများပို့လွှတ်နေပြီး ဌာနချုပ်ဆီမရောက်နိုင်ဘဲ အဆင့်ဆင့်ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။
နပခဌာနချုပ်ဟာ အာရက္ခတပ်တော် AA ရဲ့ ဝိုင်းဝန်းပိတ်ဆို့ ခံထားရပြီး တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပါတယ်။
အာရက္ခတပ်တော် သိမ်းထားတဲ့ တပ်တွေနဲ့ စခန်းတွေကတော့
(၁) ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း ၊
(၂) အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း ၊
(၃) လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊
(၄) စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၊
(၅) တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း
၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ
( ၇) လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်
(၈_)စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်
(၉) အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ
(၁၀) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊
(၁၁) ခမရ( ၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း
(၁၂)အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊
(၁၃) အမ်းမြို့မ ရဲ စခန်း
(၁၄) အထက(၂) ယာယီ စစ်ဆေးရုံ တို့ ဖြစ်ပါတယ်။
အဉ္စနလီညှင်း (လေးဝတီ FM )ရေးသည်။
References:
Online roulette play roulette and receive $1500 https://mgm-casino-and-hotel.online-spielhallen.de/
References:
Verde Casino Gutschein rust casino erfahrungen
References:
Hard rock casino tulsa ok https://findinall.com/profile/valenciastover