Laywaddy FM

စက်တပ်လေထီး နဲ့ ဗုံးကြဲသူနှစ်ဦး ကို ရခိုင်ရိုးမပေါ်မှာ AA ပစ်ချ နှစ်ဦးသေဆုံး

စက်တပ်လေထီး နဲ့ ဗုံးကြဲသူနှစ်ဦး ကို ရခိုင်ရိုးမပေါ်မှာ AA ပစ်ချ နှစ်ဦးသေဆုံး

ပဲခူးတိုင်းထဲက ညောင်ကျိုးစခန်းကို လေကြောင်းပစ်ကူပေးနေတဲ့ စက်တပ်လေထီးမောင်နှင်သူ နှစ်ဦးပါဝင်တဲ့ လေထီးနှစ်စီး ကို AA က ပစ်ချခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က ဗိုလ်အဆင့်မောင်းနှင်သူနဲ့ နောက်ထပ်တစ်ဦးတို့ဟာ ညောင်ကျိုးစခန်းကိုလာရောက် ဗုံးကြဲချိန်မှာ AA ဘက်က ပစ်ချခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

” ညောင်ကျိုးကို AA က ထိုးစစ်ဆင်နေတဲ့ အချိန်မှာ စစ်ကောင်စီက ဂျက်လည်းလာပစ်တယ် နောက်ပြီး စက်တပ်လေထီး နဲ့ပါလာပစ်တယ် အဲ့ဒီလေထီးမောင်းတဲ့လူ နှစ်ယောက်ကို ကို ပစ်ချလိုက်တာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ကပစ (၆) နဲ့ အနီးဆုံးမှာ ရှိတဲ့ ညောင်ကျိုးစခန်းမကျရေးအတွက် မကွေးလေတပ်စခန်းက လေကြောင်းပစ်ကူတွေ ပေးနေတာဖြစ်ပါတယ်။

စစ်ကောင်စီ လေကြောင်း မှာ အသုံးပြုတဲ့ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေအပြင် စက်တပ်လေထီး နဲ့ ပါ ပစ်ကူပေးခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ညောင်ကျိုးစခန်း၊ နတ်တောင်တာဝါကုန်း နဲ့ ချင်းကုန်းစခန်းတွေကို ရိက္ခာနဲ့ စစ်ကူကို လေကြောင်းက သာ ပံ့ပိုးနိုင်တော့တာဖြစ်ပါတယ်။

“ပဲခူးရိုးမထဲက အဲ့ဒီစခန်းတွေကျရင် ဉသျှစ်ပင်ကို ရောက်ပြီ ၊ အခုကတော့ အဲ့ဒီစခန်းတွေကို ဖြတ်တောက်ပိတ်ဆို့ထားတဲ့ အခြေအနေပါ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ရခိုင်ရိုးမကနေ ဆင်းလာတဲ့ AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ကနေ ဉသျှစ်ပင် မြို့နယ်အထိရောက်ရှိလာတာဖြစ်ပါတယ်။

ညောင်ကျိုးခံစစ်ဗျူဟာကို ညောင်ခြေထောက်နဲ့ ဉသျှစ်ပင်က အင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။

အမ်းချောင်းသူ

Kay Zue

Related Posts

2 thoughts on “စက်တပ်လေထီး နဲ့ ဗုံးကြဲသူနှစ်ဦး ကို ရခိုင်ရိုးမပေါ်မှာ AA ပစ်ချ နှစ်ဦးသေဆုံး

Leave a Reply

Your email address will not be published. Required fields are marked *