Laywaddy FM

စစ်တွေမြို့ပြင်ဘက်မှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ စဖြစ်လာ

စစ်တွေမြို့ပြင်ဘက်မှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ စဖြစ်လာ

ရခိုင်ပြည်၊ စစ်တွေမြို့ အပြင်မှာ အထိုင်ချထားတဲ့ ရွှေမင်းဂံနေဗီ တပ်စခန်း အနီးမှာ ဒီဇင်ဘာ ၂၃ ရက်က အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက်ပိုင်းမှာ ဒကစ အခြေစိုက်တဲ့ စစ်တွေမြို့ က

အရေးကြီးတဲ့ ကုန်သွယ်ရေးစခန်း နဲ့ ရေတပ်စခန်းရှိရာနေရာကို အခုလို စတင်တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။

“မနေ့က မနက် အာရုံတက်ချိန်မှာ နှစ်ဖက်လက်နက်ကြီးလက်နက်ငယ် ပစ်တဲ့ အသံတွေကြားရတယ်။ စစ်ကောင်စီဘက် က အများပစ်ခတ်သံထွက်တာ ကြားတယ်”လို့ ဆိုပါတယ်။

ဒါအပြင် ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ရွှေမင်းဂံ ရေတပ်စခန်းအနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“အခုအခြေအနေ က တော့ စစ်ကောင်စီက တခုခု ဆိုတာနဲ့ လေယာဉ်အရင် လာကြဲနေပြီ ၊တိုက်ပွဲ ဖြစ်မဖြစ်တောင်မသေချာသေး လေယာဉ်က လာပြီးသွားပြီ” လို့ စစ်တွေ ဒေသခံက ပြောပါတယ်။

ရွှေမင်းဂံရေတပ်စခန်း ဟာ ရခိုင်-ဘဂ်လားဒေ့ရှ် နယ်စပ် ကုန်သဘေ်ာတွေ ကုန်တင်ကုန်ချ လုပ်တဲ့ ကုန်သွယ်ရေးစခန်းလည်းဖြစ်ပါတယ်။

အဲ့ဒီ ဆိပ်ကမ်းမှာ ရေတပ်စခန်းလည်း အတူရှိနေပြီး စစ်တွေ မြို့ရဲ့ အရေးပါတဲ့ဆိပ်ကမ်းတစ်ခုလည်းဖြစ်ပါတယ်။

အဲ့ဒီစခန်း ပတ်လည်မှာ ရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက ဒီဇင်ဘာ ၂၃ နဲ့ ဒီကနေ့ ၂၄ ရက် တွေမှာ ဆက်တိုက်လေကြောင်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တွေမြို့ ဟာ ရခိုင်ပြည်ရဲ့ပြည်နယ်မြို့တော်ဖြစ်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည် အစိုးရ အခြေစိုက်ထားတဲ့ မြို့ ဖြစ်ပါတယ်။

စစ်တွေ ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့ တို့ဟာ ထိုးစစ်ဆင်သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ မြို့တွေဖြစ်ပြီး စစ်ကောင်စီဘက်က လည်း ကြိုတင်ပြီး စစ်အင်အားတွေ တိုးချဲ့ချထားတာဖြစ်ပါတယ်။

အဉ္စနလီညှင်း (လေးဝတီFM)၊

Kay Zue

Related Posts

2 thoughts on “စစ်တွေမြို့ပြင်ဘက်မှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ စဖြစ်လာ”

Leave a Reply

Your email address will not be published. Required fields are marked *