Laywaddy FM

မလေးရှားမှာ မြန်မာနိုင်ငံသား ငါးရာကျော် ဖမ်းဆီးခံရတဲ့ အထဲ ရခိုင်ရွေ့ပြောင်းအလုပ်သမား အများအပြားပါဝင်

မလေးရှားမှာ မြန်မာနိုင်ငံသား ငါးရာကျော် ဖမ်းဆီးခံရတဲ့ အထဲ ရခိုင်ရွေ့ပြောင်းအလုပ်သမား အများအပြားပါဝင်

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် (selongor) ကလန်း (Kalang) မဲရူး (Meru) ဈေးကြီးမှာ အထောက်အထား မပြည့်စုံတဲ့ မြန်မာနိုင်ငံသား ၅၃၀ ကို ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက ဖမ်းဆီးခံထားရပြီး အဲ့ဒီအထဲမှာ ရခိုင်ရွှေ့ပြောင်းအလုပ်သမား အများအပြားပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေအထဲမှာ မြန်မာနိုင်ငံသား ၅၃၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ကိုးဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ဦး၊ အိန္ဒိယနိုင်ငံသား ငါးဦးနဲ့ နီပေါနိုင်ငံသား တစ်ဦးတို့ ပါဝင်ပါတယ်။

“ ကျွန်တော် နေတဲ့ နေရာကို ဝင်ဖမ်းတာပါ ၊ ကျွန်တော်တို့က ခတ်စောစောက ရှောင်လိုက်လို့ လွတ်သွားတာပါ။ ရခိုင်တော်တော်များများပါသွားပါတယ်။ ” လို့ မလေးရှားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား တစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။

မလေးရှားအာဏာနိုင်ငံအတွင်းမှာ အထောက်အထား တစုံတရာမရှိဘဲ ဝင်ရောက်နေထိုင်သူတွေကို မလေးရှားအာဏာပိုင်တွေက ပိုက်စစ်တိုက် ရှာဖွေဖမ်းဆီးနေတာဖြစ်ပါတယ်။

“အထောက်အထားမရှိသူတွေ စပြီး ရှောင်နေရတာ ဒီနှစ်အစက ပဲ ၊ အော်ပရာစီက ခဏခဏဝင်တယ်၊ အစုလိုက် အစုလိုက်ဖမ်းသွားတယ်” လို့မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်မှာနေထိုင်တဲ့ ရခိုင်ရွှေ့ပြောင်းအလုပ်သမား တစ်ဦးက ပြောပါတယ်။

ဒီကနေ့ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် မှာတရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၆၇ဦး ကို မြန်မာဘက်ကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ ရှိ ရွေ့ပြောင်းအလုပ်သမားတွေ အများအပြားရှိတဲ့ ဂျိုဟိုးပြည်နယ်၊ ဆလန်ဂေါပြည်နယ် နဲ့ ကွာလာလမ်ပူမြို့ တို့မှာလည်း စက်ရုံတွေ ၊ ဈေးတွေ ၊ ရပ်ကွက်တွေ ၊ နေအိမ်တွေ ကို ဝင်ရောက် ရှာဖွေဖမ်းဆီးလျှက်ရှိပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

75 thoughts on “မလေးရှားမှာ မြန်မာနိုင်ငံသား ငါးရာကျော် ဖမ်းဆီးခံရတဲ့ အထဲ ရခိုင်ရွေ့ပြောင်းအလုပ်သမား အများအပြားပါဝင်”

  1. I really appreciate how clearly you presented this information. It is incredibly clearly arranged and provides a perfectly objective overview that makes it so easy to follow along.

    BEST FREE PORN VIDEOS

Leave a Reply

Your email address will not be published. Required fields are marked *